Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ ချောင်ယွန်ဖက်

Celebrity International News
Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ ချောင်ယွန်ဖက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ ချောင်ယွန်ဖက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ ချောင်ယွန်ဖက်

အသက် ၆၈ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက်ဟာ နိုဝင်ဘာ ၁၉ ရက်နေ့က ဟောင်ကောင်-ဇူဟိုင်း-မကာအိုတံတားမှာ ပြုလုပ်တဲ့ Half Marathon အပြေးပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၁ ကီလိုမီတာ Half Marathon အပြေးပြိုင်ပွဲမှာ ၂ နာရီ ၂၇ မိနစ်အတွင်း ပြီးအောင် ပြေးခဲ့တာပါ။


တချို့ပရိသတ်တွေက ချောင်ယွန်ဖက် နောက်ဆုံးစည်းဖြတ်တာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ မောပန်းခြင်းမရှိတဲ့ပုံလည်းပေါ်ပါတယ်။ သူ့ကို လူတိုင်းက အားပေးနေချိန်မှာလည်း လူအုပ်ကြီးဆီ သူ့လက်ကို မြှောက်ပြီး ဝှေ့ယမ်းပြခဲ့ပါတယ်။

အပြေးပြိုင်ပွဲအပြီးမှာ ချောင်ယွန်ဖက်က သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်မိတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ နောက်နှစ်ကျရင်လည်း ထပ်မံပါဝင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ Half-Marathon ဟာ မကြာသေးခင်က ချောင်ယွန်ဖက် ရရှိခဲ့တဲ့ အားကစားမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သူဟာ Hong Kong Athletics Cross Country Championships မှာ ပါဝင်ခဲ့ပါတယ်။ အခုနှစ် ဖေဖော်ဝါရီတုန်းကလည်း Hong Kong Marathon မှာ ပါဝင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။