မိတ်ဆွေများအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တသက်တာ ယတြာချေနည်း

Astrology
မိတ်ဆွေများအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တသက်တာ ယတြာချေနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိတ်ဆွေများအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တသက်တာ ယတြာချေနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိတ်ဆွေများအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး တသက်တာ ယတြာချေနည်း

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကို တည်ပါ။
ပြီးရင် ရောက်ဆဲ သက္ကရာဇ်ဖြင့် ပေါင်းပါ။ ပေါင်းရကိန်းကို (၃)နှင့် မြှောက်ပြီး မြှောက်ရကိန်းကို (၇)ဖြင့် စားပါ။

အကြွင်းကို အောက်ပါ လင်္ကာအတိုင်း ယတြာချေရန် ဖြစ်ပါသည်။
“မီး ၊ ရွှေ ၊ စိုး ၊ ငါး ၊ သံဃာအား ကျွေးငြား ဆွမ်းကိုသာ ၊ ယာယီမမေ့ ၊ အမြန်ရွှေ့” ဟူ၍ ဖြစ်သည်။

၁ကြွင်းပါက

ဆီမီးသက်စေ့ ပူဇော်ရပါမည်။

၂ကြွင်းပါက

ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရပါမည်။

၃ကြွင်းပါက

ရုက္ခစိုးနတ်အား ပူဇော်ရပါမည်။

၄ကြွင်းပါက

ငါးသက်စေ့ လွှတ်ရပါမည်။

၅ကြွင်းပါက

ရဟန်း၊ သံဃာတော်များအား
အိမ်တွင် ပင့်ဖိတ်၍ ဆွမ်းကြွေးရပါမည်။

၆ကြွင်းပါက

ယာယီခရီး ထွက်ပေးရပါမည်။

၇ သို့မဟုတ် ၀ကြွင်းပါက

နေထိုင်ရာအရပ်ရွေ့ပြောင်းခြင်း (သို့) အိပ်ရာ နေရာပြောင်းအိပ်ရပါမည်။

အထက်ပါနည်းအတိုင်း နှစ်စဉ် ဆောင်ရွက်ပါက အခက်အခဲများ ကျော်လွှာကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆိုးကျိုးများပျောက်ကာ ကောင်းကျိုးရောက်စေမည် ဟုဆိုပါသည်။ မိမိကိုယ်ကို ကံညံ့နေတယ်၊ ထင်သလောက်အဆင်မပြေဘူး၊ စိတ်ရှူပ်နေရတယ် ဆိုသူများအတွက် အထူး လုပ်ဆောင်သင့်သော ယတြာချေနည်း ဖြစ်ပါတယ်။

ရေးသားသူ –Htet_Myat_Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။