သားကြောဖြတ်ပြီးမှ ကလေးရသွားလို့ ကလေးအသက် ၁၈ နှစ်ပြည့်တဲ့အထိ စရိတ်ပေးဖို့ ဆရာဝန်ကို အမိန့်ချမှတ်

International News
သားကြောဖြတ်ပြီးမှ ကလေးရသွားလို့ ကလေးအသက် ၁၈ နှစ်ပြည့်တဲ့အထိ စရိတ်ပေးဖို့ ဆရာဝန်ကို အမိန့်ချမှတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သားကြောဖြတ်ပြီးမှ ကလေးရသွားလို့ ကလေးအသက် ၁၈ နှစ်ပြည့်တဲ့အထိ စရိတ်ပေးဖို့ ဆရာဝန်ကို အမိန့်ချမှတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သားကြောဖြတ်ပြီးမှ ကလေးရသွားလို့ ကလေးအသက် ၁၈ နှစ်ပြည့်တဲ့အထိ စရိတ်ပေးဖို့ ဆရာဝန်ကို အမိန့်ချမှတ်

သားကြော ဖြတ်ထားသူ ကလေးရသွားခဲ့ပြီးနောက် သားကြောဖြတ်ပေးတဲ့ ဆရာဝန်အနေနဲ့ ကလေးအသက် ၁၈ နှစ်ပြည့်တဲ့အထိ စရိတ်ထောက်ပံ့ပေးရမယ်လို့ ကိုလံဘီယာတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံ မက်ဒယ်လင်မြို့က ဆရာဝန် နာရန်ဂျိုဟာ အမျိုးသားတစ်ယောက်ကို သားကြောဖြတ်ပေးခဲ့ပြီး သားကြောဖြတ်မှု အောင်မြင်တာကြောင့် သန္ဓေတားဆေး သုံးစရာ မလိုတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ သူ့အမျိုးသမီး ကိုယ်ဝန်ရှိခဲ့ပြီး ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ ကလေးမွေးဖွားခဲ့ရပါတယ်။

Doctor Ordered to Financially Support Patient's Baby After Botched Vasectomy  – KS95 94.5

သုက်ပိုးစမ်းသပ်မှုတွေအရ သားကြောဖြတ်မှု မအောင်မြင်ခဲ့တာ တွေ့ရပြီး အဲဒီဇနီးမောင်နှံက ဆရာဝန်ကို တရားစွဲခဲ့တာပါ။ ဆရာဝန်ရဲ့အမှားကြောင့် သူတို့ဇနီးမောင်နှံဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ငွေရေးကြေးရေးရော ထိခိုက်ခဲ့ရတယ်လို့ လျှောက်ထားခဲ့ကြတာပါ။ အခုအခါမှာတော့ ကလေးအသက် ၁၈ နှစ်ပြည့်တဲ့အထိ ဆရာဝန်က ကလေးစရိတ် ထောက်ပံ့ပေးဖို့ ကိုလံဘီယာ တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။

ဆရာဝန် နာရန်ဂျိုဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုအတွက် ပီဆို ၉၂ သန်း ( မြန်မာငွေ သိန်း ၅၀၀ နီးပါး)၊ တရားစရိတ် ပီဆိုသန်း ၆၀၊ ကလေးစရိတ် ပီဆို ၁၄၃ သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

နာရန်ဂျိုဟာ လူနာအမျိုးသားကို ၂၀၁၂ ခုနှစ်က သားကြောဖြတ်ပေးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ သူတို့ဇနီးမောင်နှံက သမီးလေး မွေးဖွားခဲ့တာပါ။ ဒါကြောင့် နာရန်ဂျိုက နောက်ထပ် ၈ နှစ်ပဲ ကလေးစရိတ်ပေးရမှာ ဖြစ်ပါတယ်။ ကလေးမိဘတွေက ဘာကြောင့် အခုမှ တရားစွဲရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။