“နှင်းခူအတွက် ဆေးတစ်လက်”

Health Knowledge
“နှင်းခူအတွက် ဆေးတစ်လက်”

နှင်းခူအတွက် နက္ခတ္တရောင်ခြည်ကို ကျေးဇူးတင်ရတော့၏။ အကြောင်းကား တောထဲတောင်ထဲနှင်းခူစွဲ နေသောတပည့်များအတွက် နှင်းခူးပျောက်သောဆေးနည်းတစ်လက်ရ၍ဖြစ်တော့၏

နှင်းခူရောဂါကို Eczema(သို့) dermatitis ဟုခေါ်၏။ အရေပြားပေါ်တွင် အကွက်လိုက်အကွက်လိုက် ရောင်ရမ်းပြီး အရေပြားကို အလွန်ယားယံစေသောရောဂါဖြစ်လေသည်။

ဖြစ်ရသောအကြောင်းအရင်းမှာ မိမိ၀န်းကျင်တွင် မိမိခန္ခာကိုယ်ဖြင့် မတည့်သော ဓာတ်ပစ္စည်းတစ်ခုခုကို ဓာတ်တုန့်ပြန်မှု(allergic Rection)ကြောင့်ဟု ဆေးသိပ္ပံပညာအရ ဆိုပါသည်။

ဆေးနည်းမှာ

မုရိုးပင်(ခေါ်)နွားဖြူကြီးပင်၏ အရွက်(၄/၅)ရွက်အားခူးပြီး ရေစင်အောင်ဆေးရပါမည်။ထိုနောက်မြေအိုးသန့်သန့်တွင် ထည့်ကာရေသင့်ရုံဖြင့်ဆူပွတ်အောင်ပြုတ်ရပါသည်။

ထိုနောက် ယင်းနဖြူကြီးရွက်ပြုတ်ရည်ဖြင့် နှင်းခူအနာအား ဖန်ရည်ဆေးပေးပြီး ရေနံကြေးပါးပါးမျှ သုတ်လိမ်းပေးရုံဖြစ်ပါသည်။ တစ်နေ့လျှင် ဖန်ရည်သုံးကြိမ်မျှ ဆေးပေးရပါသည်။

၀န်ထမ်းဘ၀တစ်လျှောက် တောတောင်နေရာအနှံ့ တာ၀န်ထမ်းဆောင်စဉ် ရုတ်တရပ် ကြုံတွေ့ရသော ကျန်းမာရေးအခက်အခဲကို မြန်မာတိုင်းရင်းဆေးမြီးတိုလေး များဖြင့်သာ အားကိုးအားထား ကုသပေးခဲ့ရပါသည်။

တင်ပြပါ နက္ခတ္တရောင်ခြည်ပါ ဆေးနည်းဖြင့် လက်မောင်းနှင့် ခြေသလုံးပေါ်တွင် ကြီးမားပျံ့ပွား၍ အကွက်ထနှင်းခူပေါက်နေသော တပည့်(၂)ဦး၏ရောဂါအမှန်ပင်တဖြည်းဖြည်းကွယ်ပျောက် သွားခဲ့ပါသည်။

ထိုကြောင့် သိပ္ပံဆေးဝါးများဖြင့် ပြသကုသရန်ခက်ခဲသူတို့အတွက် လိုအပ်ပါက အသုံးပြုနိုင်ပါရန် သိမီသမျှဆေးမြီတိုသုတတစ်ခုအား တင်ပြလိုက်ပါသည်။

credit

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။