သဝန်တိုလွန်းအားကြီးတဲ့ အမျိုးသမီးက သူ့ချစ်သူ အမျိုးသားကို အခန်းထဲ ၃ ရက် ပိတ်ထားလို့ ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရ

International News
သဝန်တိုလွန်းအားကြီးတဲ့ အမျိုးသမီးက သူ့ချစ်သူ အမျိုးသားကို အခန်းထဲ ၃ ရက် ပိတ်ထားလို့ ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သဝန်တိုလွန်းအားကြီးတဲ့ အမျိုးသမီးက သူ့ချစ်သူ အမျိုးသားကို အခန်းထဲ ၃ ရက် ပိတ်ထားလို့ ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သဝန်တိုလွန်းအားကြီးတဲ့ အမျိုးသမီးက သူ့ချစ်သူ အမျိုးသားကို အခန်းထဲ ၃ ရက် ပိတ်ထားလို့ ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရ

May be an image of 2 people, people studying and hospital

သဝန်တိုလွန်းအားကြီးတဲ့ အာဂျင်တီးနားအမျိုးသမီးတစ်ဦးဟာ သူ့ချစ်သူ အမျိုးသားကို အခန်းထဲမှာ ၃ ရက်ကြာ လှောင်ပိတ်ထားမှုနဲ့ ဖမ်းခံခဲ့ရပါတယ်။ သူတို့နှစ်ဦး ချစ်သူဖြစ်တာ ၆ လ ရှိပါပြီ။ အမျိုးသမီးက အသက် ၃၀၊ အမျိုးသားက ၂၇ နှစ်ပါ။ အမျိုးသမီးက သူ့ချစ်သူကို သဝန်တိုလွန်းပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ရင် ‘ဘယ်အချိန် ပြန်လာရမယ်၊ အချိန်အတိအကျ ပြန်မလာရင် ငါ လိုက်လာမယ်’ဆိုတာမျိုးအထိ ချုပ်ခြယ်တတ်တယ်လို့ ဆိုပါတယ်။

တစ်ရက်မှာတော့ သူတို့နှစ်ယောက် အချင်းများကြပြီး အမျိုးသမီးက သူ့ချစ်သူကို အခန်းထဲမှာ ၇၂ နာရီကြာ ပိတ်ထားခဲ့တာပါ။ တခြားကောင်မလေးတွေနဲ့ စကားပြောလို့မရအောင်ဆိုပြီး အမျိုးသားရဲ့ ဖုန်းထဲက WhatsApp ကို ဖျက်ပစ်ခဲ့သလို ဖုန်းကိုပါ ရိုက်ခွဲပစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားက အမျိုးသမီးရဲ့ဖုန်းကို ခိုးပြီး သူ့သူငယ်ချင်းတစ်ယောက်ကို အကူအညီ လှမ်းတောင်းခဲ့တာပါ။

ပြီးခဲ့တဲ့စနေနေ့မှာတော့ လာပလာတာမြို့က နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာမှာ အခန်းထဲကနေ အော်ဟစ်အကူအညီတောင်းနေတဲ့ အမျိုးသားရဲ့အသံကို ကြားပြီး သူ့ကို ကယ်တင်နိုင်ခဲ့တာပါ။ ဖောက်ပြန်လို့မရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီးက သူ့ကို အခန်းထဲ ပိတ်လှောင်ထားခဲ့တာလို့ အမျိုးသားက ဆိုပါတယ်။
ဒီဖြစ်ရပ်မှာ တရားမဝင် ထိန်းသိမ်းချုပ်နှောင်မှုနဲ့ အာဂျင်တီးနားရဲတပ်ဖွဲ့က အမျိုးသမီးကို စွဲချက်တင် ဖမ်းဆီးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။