တွဲဖက်သရုပ်ဆောင်ရဲ့မင်္ဂလာပွဲမှာ လူပျိုရံလုပ်ခဲ့တဲ့ ရှီရှောင်လုံ

Celebrity International News
တွဲဖက်သရုပ်ဆောင်ရဲ့မင်္ဂလာပွဲမှာ လူပျိုရံလုပ်ခဲ့တဲ့ ရှီရှောင်လုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တွဲဖက်သရုပ်ဆောင်ရဲ့မင်္ဂလာပွဲမှာ လူပျိုရံလုပ်ခဲ့တဲ့ ရှီရှောင်လုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တွဲဖက်သရုပ်ဆောင်ရဲ့မင်္ဂလာပွဲမှာ လူပျိုရံလုပ်ခဲ့တဲ့ ရှီရှောင်လုံ

ငယ်စဉ်ကလေးဘဝက မြန်မာပရိသတ်တွေတော်တော်များများကြည့်ခဲ့ကြတဲ့ Shaolin Popeye ဇာတ်ကားထဲမှာ တွဲဖက်ညီစွာ သရုပ်ဆောင်ခဲ့ကြတဲ့ ကလေးသရုပ်ဆောင်လေး ၂ ဦးထဲက ဝတုတ်လေး ဟောက်ရှောက်ဝမ်ဟာ မေလ ၁၅ ရက်နေ့က လက်ထပ်သွားခဲ့ပါတယ်။ ချစ်သူကောင်မလေး မိတ်ကပ်ပညာရှင် လင်နင်ရွေ့နဲ့ စေ့စပ်ကြောင်းလမ်းပြီး ၁ နှစ်အကြာမှာ လက်ထပ်လိုက်တာပါ။

လက်ထပ်တဲ့နေ့ ညနေခင်းမှာ ရှောက်ဝမ်က သူ့မင်္ဂလာပွဲက ဓာတ်ပုံတွေကို သူ့ရဲ့ Weibo အကောင့်မှာ တင်ပေးခဲ့တာပါ။ “လင်နင်ရွေ့နဲ့ လက်ထပ်လိုက်ပြီ။ လက်ထပ်လိုက်ပြီလို့ပြောတာ အရမ်းစောလွန်းနေလား”လို့လည်း ရေးသားထားပါတယ်။ မင်္ဂလာပွဲကို အပန်းဖြေစခန်းတစ်ခုမှာ ကျင်းပခဲ့ပုံရပါတယ်။ ညဘက်ရောက်တော့လည်း သူက ဓာတ်ပုံတွေထပ်တင်ခဲ့ပါတယ်။ သတို့သား၊သတို့သမီးပုံတွေအပြင် မိသားစု၊ လူပျိုအရံတွေနဲ့အတူ ရိုက်ထားတဲ့ Snap ပုံတွေလည်း ပါ ပါတယ်။

လူပျိုရံအဖွဲ့ထဲမှာ ပရိသတ်တွေ ရင်းနှီးတဲ့သူကို တွေ့ခဲ့ရပါတယ်။ သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ Shaolin Popeye မှာ ရှောက်ဝမ်နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသားရှီရှောင်လုံပါ။ ရှီရှောင်လုံက လူပျိုရံလုပ်ခဲ့ပြီး သတို့သား၊သတို့သမီးရဲ့ဗီဒီယိုတွေကို ရိုက်ကူးရာမှာ ကူညီပေးခဲ့ရုံသာမက မိဘတွေကို သတို့သား၊သတို့သမီးတွေ တရုတ်ရေနွေးကြမ်းဆက်သတဲ့အခမ်းအနားမှာလည်း ကူညီပေးခဲ့ပါတယ်။

ရှောက်ဟောက်ရဲ့မင်္ဂလာပွဲမှာ ရှောင်လုံကို မြင်တွေ့လိုက်ရတဲ့အတွက် ပရိသတ်တွေက ဝမ်းသာပီတိဖြစ်ခဲ့ကြတဲ့အပြင် ငယ်ဘဝအမှတ်တရတွေကို ပြန်လည်သတိရစေတယ်လို့လည်းဆိုကြပါတယ်။ သူတို့နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ ဟောင်ကောင်ဟာသမင်းသားကြီး Ng Man Tat မပါတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြပါတယ်။ ဟာသမင်းသားကြီး Ng Man Tat ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က အသည်းကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။