စက်တင်ဘာလ တစ်လစာအတွက် မဟာဘုတ်ဟောစာတမ်း နှင့် ဆောင်ရန်၊ရှောင်ရန်များ

Astrology
စက်တင်ဘာလ တစ်လစာအတွက် မဟာဘုတ်ဟောစာတမ်း နှင့် ဆောင်ရန်၊ရှောင်ရန်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စက်တင်ဘာလ တစ်လစာအတွက် မဟာဘုတ်ဟောစာတမ်း နှင့် ဆောင်ရန်၊ရှောင်ရန်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စက်တင်ဘာလ တစ်လစာအတွက် မဟာဘုတ်ဟောစာတမ်း နှင့် ဆောင်ရန်၊ရှောင်ရန်များ
၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” ဘင်္ဂဖွား ” တစ်လစာဟောကိန်း

ဒီကာလတွင် မိမိ စိတ်နှစ်လုပ်ကိုင်နေသော အလုပ်များ လုပ်ငန်းများ၏ အောင်မြင်မှု ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ မိမိရဲစွမ်းသတ္တိရှိမှုကြောင့် အောင်မြင်မှုရကာထင်ပေါ်ပါမည်။ ပေးထားသောကတိများတည်ပါ အကျိုးရလဒ်ကောင်း ရရှိပါမယ်။ လူမှုရေးနဲ့ နိုင်ငံရေးကိစ္စများတွင်လဲ ရဲစွမ်းသတ္တိရှိမှု နှင့် ကတိတည် မှုတို့ကြောင့် ကောင်းကျိုးခံစားရမည်။ နာမည်တက်မည် ။ ကတိမတည်ပါက ဆိုးကျိုးများခံစားရမည်။ ဒီကာလတွင် အရေးကြီးသောကိစ္စများ တပြိုင်နက်တည်း ကြုံလာရတက်သည်။ ရှေ့တိုးရခက် နောက်ဆုတ်ရခတ်သော ကိစ္စရပ်များကြုံလာရတက်သည်။ လက်ရှိနေအိမ် အလုပ်တို့စွန့်ခွာပြီး နေရာသစ်အလုပ်သစ်မှာ အခြေခြရတက်သည်။ အလုပ်နှစ်မျိုး တာဝန်နှစ်မျိုးကို ပူးတွဲထမ်းဆောင်ရတက်သည်။ ငွေရေးကြေးရေးကိစ္စများ အဆင်မပြေဖြစ်တက်သည်။ ဒါပေမယ့် အမေ အဒေါ်ကဲ့သို့ အသက်ကြီးသောမိန်းမကြီးများက ကူညီစောင့်ရှောက်လိမ့်မည်။ ခက်ခဲသောကိစ္စများကို သူတို့ထံအကူအညီတောင်းပါ။ ကူညီမစ ပါလိမ့်မယ်။

လူမှုရေးမှာ ကိုင်တွယ်ဖြေရှင်းရတက်သည်။ ဆုံးဖြတ်ရခက်သောကိစ္စရပ်များ မှန်မှန်ကန်ကန်နှင့် ဘက်မလိုက်ရန်လိုပါသည်။ အချစ်ရေးတွင် သူ့အလိုဆန္ဒနှင့် ကိုယ့်အလိုဆန္ဒ တခြားစီဖြစ်ပြီး ညှိနှိုင်းရခက်ခဲသော ကာလဖြစ်သည်။ အိပ်မက်ထဲတွင် မိမိလေထဲသို့ လွင့်မျောနေသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၂၊ ၁၊ ၃ ဖြစ်ပါတယ်။

ယတြာ – ဂုဏ်တော် တပါးပါးကို သတိရတိုင်း ရွတ်ဖတ် ပူဇော်ပါ။

၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” မရဏဖွား ” တစ်လစာဟောကိန်း

ဒီကာလတွင် မနိုင်ဝန်ထမ်းမှုများကြောင့် အလုပ်ပိုရှုပ်ရတတ်ပါတယ်။စိတ်ပူပန်မှု စိတ်ပင်ပန်းမှုများ များနေတတ်ပါသည်။ ကျန်းမာရေးညံနေ၍ အရင်က ဖြစ်ဖူးသောရောဂါဟောင်းများ ပြန်လည်နံလံထလာတတ်ပါတယ်။ဆွေမျိူးများ၏ ဆိုးကျိုးများကိုခံစားရတတ်ပါတယ်။ဒီကာလတွင် ကောင်းသောအပြောင်းအလဲများကို ကြုံတွေ့ရမည်။ အရင်ကခက်ခဲနေသောကိစ္စများ ပြေလည်သွားလိမ့်မည်။ စာချုပ်စာတမ်း စာရင်းဇယားကိစ္စများ အဆင်ပြေအောင်မြင်လိမ့်မည်။ ကောင်းသောခရီးများ သွားရမည်။ စက်ပစ္စည်းကိစ္စများအောင်မြင်လိမ့်မည်။ ငွေကြေးလာဘ်လာဘများ ပွင့်လင်းလာမည်။ ထီပေါက်သကဲ့သို့ ငွေများအစုလိုက်အပြုံလိုက် ဝင်လာလိမ့်မည်။ ငွေများဝင်သော်လည်း သေချာမထိန်းသိမ်းက သဲထဲရေသွန်သကဲ့သို့ ဖြစ်မည်။

လူမှုရေးမှာ မနာလိုသူ ရန်လိုသူ အကောက်ကြံသူများ ရှိနေရတက်သည်။ အထူးသဖြင့် လူသုံးဦးပေါင်းပြီး မိမိပျက်စီးရာပျက်စီးကြောင်း ကြံစည်နေတက်သည်။ အချစ်ရေးတွင် အထစ်အငေါ့လေးများ ကြုံရတက်သည်။ အိပ်မက်ထဲတွင် ကြယ်တာရာများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၇၊ ၈၊ ၁ ဖြစ်ပါတယ်။

ယတြာ – ခိုစာ ၊ ငှက်စာ ၊ ငါးစာ ၊ ခွေးစာ ဒါနပြုပေးပါ။

၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” အထွန်းဖွား ” တစ်လစာဟောကိန်း

ဒီကာလတွင် ကိစ္စသေးသေးလေးက အစဂရုစိုက်သင့်ပါတယ် ။ မဆင်မခြင်လုပ်မိလျှင် အမှားတွေ့တတ်ပါတယ် ။အငြင်းအခုံ ကိစ္စများရှိလာသော် မိမိဘက်က အလျှော့ပေးလိုက်ခြင်းဖြင့် ကောင်းသောကံကြမ္မာကိုရရှိပါမယ်။ အရောင်းအဝယ်ကိစ္စများ သတိထားလုပ်ကိုင်သင့်ပါတယ်။ ပြဿနာတတ်စကားများသော် မိမိစိတ်တွင်ရန်ငြိုးမပြေဖြစ်နေတတ်ပါတယ်။ဖြေလျှော့လိုက်ပြီး ၇ရက်သားသမီးကို မေတ္တာပို့ပေးပါ။ အထွန်းဖွားများသည် ဒီကာလတွင် ဆရာသမား ကြီးကဲသူ ဘုန်းကြီးများက အကူအညီကောင်းများ ပေးလာလိမ့်မည်။ အလှူအတန်း ဘုရားဖူး စသော ဘာသာရေးကိစ္စများ ပြုလုပ်ရတက်သည်။ အိမ်သို့ ဘုန်းကြီးပုံတော် ဘာသာရေးဆိုင်ရာပစ္စည်းများ ရောက်ရှိလာရတက်သည်။ ပညာရေး သင်တန်း ၊ စာမေးပွဲ အင်တာဗျူးကိစ္စများ ကောင်းမွန်စွာဖြေဆိုနိုင်လိမ့်မည်။ ထိုကဲ့သို့ ဘာသာရေးကိစ္စများ ပြုလုပ်နေရသော်လည်း အနှောင့်အယှက်ရန်အတိုက်အခံများ ကြုံတွေ့ရတက်သည်။ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ဖြစ်နေရတက်သည်။ ခုသွားနေရတက်သည်။တမျိုး ဖြစ်နေရတက်သည်။ အကျိုးမရှိသော ခရီးတိုများ သွားနေရတက်သည်။ ခြေထောက်ပိုင်းတွင် ထိခိုက်အနာတရ ဖြစ်တက်သည်။

လူမှုရေးမှာ အလိုလိုနေရင်း မိမိကို လူအများက အထင်သေးသည်ဟု ထင်နေရတက်သည်။ မိမိစိတ်တွင် ကြောက်စိတ်ဝင်နေရတက်သည်။ အချစ်ရေးတွင် ကြားလူအနှောင့်အယှက်များ ကြုံတွေ့ရတက်သည်။ အိပ်မက်ထဲတွင် ဘုန်းကြီး သီလရှင်များကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၅၊ ၁၊ ၀ ဖြစ်ပါတယ်။

ယတြာ – အရူးများကို သူတို့အလိုရှိရာပေးလိုက်ပါ။
.

၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” သိုက်ဖွား ” တစ်လစာဟောကိန်း

ဒီကာလတွင် မိမိ ကိုယ်ရေးကိုယ်တာအတွက်သော် အလုပ်အတွက်သော် အကြံကောင်း ညဏ်ကောင်းများ ရရှိတတ်ပါတယ်။ ပွဲလမ်းသဘင်များ တွေ့ဆုံပွဲများ တတ်ရောက်ရတတ်ပါတယ်။ဒီကာလတွင် သိုက်ဖွားများသည် စန်းပွင့်ကာ နဂိုထက် ဆွဲဆောင်မှု ပိုရှိနေတတ်ပါတယ်။ အရောင်းအဝယ်ကိစ္စများ ကုန်သွယ်ရေးကိစ္စများ ရလဒ်ကောင်းများထွက်ပေါ်မှာဖြစ်ပြီး ဦးစားပေးလုပ်ဆောင်သင့်ပါတယ် ။ ဒီကာလတွင် ရေကြောင်းခရီး၊ နိုင်ငံရပ်ခြားခရီများ သွားရမည်။ ထစ်ငေါ့ကြံကြာနေသောကိစ္စများ ပြေလည်သွားရတက်သည်။ စိတ်သဘောထား မတိုက်ဆိုင်သူများနှင့် ပြေလည်သွားတာ သိသိသာသာလျော့ပါးသွားမည်။ ငွေအကုန်အကျများ ရတက်သည်။ ကျန်းမားရေးညံ့နေသူများ ဒီကာလတွင် ဆေးကောင်းဝါးကောင်း ဆရာသမားကောင်းများနှင့် တွေပေါ်ပေါက်သည်။ အချစ်ရေးကိစ္စ ၊ မင်္ဂလာကိစ္စများတွင် ကူညီပံ့ပိုးမည့်သူများ ပေါ်ပေါက်လာတက်သည် ။ ဒါပေမယ့် မနာလိုသူများလည်း ရှိနေရတက်သည်။ မိမိအပေါ် အကြာင်းမရှိအကြောင်းရှာ အပြစ်ပြောလိုသူများရှိတက်သည်။ သတိထားပါ။ ခွေး ၊ကြောင် စသည့် တိရိစ္ဆာန်များကို အကြောင်းပြုပြီး ရန်လိုခံရတက်သည်။

လူမှုရေးမှာ လူချစ်လူခင် များသလောက် မနာလိုသူများ၏ ရန်ပြုတိုက်ခိုက်ခြင်းကို ခံရတက်သည်။ သတိထားပါ။ အချစ်ရေးတွင် ချစ်သူနှစ်ဦး ကျေနပ်ပျော်ရွှင်ရသလောက် အမေ ၊ အမကြီးတို့၏ အမြင်မကြည်ခြင်းကို ခံရတက်သည်။ အိပ်မက်ထဲတွင် တိရိစ္ဆာန်များကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၃၊ ၄၊ ၆ ဖြစ်ပါတယ်။

ယတြာ – ကြောင်ကို အစာကျွေးပြီး လိုရာဆုတောင်းပါ။
.

၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” ရာဇဖွား ” တစ်လစာဟောကိန်း

ဒီကာလတွင် ဆွေမျိုးများထဲမှ မထင်မှတ်ဘဲ နာရေးဖြစ်တတ်ပါတယ်။ကိုယ်ဝန်ဆောင် မိခင်များ အထူးသတိထား ဆင်ခြင်နေထိုင်ပါ ။ သန္ဓေသား ထိခိုက်မှု ဖြစ်တတ်သောကြောင့် ၇ရက်သားသမီးကို မေတ္တာပို့ပါ။ မိတ်ဆွေသူငယ်ချင်းရဲ့ ကျန်းမာရေးကြောင့် သောကရောက် စိတ်ရှုပ်ရတတ်ပါတယ်။ ထီပေါက်နိုင်သောကြောင့် ထီထိုးပါ။ မထင်မှတ်သောခရီး၊ ကောင်းသောခရီးများ သွားရတတ်သည်။ ရပ်ဝေးအဆက်အသွယ်ကောင်းများ ပေါ်လာတတ်သည်။ လက်တို့ ၊ ခြေထောက်တို့မှာ အနာတရ ဖြစ်တတ်သည်။ အလိမ်အညာ အလှည့်စားခံရတတ်သည်။ အရေးကြီးသော ကိစ္စများကို ပြတ်ပြတ်သားသားဆုံးဖြတ်ရတတ်သည်။ အမှုအခင်း ရုံးပြင်ကနားများ ရောက်ရှိတတ်လို့ သတိထား ဆင်ခြင်ပြီး နေထိုင်သင့်ပါသည်။ ကျန်းမားရေးညံ့တတ်သည်။ မိမိကိုယ်တိုင်(သို့မဟုတ်) ဆွေမျိုးမိတ်ဆွေထဲမှ ခွဲစိတ်ကုသမှု ကြုံရတတ်တယ်။ လုပ်ငန်းကိစ္စများ သတိထားလုပ်ကိုင်ရမည့် ကာလဖြစ်သည်။

လူမှုရေးမှာ အရာရာကို မိမိခေါင်းပေါ် ပုံချခံရတတ်သည်။ ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရတတ်သည်။ သတိထားပြီး တာဝန်ယူလုပ်ဆောင်ပါ။ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်ရတတ်တယ်။ အချစ်ရေးတွင် လိမ်ညာခံရပြီး လမ်းခွဲပြတ်ဆဲရတတ်သည်။ အိပ်မက်ထဲတွင် ဘိုးတော် ၊ မယ်တော် ၊ ဝိဇ္ဇာများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၁၊ ၃၊ ၄ ဖြစ်ပါတယ်။

ယတြာ – စာရွက်တရွက်တွင် မိမိအခက်အခဲများ ရေးချပြီး ရေစီးသောနေရာတွင် မျှောပေးပါ။

၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” ပုတိဖွား ” တစ်လစာဟောကိန်း


ဒီကာလတွင် ၇ရက်သားသမီးများ၏ ချစ်ခင်မှုကို အထူးရရှိပါမယ်။အရင်က ဘက်လိုက်တယ် ထင်ရသော လူကြီး မိဘများ ၊ အထက်အရာရှိများရဲ့ တရားမျှတမှုကို ခံစားရရှိပါမယ် ။ အနုပညာနှင့်ပါတ်သတ်သော လုပ်ငန်းများ အကျိုးပေးကောင်းမည် ။ သင်လျှင်သော် တတ်မြောက်ရမည်။ သစ်သား နှင့်ပါတ်သတ်သော ကုန်မာဆိုင်ဖွင့်လျှင် လုပ်ငန်းအကျိုးပေးကောင်းပါမည်။ ဒီကာလတွင် အမျိုးသမီးအရာရှိ သို့မဟုတ် အရာရှိကတော်တို့က ကူညီမ,စလိမ့်မည်။ ကြီးကဲသူတို့ထံမှ လက်ဆောင်ပစ္စည်းများ ရရှိလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ ရာထူးမတိုးခင် အပြိုင်အဆိုင်ပေါ်ပေါက်ရတက်သည်။ ကား ၊ ဆိုင်ကယ် စသည့် ယာဉ်တခုခုကြောင့် အန္တရာယ်ကြုံတွေ့ရတက်သည်။ လက်အောက်ငယ်သားတို့ အံတုဖက်ပြိုင်လာတက်သည်။ ဘုရားဖူးခရီး ၊ ဘာသာရေးခရီးများ ထွက်ရတက်သည်။

လူမှုရေးမှာ အပြိုင်အဆိုင် ရန်အတိုက်အခံပေါများသော ကာလဖြစ်သည်။ အချစ်ရေးတွင် အပြိုင်အဆိုင် ပေါ်တက်သည်။ သို့သော် မိမိကသာ အနိုင်ရရှိပါလိမ့်မည်။ အိပ်မက်ထဲတွင် ရသေ့ သူတော်စင်များကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၃၊ ၇၊ ၉ ဖြစ်ပါတယ်။

ယတြာ – ရဟန်းတပါး၏ ပုံတော်ကို ဆောင်ထားပါ ။

၁.၉.၂၀၂၃ မှ ၃၀.၉.၂၀၂၃ အထိ ” အဓိပတိဖွား ” တစ်လစာဟောကိန်း

အဓိပတိဖွားများသည် ဒီကာလတွင် မထင်မှတ်ဘဲ အမွေများ ရရှိတတ်ပါသည်။အလုပ်အကိုင်ကောင်းများအတွက် အခွင့်အလမ်းများ ပေါ်ပေါက်ရရှိပါမယ်။မိမိ၏ ပြိုင်ဘက်များမှာ ရှုံး နိမ့်သွားရတတ်ကြပြီး အောင်မြင်မှုများ ရရှိပါမယ်။ ငယ်ရွယ်သူများ ရည်းစားဟောင်း အဆက်ဟောင်း၏ နှောင့်ယှက်ခြင်း ပြဿနာရှာခြင်းများ ကြုံတွေ့ ခံစားရတတ်သောကြောင့် မိမိ အတတ်ချိန် ဖြစ်သောကြောင့်လဲ ကင်းအောင်နေထိုင်သင့်ပါတယ်။ ဒီကာလတွင် နာမည်ဂုဏ်သတင်းတိုးတက်ခြင်း သြဇာတိုးခြင်းများဖြစ်လာမည့် ကာလပင်ဖြစ်ပါတယ်။ ရာထူးတိုး ၊ လစာတိုး သတင်းများကြားရမည်။ ပျော်ရွှင်ဖွယ်ခရီးများ သွားရတတ်သည်။ ရပ်ဝေးမြေခြားက သတင်းကောင်းများကြားရမည်။ မိမိဆုံးရှုံးထာသောငွေကြေး လုပ်ငန်းများ ပြန်လည်ရရှိတက်သည်။ လုပ်ငန်းဟောင်း နေရာဟောင်းများကို ပြန်လည်သတိတရ ရှိနေတတ်သည်။ အကူအညီကောင်းပေးမည့်သူများ ပေါ်လာတတ်သည်။ ကျန်းမာရေးညံ့နေပါက ဆရာကောင်းများနှင့် ကုသရတတ်သည်။ အကြံသစ် ဉာဏ်သစ်များရရှိမည်။

လူမှုရေးမှာ အရင်က သူများ ပြဿနာကြား ဝင်ခဲ့ရလို့ မိမိအပေါ် အမြင်မကြည်သူများ အမြင်ကြည်လာမည်။ မိမိအပေါ်နေရာတကာ အားကိုးကြမည်။ နေရာတကာ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်မည်။ ပင်ပန်းသလောက်အကျိုးဖြစ်ထွန်းမည်။ အချစ်ရေးတွင် ချစ်သူဟောင်းနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။ စာအဆက်အသွယ် သတင်းစကားနှင့်သာ ကျေနပ်နေရသောကာလဖြစ်သည်။ အိပ်မက်ထဲတွင် မိမိနှင့်အရင်က သိကျွမ်းဖူးသူများကို အိပ်မက်ပါ ကံကောင်းလာပါလိမ့်မည်။ အကျိုးပေးဂဏာန်းများမှာ ၉၊ ဝ၊ ၁ ဖြစ်ပါတယ်။

ယတြာ – စက္ကူမှာ စကြာပုံလေးဆွဲပြီး ဆောင်ထားပါ။

ရေးသားသူ –ဆရာထွန်းလင်း (မြန်မာ့ရိုးရာဗေဒင်ပညာ)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။