ပြန်ပေးသမားကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား

International News
ပြန်ပေးသမားကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြန်ပေးသမားကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြန်ပေးသမားကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား

Slingshot hero: Michigan teen slings rocks from bedroom window to fend off  alleged kidnapper who grabbed his 8-year-old sister - 6abc Philadelphia

ပြန်ပေးဆွဲဖို့ ကြိုးစားသူကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား ကောင်လေးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မစ်ချီဂန်ပြည်နယ်၊ အယ်လ်ပီနာမြို့မှာ အခုလို ဖြစ်ခဲ့တာပါ။ ၈ နှစ်အရွယ် မိန်းကလေးငယ်က သူတို့ရဲ့အိမ်နောက်ဖေးမှာ မှိုခူးနေတုန်း အိမ်အနောက်ဘက် တောအုပ်ထဲကနေ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထွက်လာပြီး သူ့ကို ပါးစပ်ပိတ်ကာ တောထဲ ဆွဲခေါ်သွားဖို့ ကြိုးစားခဲ့တာပါ။

ဒီအချိန်မှာပဲ မိန်းကလေးရဲ့ အစ်ကိုက မြင်တွေ့သွားပြီး ပြန်ပေးဆွဲဖို့ ကြိုးစားသူကို လေးခွနဲ့ပစ်ခဲ့ပါတယ်။ သူ့ရဲ့လေးခွပစ်ချက်တွေဟာ ပြန်ပေးသမားရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး ပြန်ပေးသမားလည်း ထွက်ပြေးသွားခဲ့တာပါ။ လိုက်လံရှာဖွေရာမှာတော့ အနီးနားက ဂတ်စ်ဆိုင်မှာ ပုန်းနေတာ တွေ့ရှိရပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားကို ပြန်ပေးဆွဲဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။