“ပုတိ ဘင်္ဂ မရဏ” ဖွားနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့အချက်”

Astrology
“ပုတိ ဘင်္ဂ မရဏ” ဖွားနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့အချက်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ပုတိ ဘင်္ဂ မရဏ” ဖွားနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့အချက်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ပုတိ ဘင်္ဂ မရဏ” ဖွားနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့အချက်”

“ပုတိ ဘင်္ဂ မရဏ” ဖွားဖြစ်နေတာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ နာမည်ဟာ “ပုတိ ဘင်္ဂ မရဏ” နဲ့ အစပြုထားလျှင်ဖြစ်စေ၊ အဆုံးသတ်ထားလျှင်ဖြစ်စေ သင့်ဘ၀မှာ ပြဿနာရှိနေပါပြီ ။

အထက်တန်းဖွားဘဲဖြစ်ဖြစ်၊ အောက်တန်းဖွားဘဲဖြစ်ဖြစ် ကိုယ်မှည့်ထားတဲ့ နာမည်ဟာ ပုတိ၊ ဘင်္ဂ၊ မရဏ နဲ့ အစ၊ အဆုံးပြုထားရင်တော့ နာမည်အင်အား ယုတ်လျော့ပြီး ဘဝဟာ အခက်အခဲများစွာ၊ အဆင်မပြေမှု များစွာနဲ့ ရင်ဆိုင်တွေ့ကြုံရစေနိုင်ပါတယ်။

ဒီနေရာမှာ နာမည်ရဲ့ အစနေ့နံက “ပုတိ ဘင်္ဂ မရဏ” ဖြစ်တာထက်
နာမည်ရဲ့ အဆုံးနေ့နံက “ပုတိ ဘင်္ဂ မရဏ” ဖြစ်တာ ပိုဆိုးပါတယ်။

နာမည် အစစာလုံးဟာ ဘဝအစပိုင်းကို ရည်ညွှန်းတာ ဖြစ်ပြီး နာမည် အဆုံးကတော့ ဘဝအလယ် နဲ့ ဘဝအဆုံးပိုင်းကို ရည်ညွှန်းတာဖြစ်လို့ နာမည်အဆုံးမှားတာက အစမှားတာထက် ပိုဆိုးပါတယ် ။ အသက်ကြီးလေ ကံညံ့လေဖြစ်တတ်ပါတယ်။

“ပုတိ ဘင်္ဂ မရဏ” (၃)လုံးမှာ “ပုတိ” က အားအပျော့ဆုံးဖြစ်လို့ မွေးဇာတာ ကောင်းရင်တော့ ပုတိနဲ့ စတာ သိပ်ပြဿနာမရှိပါဘူး၊ မှည့်လို့ရပါတယ်။ ဒါကတော့ ချွင်းချက်ပါ။

နာမည်အဆုံးကတော့ “ပုတိ ၊ ဘင်္ဂ ၊ မရဏ” တစ်ခုခုနဲ့ လုံးဝအဆုံးမသတ်သင့်ပါဘူး။ ဘဝပြဿနာအရပ်ရပ်ကို ရင်ဆိုင်တွေ့ကြုံရတတ်ပါတယ်။

နာမည် “အလယ်စာလုံးများ”ကတော့ ကောင်းကျိုးဆိုးကျိုး သိပ်မပေးနိုင်တဲ့အတွက် နာမည်အလယ်မှာ “ပုတိ ဘင်္ဂ မရဏ” ပါတာ (နည်းရင်) သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် သိပ်များလွန်းရင်တော့ မကောင်းပါဘူး။ နာမည်အလယ်မှာ “ပုတိ ဘင်္ဂ မရဏ” (၂)လုံးထက် ပိုများလာပြီဆိုရင်တော့ ပြဿနာ ရှိလာပါပြီ။ (နာမည်ရှည်ရှည် မှည့်တတ်သူများ သတိပြုပါ)

ဒါကြောင့် မဟာဘုတ်အဖွားမှာ “ပုတိ ၊ ဘင်္ဂ ၊ မရဏ” ဖွားများဖြစ်တာ ပြဿနာမဟုတ်ပါ ။ သို့သော်ငြားလည်း နာမည်မှည့်ရာမှာတော့ နာမည် အစစာလုံးသည် (ပုတိ ၊ ဘင်္ဂ ၊ မရဏ) ဖြစ်နေလျှင်သော်၎င်း ၊ နာမည် အဆုံးလုံးသည် (ပုတိ ၊ ဘင်္ဂ ၊ မရဏ) ဖြစ်နေလျှင်သော်လည်း မိမိဘဝသည် သာမန်ထက် အခက်အခဲပိုများနေတတ်ပြီး ဘဝပြဿနာ အရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရမှု များပြားနေတတ်ပါတယ်။ ဘဝအောင်မြင်ကြီးပွားရေးမှာလည်း (ဖြစ်သင့်ဖြစ်ထိုက်သည်ထက်) ပိုမိုနည်းပါးနေတတ်ကြောင်း တင်ပြအပ်ပါသည်ခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။