အိပ်ရေးဝရဲ့သားနဲ့ ဘာလို့ မျက်လုံးမို့ပြီး အိပ်ချင်သလိုခံစားနေရပါလိမ့်

Health Knowledge
အိပ်ရေးဝရဲ့သားနဲ့ ဘာလို့ မျက်လုံးမို့ပြီး အိပ်ချင်သလိုခံစားနေရပါလိမ့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိပ်ရေးဝရဲ့သားနဲ့ ဘာလို့ မျက်လုံးမို့ပြီး အိပ်ချင်သလိုခံစားနေရပါလိမ့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိပ်ရေးဝရဲ့သားနဲ့ ဘာလို့ မျက်လုံးမို့ပြီး အိပ်ချင်သလိုခံစားနေရပါလိမ့်

ကျွန်တော်တို့ (၈) နာရီကနေ (၉) နာရီလောက် အိပ်ထားတာတောင် မျက်လုံးမို့ပြီး အိပ်ချင်သလို ခံစားရတဲ့အချိန်တွေရှိပါတယ်။ အိပ်ရေဝရဲ့သားနဲ့ မျက်ကွင်းညိုပြီး ကောင်းကောင်းအိပ်မပျော်သလို ဖြစ်နေတဲ့အခါမျိုးမှာဆိုရင် စိတ်ညစ်ဖို့ကောင်းလှပါတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းက အိပ်ရေပျက်တဲ့အတွက်ကြောင့်လို့အများစုက ထင်ကြမှာပါ။ တကယ်တော့ နောက်ထပ်အကြောင်းအရင်းတွေရှိပါသေးတယ်။

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်းက သင့်အိပ်ချင်သလိုဖြစ်ပြီး မျက်လုံးမို့နေရခြင်း အကြောင်းအရင်းဖြစ်ပါတယ်။ မျက်စိနဲ့ သေးငယ်လွန်းတဲ့အမှုန့်အမွှား၊ အမွေးအမှင်တွေ ထိတွေ့မိတဲ့အခါ ကျွန်တော်တို့ခန္ဓာကိုယ်က ဟစ်တာမိုင်း (Histamine) လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပါတယ်။ အဲဒီဓာတုပစ္စည်းတွေက မျက်စိအောက်က သွေးကြောတွေကို ကားလာစေပြီး နီမြန်းရောင်ရမ်းခြင်းတွေဖြစ်လာစေပါတယ်။

ရေဓာတ်ကုန်ခန်းခြင်း

ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းသွားမယ်ဆိုရင် သင့်ကို ပင်ပန်းတဲ့ပုံပေါ်စေပြီး မျက်လုံးတွေ ရောင်ရမ်းလာစေပါတယ်။ မျက်လုံးတစ်ဝိုက်က အရေပြားတွေက အရမ်းထိလွယ်ခိုက်လွယ်ပြီး ရေဓာတ်ကုန်ခန်းခြင်းက မျက်လုံးတွေကို အားနည်းသလိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန် (၇) နာရီ (၈) နာရီ အိပ်ပြီးတဲ့နောက်မှာ ရေများများသောက်သုံးပေးပါ။

ဆားများတဲ့အစားအစာ စားသုံးတဲ့ပမာဏများခြင်း

ဆားများများစားသုံးခြင်းက သင့်ခန္ဓာကိုယ်က ရေတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် မျက်လုံးတစ်ဝိုက်မှာပါ။ ရေအဟန့်အတားဖြစ်ခြင်းက မျက်လုံးနားက ပါးလွန်းတဲ့အရေပြားကို ဆွဲဆန့်နိုင်ပြီး မျက်လုံးက အိပ်ချင်သလို၊ ညောင်းသလိုဖြစ်စေပါတယ်။ ဆားသုံးစွဲမှုပမာဏကို လျော့ချပြီး ရောင်ရမ်းခြင်းကို လျော့ချဖို့အတွက် ရေများများသောက်သုံးပေးပါ။

ကဖင်းဓာတ်ပမာဏများခြင်း

မနက်ခင်း ကော်ဖီတစ်ခွက်သောက်လိုက်ရတဲ့ခံစားချက်က ဘာနဲ့မှလဲလို့မရပါဘူး။ ဒါပေမဲ့ တစ်နေ့ကို ကော်ဖီ (၄-၅) ခွက်သောက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် သင့်မျက်လုံးတွေက မနက်ခင်းပိုင်းမှာ ရောင်ရမ်းနေသလိုဖြစ်နေပါလိမ့်မယ်။ ကဖင်းဓာတ်ပမာဏများခြင်းက သင့်ကို ရေဓာတ်ကုန်ခန်းစေပြီး သင့်ကို ပင်ပန်းနွမ်းနယ်သလိုဖြစ်စေပါတယ်။ ကဖင်းဓာတ်သောက်သုံးမှုပမာဏလျော့ချပြီး အန်တီအောက်စီဒန့်ဓာတ်ပါဝင်တဲ့ လက်ဖက်စိမ်းရည်သောက်သုံးပေးမယ်ဆိုရင် သင့်အသားရေကို ကျန်းမာသန်စွမ်းအောင် ကူညီပေးပါလိမ့်မယ်။

မျက်စိညောင်းခြင်း

အာရုံစိုက်ပြီးစာဖတ်ရတာ၊ အဝေးကနေ အရာဝတ္ထုတွေကို ကြည့်တာတွေက သင့်မျက်လုံးကို ညောင်းညာစေပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ မျက်လုံးအောက်က သွေးကြောတွေကို ကားလာစေပြီး မျက်ကွင်းညိုတာ၊ မျက်လုံးမို့တာတွေဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာအသုံးပြုရတဲ့သူတွေက မိနစ် (၂၀) လောက်သုံးပြီးရင် ခဏနားပေးသင့်ပါတယ်။ မျက်မှန်တပ်ဖို့လိုအပ်နေလားဆိုတာလည်း သိရဖို့အတွက် မျက်စိဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။