ကမ္ဘောဒီးယားရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ် ပါဝင်ဖို့ POSTER တွေပါ ထွက်လာတဲ့ မင်းသားချော “ပိုင်တံခွန်”

Celebrity
ကမ္ဘောဒီးယားရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ် ပါဝင်ဖို့ POSTER တွေပါ ထွက်လာတဲ့ မင်းသားချော “ပိုင်တံခွန်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘောဒီးယားရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ် ပါဝင်ဖို့ POSTER တွေပါ ထွက်လာတဲ့ မင်းသားချော “ပိုင်တံခွန်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားရုပ်ရှင်တစ်ခုမှာ မင်းသားအဖြစ် ပါဝင်ဖို့ POSTER တွေပါ ထွက်လာတဲ့ မင်းသားချော “ပိုင်တံခွန်”

မကြာသေးမီက ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် LD Productions ကနေ “Prostitute (Rent Boy)” ဇာတ်ကားသစ် ထွက်ရှိတော့မယ်လို့ ကြေငြာခဲ့ပါတယ်.. အဆိုပါ ဇာတ်လမ်းထဲမှာ မြန်မာသရုပ်ဆောင် မင်းသားပိုင်တံခွန်၊ Miss Pich Vatey Saravathy၊ Miss Pich Vatey Saravathy၊ Grand Cambodia 2022 နဲ့ နာမည်ကြီးမင်းသား Mr. Khat Wai Haing တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်.ဇာတ်လမ်းအတွက် အဓိက ဇာတ်ကောင် ၃ ဦးရဲ့ ပိုစတာတွေ ထွက်လာပြီးနောက်ပိုင်း မှာ ပရိသတ်တွေက ဘယ်လိုအမျိုးအစား ပုံစံဖြစ်မလဲဆိုတာကို သိချင်နေကြပါတယ်..

မင်းသားမင်းသမီးတွေကလဲ နာမည်ရှိပြီးသားမို့ သူ့နေရာနဲ့သူ ပရိသတ်အားပေးမှုတွေကို ရထားပြီးသားလို့ ဆိုပါတယ်..LD Production ရဲ့ ဒါရိုက်တာ Mr. Leak Lida က သူ့ရဲ့ Facebook အကောင့်မှာ “Prostitute (Rent Boy)” ဇာတ်ကားကို မိတ်ဆက်ပေးခဲ့ပြီး ဒီဇာတ်ကားက ပြည်တွင်း ဈေးကွက်မှာ ပြသဖို့တင်မဟုတ်ဘဲ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အပါအဝင် ပြည်ပဈေးကွက် မှာလဲ ပြသဖို့ ရည်ရွယ်ထားပါတယ်” လို့ ရေးသားထားပါတယ်..

ရုပ်ရှင်ချစ်သူတွေအတွက် ကမ္ဘောဒီးယားထုတ်လုပ်သူ Leak Lida က လွန်ခဲ့တဲ့ ၁၂ နှစ်က ပြည်တွင်းဈေးကွက်မှာ ရုပ်ရှင်ကားတွေရောင်းချပြီး နာမည်ကြီးခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်.. Mr. Leak Lida က “အခုခံစားချက်က လွန်ခဲ့တဲ့ ၁၂ နှစ်က ခံစားချက်နဲ့ အတူတူပါပဲ၊ လွန်ခဲ့တဲ့ ၁၂ နှစ်က ပြည်တွင်းဈေးကွက်မှာ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်ခဲ့တဲ့ အချိန်ကို‌ ပြန်သတိရစေပါတယ်.. အခုဇာတ်ကားကိုလဲ ကျွန်တော်တို့အဖွဲ့ ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံကြည်တယ်” လို့ ပြောခဲ့ပါတယ်..

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။