အရေပြား နဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး

Health
အရေပြား နဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အရေပြား နဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရေပြား နဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး

ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးရှိကြောင်း ရေးသားထားတဲ့ ဆောင်းပါးအမြောက်အများ ရှိပါတယ်။ အရေပြားကျန်းမာရေးအတွက်ပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခါးဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ကြက်ဟင်းခါးသီးဟာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အောက်ပါ အရေပြားပြဿနာတွေကို ကာကွယ်ပေးပါတယ်။

၁-ယားယံခြင်း

ယားယံခြင်း ဖြစ်ပွားရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။

ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ နနွင်း၊ ကြက်ဟင်းခါးသီးအနှစ်နဲ့ ရှာစောင်းလက်ပတ် အနှစ်တွေကို ရောပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်ပေးရပါတယ်။

မိနစ် ၂၀ ခန့်ကြာပြီးသွားရင်တော့ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

၂-ဆဲလ်သေ တွေကို ဖယ်ရှားပေး

ကြက်ဟင်းခါးသီးအနှစ်ဟာ ချွေးပေါက်တွေအတွင်းက အညစ်အကြေးတွေနဲ့အရေပြားက ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးအနှစ်ကို အရေပြားမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ လိမ်းတဲ့အခါမှာလည်း

အနည်းငယ်နှိပ်နယ်ပေးပြီး ရေသန့်သန့်နဲ့ ပြန်ဆေးပေးရမှာဖြစ်ပါတယ်။

၃-ဝက်ခြံ

ရောင်နေတဲ့ ဝက်ခြံတွေကို ကုသရာမှာလည်း ကူညီပေးပါတယ်။ ကြက်ဟင်းခါးသီး အနှစ်ကို ဒိန်ချဉ်အနည်းငယ်နဲ့ ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခဏထားပြီး ဆေးပစ်ရမှာ ဖြစ်ပါတယ်။

၄-အနီကွက်ထခြင်း

ကြက်ဟင်းခါးသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေနဲ့ ပရိုတိန်းပမာဏ အမြောက်အများ ပါဝင်ပါတယ်။ အရေပြားမှာ ဖြစ်ပွားတဲ့ အနီကွက်တွေကို သက်သာစေပါတယ်။ ကြက်ဟင်းခါးသီးအနှစ်ကို ဖြစ်ပွားရာ မျက်နှာပြင်မှာလိမ်းပြီး ခဏထားကာ ဆေးချရမှာ ဖြစ်ပါတယ်။

၅-ယားယံခြင်း

ယားယံတာတွေကိုလည်း ကြက်ဟင်းခါးသီးနဲ့ ကုသပေးလို့ရပါတယ်။ ကြက်ဟင်းခါးသီး အနှစ် ကို လိမ်းကြံပေးရုံပဲ ဖြစ်ပါတယ်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။