ဖေ့ဘွတ်ခ် ၁ မိနစ်ကျသွားရင် ကြော်ငြာဝင်ငွေ ဘယ်လောက်ဆုံးရှုံးသလဲ

International News Tech
ဖေ့ဘွတ်ခ် ၁ မိနစ်ကျသွားရင် ကြော်ငြာဝင်ငွေ ဘယ်လောက်ဆုံးရှုံးသလဲ

မနေ့ညက တစ်ကမ္ဘာလုံးမှာ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်အကောင့်တွေနဲ့ မက်ဆင်ဂျာ ဝင်မရတော့တဲ့ကိစ္စက လူအများကြား ပွက်လောရိုက်သွားခဲ့တယ်။ ၂ နာရီလောက်ကြာမှ ပြန်အသုံးပြုလို့ရခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် ဖေ့ဘွတ်ခ်ရဲ့ ရှယ်ယာတန်ဖိုး ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။

ဖေ့ဘွတ်ခ် ၂ နာရီလောက် ကျသွားတဲ့ဖြစ်ရပ်က ဒေါ်လာ သန်း ၃၀ ကျော် ဆုံးရှုံးနစ်နာစေတယ်လို့ တွက်ချက်ဖော်ပြကြတယ်။ ဖေ့ဘွတ်ခ်ဟာ ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လပတ်အတွင်း ကြော်ငြာဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈.၇ ဘီလျံ ရရှိခဲ့ပြီး ၉၂ ရက်မှာ ၃၈.၇ ဘီလျံဆိုတော့ တစ်ရက်ကို ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့တာပါ။

ဒီနှစ် ၃ လပတ်မှာ အလားတူ ဝင်ငွေရခဲ့တယ်ဆိုရင် တစ်မိနစ်ကို ကြော်ငြာဝင်ငွေ ဒေါ်လာ ၂၉၂၁၁၉ ရရှိခဲ့တာဖြစ်ပြီး ၂ နာရီဆိုရင် ဒေါ်လာ ၃၅ သန်းအထိ ဆုံးရှုံးရနိုင်တယ်လို့ ဆိုပါတယ်။

Meta ကုမ္ပဏီရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်ဟာ လစဉ်အသုံးပြုသူ ၃ ဘီလျံရှိပြီး အင်စတာဂရမ်ကတော့ ဒီနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ အသုံးပြုသူ ၁.၄ ဘီလျံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။