ပျားရည်စစ်မစစ် စမ်းသပ်ကြည့်ကြမယ်

Knowledge
ပျားရည်စစ်မစစ် စမ်းသပ်ကြည့်ကြမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပျားရည်စစ်မစစ် စမ်းသပ်ကြည့်ကြမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပျားရည်စစ်မစစ် စမ်းသပ်ကြည့်ကြမယ်


ပျားရည်က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ဆေးစွမ်းတစ်လက်ဆိုလည်း မမှားပါဘူး။ အန်တီအောက်စီဒန့်ဓာတ် ကြွယ်ဝတဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ကောင်းကျိုးတွေ၊ ကုသပေးနိုင်တဲ့ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။

ဒါ့အပြင် ပျားရည်က အအေးမိချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့အတွက် ပျားရည်ကို ကျွန်တော်တို့တွေ နေ့စဉ်စားသုံးပေးသင့်ပါတယ်။
ဒါပေမဲ့ သဘာဝပျားရည်အစစ်လို့ ရေးထားတဲ့ပျားရည်ကို တွေ့ရင်တောင် ပျားရည်က စစ်မစစ်မသေချာပါဘူး။ ကောင်းကျိုးများစွာပါဝင်တဲ့ ပျားရည်ရဲ့ အရည်အသွေးက ကောင်းမကောင်း ကျွန်တော်တို့တွေသိဖို့ အရေးကြီးပါတယ်။

ဒါကြောင့် စာဖတ်ပရိသတ်တွေကို ပျားရည်စစ်မစစ်သိရအောင် စမ်းသပ်လို့ရတဲ့ ရိုးရှင်းတဲ့နည်းတွေကို မျှဝေပေးလိုက်ရပါတယ်။

ရှာလကာရည်နဲ့ စမ်းသပ်နည်း

ပျားရည်စစ်မစစ်စမ်းသပ်တဲ့နေရာမှာ ရှာလကာရည်ကလည်း အကူအညီဖြစ်ပါတယ်။ ပျားရည်နဲ့ ရှာလကာရည်ကို ရောစပ်ကြည့်တာကလည်း ပျားရည်စစ်မစစ်သိနိုင်တဲ့ လွယ်ကူတဲ့နည်းတစ်ခုပါပဲ။ ပျားရည်အစက်အနည်းငယ်နဲ့ ရှာလကာရည်တို့ကို ရောစပ်ကြည့်လိုက်ပါ။ အဲဒီအရောအနှောက အမြှုပ်တွေထလာတယ်ဆိုရင် ပျားရည်မစစ်ဘူးဆိုတဲ့လက္ခဏာရပ်ပါပဲ။

အပူပေးစမ်းသပ်နည်း

ပျားရည်စစ်မစစ်သိချင်ရင် မီးအပူပေးပြီး စမ်းသပ်လို့ရပါတယ်။ ဒီနည်းနဲ့ စမ်းသပ်ဖို့ဆိုရင် ပျားရည်ထဲကို ဝါဂွမ်းစနစ်လိုက်ပြီး မီးညှိကြည့်ပါ။ အဲဒီဝါဂွမ်းစ မီးလောင်ကျွမ်းရင် ပျားရည်ရဲ့အရည်အသွေးကောင်းတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အရောနှောပါတဲ့ပျားရည်က အချဉ်ဖောက်ထားတာကြောင့် ဝါဂွမ်းစကို အလွယ်တကူမလောင်ကျွမ်းနိုင်ပါဘူး။

ရေနဲ့ စမ်းသပ်နည်း

ပျားရည်စစ်မစစ်သိချင်ရင် နောက်ထပ်ရိုးရှင်းပြီးလွယ်ကူတဲ့ နည်းရှိပါတယ်။ အဲဒါကတော့ ရေနဲ့စမ်းသပ်ကြည့်တာဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ပျားရည်ရဲ့ဂုဏ်သတ္တိတွေက ရေမှာ အလွယ်တကူမပျော်ဝင်နိုင်ပါဘူး။ ရေမှာပျော်ဝင်ဖို့ဆိုရင် အားစိုက်ဖို့တော့လိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။