ဗန်းမော်ဆရာတော်ဘုရားကြီးဘ၀နတ်နန်း စံမြန်းတော်မူပြီ

Local News Religion
ဗန်းမော်ဆရာတော်ဘုရားကြီးဘ၀နတ်နန်း စံမြန်းတော်မူပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗန်းမော်ဆရာတော်ဘုရားကြီးဘ၀နတ်နန်း စံမြန်းတော်မူပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီးဘ၀နတ်နန်း စံမြန်းတော်မူပြီ

အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးပါ

ဗန်မော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသ သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်သည်၊ (နဝမမြောက်) ဗန်းမော်ဆရာတော်ဟူ၍လည်း သိရှိကြသည်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှဖွားမြင်ခဲ့သည်။ မွေးချင်းရှစ်ယောက်ရှိရာတွင် စတုတ္ထမြောက်သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။

ကောဇာ ၁၃၂၄ ခုနှစ် ဝါဆိုလမှစ၍ မစိုးရိမ်တိုက်သစ် ပထမဆရာတော် ဦးသူရိယာဘိဝံသ၏ မိန့်ကြားချက်အရ ဗန်းမော်တိုက်တွင် စတင်သီတင်းသုံးခဲ့ပြီး ထိုစဉ်အခါ မထေရ်မြတ် ရောက်စ၌ ရှေးကျောင်းဆောင်ကြီး တစ်ဆောင်သာရှိခဲ့၏။ စတင်သီတင်းသုံးစဉ်က ဆရာတော်၏ အသက်အရွယ်မှာ(၃၃)နှစ်သာ ရှိသေး၏။ ကြမ်းဆွေးကျောင်းအို၊ လက်ရမ်းပြို၊ အမောင်ဘယ်လို လျှောက်မှာနည်း။ ရဟန်းပျိုပျို၊ ကျောင်းအိုအို၊ အမောင် မည်သို့ နေမည်နည်း ဟု ပြောရမလို ကျောင်းအို ကျောင်းဆွေးကြီးမှာ နှစ်ပေါင်းများစွာ သာသနာ ပြုခဲ့ရ၏။

ယနေ့အချိန်မှာတော့ ဆရာတော် သီတင်းသုံးသည့်ကာလတလျောက် တိုးတက်ဖြစ်ထွန်းလာသော ကျောင်းဆောင်များမှ လက်ချောင်း ခြေချောင်းမက များပြားလှတော၏။ ယခုအခါ ဆရာတော်သည် မန္တလေးမြို့၊ မဟာအောင်မြမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရင်း ပြည်တွင်း၊ ပြည်ပ သာသာနာပြုတာဝန်များကို အားကြိုးမာန်တက် ဆောင်ရွက်တော်မူလျက် ရှိသည်။

ရေးသားသူ –Ashin Neminda

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။