“သင်ကိုယ်တိုင်ယတြာချေတော့မယ်ဆိုရင်”

Astrology
“သင်ကိုယ်တိုင်ယတြာချေတော့မယ်ဆိုရင်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “သင်ကိုယ်တိုင်ယတြာချေတော့မယ်ဆိုရင်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“သင်ကိုယ်တိုင်ယတြာချေတော့မယ်ဆိုရင်”

ယတြာချေတာနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ ဗေဒင်မေး ပရိသတ်ကို စကားနည်းနည်း ပြောချင်တယ်ဗျာ ။ တချို့ယတြာ ချေတယ် ။ မထူးတာတွေရှိတယ် ။ ဟုတ်ပြီ ။ ဘာကြောင့်မထူးတာလဲ ။ အဲဒီမှာမထူးတဲ့ အကြောင်းရင်းတွေရှိတယ် ။ ဘာကြောင့်မထူးသလဲ ။

ပထမ အချက်

ပထမ အချက်က အဲဒီလူဟာ ခင်ပွန်းကြီးဆယ်ပါးထဲက တစ်ပါးပါးကို သိလျက်ဖြစ်စေ ၊ မသိလျက်ဖြစ်စေ ၊ ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ ၊ မရှိပဲနဲ့ဖြစ်စေ ၊ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးထဲကတစ်ခုခုနဲ့ စော်ကားမိလို့ အဲဒီလိုလူဟာ ကြိုက်သလောက် တရားထိုင် ၊ ပုတီးစိပ် ၊ ဂါထာရွတ် အစီအရင်ယတြာလုပ် ၊ လုပ်နိုင်လို့ အခေါက်ပေါင်း တစ်သိန်းလုပ်ဦး မထူးဘူး ။ ကျွန်တော်လည်းတစ်ခါတရံ မရည်ရွယ်ပဲနဲ့ လူကြီးမိဘတွေနဲ့ စကားပြောရင်း ကတောက်ကတဆ ဖြစ်ပြီး ပြန်အော်ပြောမိတာတွေ ရှိတယ် ။

အဲဒါကြောင့် ကျွန်တော်က တစ်လမှာတစ်ခါ အားလပ်တဲ့အခါဆို တစ်ပါတ်တစ်ခါ ကျွန်တော့်မွေးနေ့မှာ မနက်စောစော ဘုရားတစ်ဆူသွားပြီး တံမြက်စည်းလှည်း ၊ ရေသပ္ပါယ် အဲဒီလိုကုသိုလ်ကို အမျှဝေ ၊ အိမ်ပြန်ရောက်တာနဲ့ ဘုရား​ေကျာင်းဆောင်က ဆင်းတုတော်တွေကို wettissue လေးနဲ့မျက်နှာတော်သန့် ၊ ရောင်တော်ဖွင့်၊ ရေသပ္ပါယ်တယ် ။ ပြီးတာနဲ့ မိဘနှစ်ပါးရဲ့ အဝတ်ဟောင်းတွေကို လျှော်ဖွပ် မီးပူတိုက်တယ် ။

တစ်လတစ်ခါ မိဘနှစ်ပါး ကြိုက်တတ်တာလေးတွေ ဝယ်လာကန်တော့ပြီး အဖေအမေ ကျွန်တော် အဖေ အမေတို့နဲ့ လုပ်ငန်းကိစ္စတွေပြောရင်း တစ်ခါတရံ ကတောက်ကဆဖြစ်တဲ့အခါ မရည်ရွယ်ပါပဲနဲ့ ပြန်ပြောမိ အော်မိတာတွေရှိပါတယ် ။ အဲဒါကြောင့်မို့ ကျွန်တော် အဖေ အမေတို့ကို ကာယကံ ဝစီကံ မနောကံ နဲ့ ပြစ်မှားမိခဲ့တာတွေကို ခွင့်လွှတ်ပါလို့ ဝန်ချ ကန်တော့ တောင်းပန် ပါတယ်ဆိုပြီး ကန်တော့တောင်းပန်တယ် ။

ဒါကြောင့် ကျွန်တော့်လိုမျိုး မရည်ရွယ်ပဲနဲ့ပြောမိဆိုမိတဲ့သူများ ခုကျနော် ပြောသလို ဖြစ်ဘူးတဲ့သူတွေရှိရင် ခုပြောခဲ့အတိုင်းလုပ်ကြည့်ပါ ။ အကျိုးမယုတ်ပါဘူး ။ ခင်ဗျားတို့ ကုသိုလ် အများအပြားရလိမ့်မယ် ။ လုပ်တဲ့အခါ အာရုံစူးစိုက်ပြီး ဂုဏ်တော်ဖြစ်ဖြစ် သရဏဂုံဖြစ်ဖြစ် ပွားများ လုပ်ပါ ။

ကဲ… ကျွန်တော်တို့လို မရည်ရွယ်ပဲနဲ့မဟုတ်ပဲ သိသိနဲ့ ရိုင်းစိုင်းတဲ့သူတွေကတော့ အပေါ်မှာပြောခဲ့တာတွေနဲ့တင် မလုံလောက်ပါဘူး ။ စနစ်တကျကို ခင်ပွန်းကြီးဆယ်ပါးကို ကျကျနန ပွဲနဲ့ဘာနဲ့ ဝန်ချ ကန်တော့ တောင်းပန် ၊ မိဘနဲ့ ခင်ပွန်းကြီးဆယ်ပါးရဲ့ဝေယျာဝစ္စတွေကို အပါတ်စဉ်တိုင်း မိမိမွေးနေ့တွေမှာ စိတ်ကြည်ကြည်လင်ထား လုပ်ပေးသွားမှ ရမယ်ထင်ပါတယ် ။ သိသိနဲ့ပြစ်မှားလို့မို့လို့ အပြစ်လျော့မလျော့ဆိုတာက မိမိရဲ့ကြိုးပမ်းအားထုတ်မှုပေါ် မူတည်ပါတယ် ။ လုံးလုံးလျားလျားတော့ ရမှာမဟုတ်ဘူး သံသရာတော့ ပါလာမှာပါပဲ ။

ဒါကြောင့် ခင်ဗျားတို့ရဲ့ အစီအရင်ယတြာလုပ်တာ ဂါထာ မန္တာန် မန္တရား ပရိတ်တွေရွတ်တာ ပုတီးစိပ် တရားထိုင်တာတွေ ထူးချင်ရင် ခုကျွန်တော်ရှင်းပြသလိုသာ တစ်ပါတ်တစ်ခါဖြစ်စေ တစ်လတခါ ဖြစ်စေလုပ်ပါ ။ ဘာအစီအရင်ယတြာမှ မလုပ်သူတွေလုပ်ကြည့်ပါ ။ အကျိုးမယုတ်စေရဘူး ။ (၁၀)ခါလောက်လုပ်ပြီးရင်ကို ထူးစေရမယ် ။

အရေးကြီးဆုံးက တောင်းပန်ကန်တော့တဲ့ အချိန်မှာကော ဝေယျာဝစ္စလုပ်တဲ့ခါမှာရော စိတ်ကိုကြည်ကြည်လင် ညွှတ်ညွှတ်နူးနူးထားပြီး လုပ်ပါ ။ ဝတ္တရားကျေ ပုံစံများ မလုပ်ပါနဲ့ ။

ဒုတိယအချက်

ဒုတိယအချက်အနေနဲ့ကတော့ ပရိတ် ပဌာန်း ဂါထာ မန္တာန် မန္တရားပဲ ရွတ်ရွတ် ၊ အင်းပဲ ဆွဲဆွဲ ယတြာအစီအရင်ပဲလုပ်လုပ် ၊ ပုတီးစိပ် တရားထိုင်တာပဲဖြစ်စေ ၊ စိတ်ကြည်လင်သန့်ရှင်းဖို့နဲ့ အာရုံစူးစိုက်ပြီး စိတ်တည်ငြိမ်ဖို့လိုပါတယ် ။ ဒီလိုမှမဟုတ်ရင် ထူးသင့်သလောက်မထူးပါ ။ အရေအတွက်ကအဓိက မဟုတ်ဘူး ။ အာရုံစူးစိုက်မှုနဲ့ကြည်လင်သန့်ရှင်းမှုကသာ အဓိကပါ ။

တတိယအချက်

သန့်ရှင်းစင်ကြယ်မှု သံဃာတော်တွေ ကမ္မဝါဖတ်တဲ့အခါသားကြီးငါးကြီးပဲ အမဲသား စားထားပြီး မရွတ်ရမဖတ်ရဘူးလို့ မှတ်သားရတယ် ။ ဒီလိုပဲ ဂါထာ ရွတ် အင်းဆွဲ ယတြာလုပ်တဲ့အခါ ဘုရားရှိခိုးတဲ့အခါ မပြုလုပ်မီ မျက်နှာသစ် သွားတိုက် ခြေလက် ဆေးကြောရမယ် ။ အဝတ်သစ်လေး ဝတ်ရမယ် ။

အရေးကြီးလို့လုပ်ရမယ်ဆို အဓိဋ္ဌာန်ကြီးတွေလုပ်မယ်ဆို ရေမိုးချိုး အဝတ်သစ်လေးဝတ်ပြီး လုပ်ရမယ် ။ ဒါမျိုးတွေလုပ်တဲ့အခါ ဝတ်ရအောင် အမျိုးသမီးဆို ယောဂီဝတ်စုံလေး အမျိုးသားဆို ယောဂီရောင် အညိုရောင် ပုဆိုးလေးနဲ့ချည်သားအင်္ကျီ လေးတွေ နှစ်စုံသုံးစုံ ဝယ်ထားသင့်ပါတယ် ။

မိတ်ဆွေများအားလုံး ထိရောက်စွာလုပ်ကိုင်နိုင်ပြီး အောင်မြင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျှက်

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။