ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး အဆောင်ကို မီးရှို့ခဲ့လို့ လူ ၁၉ ဦး thayဆုံး

International News
ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး အဆောင်ကို မီးရှို့ခဲ့လို့ လူ ၁၉ ဦး thayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး အဆောင်ကို မီးရှို့ခဲ့လို့ လူ ၁၉ ဦး thayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး အဆောင်ကို မီးရှို့ခဲ့လို့ လူ ၁၉ ဦး thayဆုံး

ဖုန်းအသိမ်းခံရတဲ့ ကျောင်းသူက ဒေါသထွက်ပြီး မီးရှို့ခဲ့ရာကနေ ကျောင်းအဆောင် မီးလောင်ခဲ့တာဖြစ်မယ်လို့ ဂူယာနာနိုင်ငံ အာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်အစောပိုင်းက ဂူယာနာနိုင်ငံအလယ်ပိုင်း မာဒီယာမြို့မှာ ကျောင်းအဆောင် မီးလောင်ခဲ့လို့ ကျောင်းသူအများစုအပါအဝင် လူ ၁၉ ဦး thayဆုံးခဲ့ပါတယ်။

အဆောင် ရေချိုးခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆောင်တံခါး သော့ခတ်ထားတာကြောင့် ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ မီးလောင်နေချိန်မှာ အဆောင်မှူးက အထိတ်တလန့်ဖြစ်နေပြီး သော့ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် မီးသတ်သမားတွေက အဆောင်နံရံကို ဖြိုဖျက်ဝင်ရောက်ပြီး ပိတ်မိနေသူတွေကို ကယ်တင်ခဲ့ရပါတယ်။

မီးရှို့ခဲ့ဖွယ်ရှိတဲ့ ကျောင်းသူဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်နေတာကြောင့် ဖုန်းအသိမ်း ခံခဲ့ရတာပါ။ အဆောင် မီးလောင်ခဲ့တဲ့ဖြစ်ရပ်မှာ ဒီကျောင်းသူဟာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ အဆောင်ကို သူ မီးရှို့ခဲ့တာလို့ ကျောင်းသူက ဝန်ခံခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

မီးလောင်ချိန်မှာ အဆောင်အတွင်း ကျောင်းသူ ၅၇ ယောက် ရှိနေပြီး thayဆုံးသူအများစုဟာ တိုင်းရင်းသူတွေပါ။ မီးလောင်ကျွမ်းမှု အလွန်ပြင်းထန်လွန်းတာကြောင့် thayဆုံးသူတွေကို ခွဲခြားဖို့ DNA စစ်ကြည့်ရမယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarly

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။