၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ မှ မေလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ မှ မေလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ မှ မေလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့ မှ မေလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( May 22 to 28 )

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်စေရန် ကြိုးစားအားထုတ်ပေးရပါမယ်။ ကျန်းမာရေးကို ထိခိုက်စေသော အလေ့အကျင့်များကို ပြုပြင် ပြောင်းလဲပါ။

ဤကာလအတွင်း ရေရှည် ရင်းနှီးမြုပ်ကို ပြုလုပ်မည် ဆိုပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါမယ်။ မိသားစုဝင် အကြီးအကဲများနှင့် တိုင်ပင်ပြီးမှသာ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ချမှတ်ပါ။

ယခုအပတ်တွင် မိသားစုဝင်များ အပေါ် သံသယဖြစ်ခြင်းကို ရှောင်ကြဥ်ပေး ရပါမယ်။ မိမိ၏ စိတ်ဆန္ဒအပြင် သူတို့၏ သဘောထားကိုပါ သိရှိအောင် ကြိုးစားပါ။ မိသားစုဝင်များအကြား စာနာမှုနှင့်အတူ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ရန် လိုအပ်ပါလိမ့်မယ်။

ပြိဿရာသီခွင် – Taurus ( May 22 to 28 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် အလုပ်ချိနှ်နှင့် အနားယူချိန်ကြား မျှတမှုရှိအောင် ကြိုးစားပေးရပါမယ်။ ကံတရားသည် ကောင်းမွန်သော‌ အနေအထားတွင် ရှိနေသောကြောင့် ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ တည်ငြိမ်ပြီး တက်ကြွနေပါလိမ့်မယ်။ ဒါ့အပြင် စားသောက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ယခုအပတ်တွင် ငွေကြေး အကုန်အကျ များနေပါမယ်။ အထူးသဖြင့် မိသားစု၏ ကျန်းမာရေးအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ သို့သော် မိသားစုဝင်များ အကြား ဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။

ဤကာလအတွင်း အိမ်နှင့် ဝေးကွာနေကြသော Taurus ရာသီခွင်တို့သည် အထီးကျန်မှုကို ခံစားရနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင်း တစ်ဦးတစ်ယောက်တည်း အထီးကျန်မှုနှင့် ပိတ်လှောင်မနေဘဲ သူငယ်ချင်း၊ အပေါင်းအသင်းတို့နှင့် အချိန်ကုန်ဆုံးပါ။

မေထုန်ရာသီခွင် – Gemini ( May 22 to 28 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ဖျားနာမှုမျိုး မရှိနိုင်ပါ။ အထူးသဖြင့် ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန် စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေး အထွက်ကြမ်းနေနိုင်သောကြောင့် အသုံးစရိတ်နှင့် ပက်သက်၍ ဂရုစိုက်ပေးရပါလိမ့်မယ်။ ယခုအပတ်တွင် မိမိနေအိမ်သို့ ဧည့်သည့်များ ရုတ်တရက် လာရောက်လည်ပတ် နိုင်ပါတယ်။

မိသားစုပတ်ဝန်းကျင်တွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ သို့သော် ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့် မိမိ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( May 22 to 28 )

ယခုအပတ်တွင် သတ်သတ်လွတ်စားကြသော Cancer ရာသီခွင်များ အနေနဲ့ ကိုယ်ခံအားနည်းခြင်း စသော ကျန်းမာရေး ပြဿနာ အချို့နှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အာဟာရ ပြည့်ဝသော အစားအစာများကို ချက်ပြုတ်စားသောက်ပေးပါ။ အစာချေဖျက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကျပ်တည်းနေပါမယ်။ အထူးသဖြင့် အသုံးစရိတ်ကို ထိန်းချုပ်ပေးပါ။

ယခုအပတ်တွင် မိသားစုရေးရာ အနှောင့်အယှက်များ ရှိနေနိုင်ပါတယ်။ မိသားစုဝင်များနှင့် အတူ ဆွေးနွေးတိုင်ပင်ပါ။ အသက်မွေးဝမ်းကြောင်းတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေပါမယ်။

သိဟ်ရာသီခွင် – Leo ( May 22 to 28 )

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းနေပါမယ်။ အလိုအလျှောက် စိတ်အားငယ်မှုများ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မိမိကိုယ်ကို ပျော်ရွင်အောင် ကြိုးစားပါ။

ငွေရေးကြေးရေးအရ ယခုရက်သတ္တပတ်တွင် တိုးတက်နေပါမယ်။ ငွေကြေးကံတရားသည် ကောင်းမွန်နေပါမယ်။ မိမိ၏ ကြိုးစားအားထုတ်မှုကို နည်းနည်းလေးမှ မပျက်ပါစေနှင့်။

မိသားစုအတွင်း ပျော်ရွှင်မှု၊ နွေးထွေးမှုများ ရှိနေပါမယ်။

ကန်ရာသီခွင် – Virgo ( May 22 to 28 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် အချိန်ရသည့်အခါတွင် လေ့ကျင့်ခန်း ပြုလုပ်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ဤကာလအတွင်း နှောင့်ယှက်မှု အချို့ကြောင့် မိမိ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရုံသာမက ဘဏ္ဍာရေး လည်ပတ်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ငွေကြေး ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ယခုအပတ်တွင် မိသားစုဝင် တစ်ဦး၏ ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ခံစားရပါမယ်။ ဆေးကုသမှု ခံယူရန် လိုအပ်နိုင်သောကြောင့် မပေါ့ဆပါနှင့်။

တူရာသီခွင် – Libra ( May 22 to 28 )

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေပါမယ်။ စိတ်ဖိစီးမှုများ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ဤကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။

ငွေကြေး ကံတရားသည် ကောင်းမွန်နေပါမယ်။ ရင်းနှီးမြုပ်နှံများ ပြုလုပ်ပါက အကျိုးဖြစ်ထွန်းမည့် အချိန်ကာလ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်း တိုးချဲ့မှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ မိသားစုဝင်များ အကြား ငြင်းငုံမှုတို့ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေပါတယ်။ စိတ်ရှည် သည်းခံခြင်းကာ ဖြေရှင်းရန် အကြံပြုလိုပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( May 22 to 28 )

ယခင်အချိန်ကာလတွင် Scorpio ရာသီခွင်တို့သည် စိတ်ဖိစီးမှုများကို ခံစားခဲ့ရသော်လည်း ယခုအပတ်တွင် သက်သာရာ ရရှိပါမယ်။ မိမိ တစ်ဦးတစ်ယောက်တည်း စိတ်ခံစားချက်များတွင် နစ်မြုပ်မနေပါနှင့်။ မိသားစု၊ ခင်မင်ရင်းနှီးသော အပေါင်းအသင်းတို့နှင့် အပန်းဖြေ အနားယူပါ။ ဤကာလအတွင်း အာဟာရပြည့်ဝသော အစားအသောက်များကို စားသုံးရန် အကြံပြုလိုပါတယ်။

ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်ရန်အတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ အပိုဝင်ငွေများ ရရှိနိုင်ပါတယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စရပ်နှင့် ပက်သက်၍ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ရတတ်ပါတယ်။ လိုအပ်သော ပံပိုးကူညီမှုကို ရရှိနိုင်မည် မဟုတ်ပါ။ တခါတရံ အထီးကျန်မှုကို ခံစားရသည့်အပြင် အရာအားလုံးနှင့် ဝေးရာသို့ ထွက်သွားလိုစိတ်များ ဖြစ်ပေါ်နိုင်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( May 22 to 28 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် စားသောက်မှု ပုံစံကို မြှင့်တင်ရန် လိုအပ်ပါမယ်။ ဒါကြောင့် လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပြီး အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဤကာလအတွင်း မိမိ၏ ပျော်ရွှင်မှုအတွက် ငွေကြေး သုံးစွဲရာတွင် အကန့်အသတ် ထားပေးရပါမယ်။ အစောပိုင်းတွင် ငွေကြေးသည် အ‌ဆင်ပြေနေနိုင်သော်လည်း နောက်ပိုင်းတွင် အကျပ်အတည်းတို့နှင့် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုဘဝတွင် ပျော်ရွင်မှုကို ရယူလိုပါက မိမိ၏ အလုပ်တာဝန်နှင့် မိသားစုအကြား မျှတမှုရှိအောင် စီမံခန့်ခွဲပေးရပါလိမ့်မယ်။ မိသားစုများအပေါ် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

မကာရရာသီခွင် – Capricorn ( May 22 to 28 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် လုပ်ငန်းကိစ္စနှင့် ပက်သက်၍ ခရီးသွားလာနိုင်ဖွယ် ရှိနေပါတယ်။ အလွန်ပင်ပန်းပီး စိတ်ဖိစီးမှုနှင့် ရင်ဆိုင်နေရမည့် အချိန်ကာလ ဖြစ်ပါတယ်။

ယခုရက်သတ္တပတ်သည် ငွေရေးကြေးရေးအရ အဆင်ပြေ‌နေ နိုင်သော်လည်း ရင်းနှီးမြုပ်နှံမှုများကို ရှောင်ရှားသင့်ပါတယ်။ အကယ်၍ အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုပါက ဆုံးဖြတ်ချက်ကို ဂရုတစိုက် ဆုံးဖြတ်ရန် အကြံပြုလိုပါတယ်။

ယခုအပတ်တွင် သူငယ်ချင်း၊ မိသားစုဝင်တို့သည် မိမိ၏ သဘောထားနှင့် ပက်သက်၍ နားမလည်သလို ခံစားရနိုင်ပါတယ်။ ဒါကြောင့် စကားအချေအတင် ဖြစ်ကာ သူတို့အပေါ် မှားယွင်းသော ခံစားချက်များ ရှိလာနိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( May 22 to 28 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့်၏ ကျန်းမာရေးသည် ကောင်းမွန်နေပေမယ့်လို့ ဘယ်အရာမဆို အလွန်အကျွံ တွေးခြင်းက စိတ်ဖိစီးစေနိုင်ပါတယ်။ ကျန်းမာရေး အလေ့အထကို တိုးတက်အောင် အစွမ်းကုန် ကြိုးစားပြီး နေထိုင်ပါ။

ဤကာလအတွင်း အသုံးစရိတ်နှင့် ပက်သက်၍ အတိုင်းအတာ တစ်ခုထိ လျောချနိုင်ပါမယ်။ သို့သော် မိသားစုဝင်၏ ကျန်းမာရေး ကိစ္စအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

ယခုအပတ်တွင် မိသားစုဝင်များ အကြား နွေးထွေးမှုများ ရှိနေပါမယ်။ ပျော်ရွင်နေရမည့် အခိုက်အတန့် ဖြစ်ပါတယ်။

မိန်ရာသီခွင် – Pisces ( May 22 to 28 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် အတွေးလွန်ခြင်း အလေ့အထကို ဖယ်ပျောက်ပေးပါ။ မဟုတ်ပါက စိတ်ဖိစီးမှုကို ခံစားရစေကာ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ ယခုအပတ်တွင် ရလာဒ်ကောင်းကို ရရှိစေနိုင်ပါတယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။ စီးပွားရေး လုပ်ငန်းသစ်များ စတင်ရန်အတွက် သင့်တော်သော အချိန်ကာလ ဖြစ်ပါတယ်။

ယခုအပတ်တွင် မိတ်ဟောင်းဆွေဟောင်း၊ သူငယ်ချင်းဟောင်းများနှင့် ပြန်လည်တွေ့ဆုံ ရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင် ·

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။