တောနက်ကြီးထဲ လေယာဉ်ပျက်ကျပြီး ၂ ပတ်ကျော်အကြာမှာ လသားကလေး အပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

International News
တောနက်ကြီးထဲ လေယာဉ်ပျက်ကျပြီး ၂ ပတ်ကျော်အကြာမှာ လသားကလေးအပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တောနက်ကြီးထဲ လေယာဉ်ပျက်ကျပြီး ၂ ပတ်ကျော်အကြာမှာ လသားကလေး အပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောနက်ကြီးထဲ လေယာဉ်ပျက်ကျပြီး ၂ ပတ်ကျော်အကြာမှာ လသားကလေး
အပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

Four children allegedly found in the Amazon two weeks after plane crash |  World News | Metro News

ကိုလံဘီယာနိုင်ငံရဲ့ တောနက်ကြီးထဲကို လေယာဉ်ပျက်ကျပြီး သီတင်းပတ် ၂ ပတ်ကျော်အကြာမှာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေး ၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ မေလ ၁ ရက်နေ့ နံနက်အစောပိုင်းက လူ ၇ ယောက် လိုက်ပါလာတဲ့ Cessna 206 လေယာဉ်ငယ် အင်ဂျင်ချွတ်ယွင်းပြီး ကာကေးတာပြည်နယ်ရဲ့ တောနက်ထဲ ပျက်ကျသွားခဲ့တာပါ။

လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် အရွယ်ရောက်ပြီးသူ ၃ ယောက် thayဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို လေယာဉ်ထဲက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကိုလံဘီယာ စစ်တပ်၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နဲ့ ၁၁ လသားအရွယ် ကလေးငယ် ၄ ယောက်ကို အသက်ရှင်လျက် တွေ့ရှိခဲ့တာပါ။

အနံ့ခံခွေးတွေနဲ့ တောနင်းရှာဖွေရာမှာ စားပြီးသား သစ်သီးတစ်လုံး၊ သစ်ကိုင်းသစ်ခက်တွေနဲ့ လုပ်ထားတဲ့ ခိုလှုံရာနေရာတစ်ခုကို စတင်တွေ့ရှိခဲ့တာပါ။ အသက်ရှင် ကျန်ရစ်သူတွေရှိနေတဲ့ လက္ခဏာတွေကြောင့် ဆက်လက်ရှာဖွေရာမှာ ကလေးငယ်တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကလေး ၄ ယောက်ကို အသက်ရှင်လျက် တွေ့ရှိရတာဟာ ကိုလံဘီယာတစ်နိုင်ငံလုံး ပျော်ရွှင်ရတဲ့ကိစ္စ ဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ပက်ထရိုက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။