၁၃၈၅ခုနှစ် စနေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် စနေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် စနေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် စနေ သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခု ၁၃၈၅ခုနှစ်တွင် တစ်နှစ်ပတ်လုံး သြဇာအာဏာ တိုးတက်မည်။ ကောင်းသတင်းများ ကျော်ဇော်လိမ့်မည်။ ခက်ထန်သော အပြောင်းအလဲများ မကြာခဏ ကြုံတွေ့ရမည်။ မရနိုင်၊ မဖြစ်နိုင်သော ကိစ္စရပ်များကို ဇွတ်ဖန်တီး၍ မယူပါနှင့်။ တန်ဖိုးကြီး ပစ္စည်း ခိုးခံရပြီး မီးဘေးအန္တရာယ် အထူး ဂရုစိုက်သင့်သည်။ ပြာသို၊ တပိုတွဲလများတွင် အစိုးရနှင့် နွယ်တတ်၍ အစစအရာရာ ဂရုစိုက် ဆင်ခြင်ပေးပါ။ လူရင်း တပည့်များ သစ္စာပျက်တတ်သော အချိန်အခါ ဖြစ်မည်။

ပညာရေးတွင် ကျက်စာကို စိတ်မဝင်စားပဲ တွက်စာပို လုပ်နေရင်း အချိန်ကုန်နေမည်။ ကျန်းမာရေးတွင် သွေးတိုး၊ နှလုံးရောဂါ ဝေဒနာတို့ ခံစားရမည်။ ယခုနှစ် တစ်နှစ်ပတ်လုံး အလုပ် ဖိစီးမှု ဒဏ်ခံရ၍ အလုပ်ကို ပြင်းထန်စွာ ကြိုးစားသလောက် အကျိုးမြတ် ကြီးသောကာလ ဖြစ်သောကြောင့် အရာရာကို ချင့်ချိန်ကာ လုပ်နိုင်မှ အဆင်ပြေနိုင်မည်။ မှောင်ခို လုပ်ငန်းမှ ဘေးဥပါဒ် ကြုံတွေ့ရမည်။

ဝင်ငွေ၊ ထွက်ငွေ မမျှတ ဖြစ်လိမ့်မည်။ ဝင်သမျှ ငွေမမြဲပဲ အကြွေးတင်၊ အကြွေးမရ ဖြစ်နေမည်။ ဝါခေါင် လဆန်းပိုင်းမှ စပြီး အညံ့များ ပြေပျောက်၍ အကောင်းဘက်သို့ ဦးတည်လာလိမ့်မည်။ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးတို့နှင့် စပ်တူရှယ်ယာ လုပ်ငန်းများ အကျိုးပေးမည်။ အချစ်ရေးတွင် ချော့မွေ့သော အချစ်ရေး ပိုင်ဆိုင်ရမည်။ အိမ်ထောင်ရေးတွင် သာယာမှုရှိသော အိမ်ထောင်ရေး ပိုင်ဆိုင်ရမည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ ၄၅မိနစ် အချိန် အိမ်ဘုရားတွင် ရွှေထမင်း ဒါမှမဟုတ် ရှောက်လုံးယို / ရှောက်ချိုယို ၃ပန်းကန် ကြိုက်ရာတစ်မျိုး ကပ်လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ –ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။