June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၁)

Astrology
June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

June လ အတွက် ၁၂ ရာသီခွင်များ ကံကြမ္မာ အပိုင်း-(၁)
Aquarius

 

ဇွန်လက Aquarius ရာသီခွင်တွေအတွက် စိန်ခေါ်မှုလေးတွေရှိနေတယ် ။ နံပါတ်တစ်အချက်အနေနဲ့ ကျန်းမာရေးပေါ့ ။ ကျန်းမာရေးမှာ ကိုယ်ကျန်းမာရေးကိုသိပ်စိတ်မပူပေမယ့် စိတ်ကျန်းမာရေးမှာတော့ အနည်းငယ်စိတ်ပူတယ် ။ Stress နဲ့ပတ်သက်တာ ၊ စိတ်မွန်းကြပ်တာတွေကို ထိန်းချုပ်ဖို့ခက်နေမယ် ။ ကိုယ်က အိပ်ချိန်စားချိန်မမှန်တဲ့သူ ၊ အထိုင်များတဲ့သူ ၊ ဦးနှောက်စားရတဲ့လုပ်ငန်းခွင်မျိုးရှိရင် ပိုလို့သတိပြုရမယ် ။ အာရုံကြော ၊ မျက်စိ ၊ ခါးနဲ့ပတ်သက်လို့အားနည်းတတ်တယ် ။ ကွန်ပြူတာအသုံးများသူ ၊ ဖုန်း Screen Time များသူတွေ သတိတရလေ့ကျင့်ခန်းလုပ်ပေးတာ ၊ မျက်စိကိုအနားပေးတာမျိုး ရှိသင့်တယ် ။

လူမှုရေးပိုင်းကိုလည်း ဒီတစ်လတော့သိပ်အားမရဘူး ။ မိသားစုပြသနာများတတ်တယ် ။ တိုက်ရိုက်မကြုံရင်တောင် ရင်းနှီးသူ ၊ ဂရုစိုက်ရသူတစ်ဦးဦးရဲ့သတင်းကြောင့် စိတ်ရှုပ်ရတတ်တယ် ။ ဖခင်နဲ့ဆက်ဆံရေး ၊ ဒါမှမဟုတ် မိခင်က Strong ဖြစ်တဲ့ Character ရှိရင်လည်း စကားချင်းချိတ်မိတတ်လို့ တစ်ချက်သတိပြုရမယ် ။

လက်တွဲဖော်နဲ့ကိုယ့်အကြား အရှိန်နှေးနှေးနဲ့ အပေးအယူမျှမျှသွားစေချင်တယ် ။ မာနချင်းပြိုင်နေတတ်တယ် ။ ကိုယ့်စိတ်နဲ့ကိုယ်အဆင်မပြေတဲ့လပါ ။ ပေးချင်တာတွေ မရောက်တတ်ဘူး ။ ပြောချင်တာတွေ မကြားတတ်ဘူး ။ ပြသနာကြီးကြီးမဟုတ်ပေမယ့် များသောအားဖြင့် ကိုယ့်ဖက်က Overreact လုပ်မိနေတာ ၊ Overthink ဖြစ်တာမျိုး ဖြစ်နေတတ်တယ် ။ စိတ်ထဲပေါ်တိုင်း ဆက်ခနဲမပြောလိုက်နဲ့ ။ သူ့အလွန်ကနေ ကိုယ့်အမှားဖြစ်လာတတ်တယ် ။

စီးပွားရေးသမားတွေအနေနဲ့ အဆုံးအရှုံးမရှိပေမယ့် အမြတ်နည်းတတ်တယ် ။ လူယုံကို မပုံထားသင့်တဲ့ကာလပါ ။ ဇွန်လလည်လောက်အထိ ကြီးကြီးမားမား Risk ယူစရာတွေ သတိပိုစေချင်တယ် ။ လုပ်လို့မရဘူးတော့မဟုတ် စနစ်တကျလေးသွားပါ ။ သေသေချာချာ Background Check လုပ်ပါ ။ စပ်တူကိစ္စတွေတော့ ရှောင်ထားနိုင်ရင်ပိုကောင်းတယ် ။

အချိန်အတိုင်းအတာအရပြောရင် ဇွန်လပထမနှစ်ပတ်က အနီးကပ်ဆက်ဆံရေးတွေအညံ့ရှိတယ် ။ စကားအပြောအဆို ၊ စိတ်အတက်အကျလေး သတိပြုရမယ် ။ လက်ရှိအချစ်ရေးအဆင်မပြေသူတွေ လဆန်းပိုင်းမှာပဲ အလှုပ်အခတ်သိသာတတ်တယ် ၊ အချိန်တိတိကျကျဆို ငါးရက်နေ့ပတ်လည်ပေါ့ ။ ကြီးကြီးမားမားညှိယူဖို့ရှိရင် ချက်ကျလက်ကျစဥ်းစားပြီး ဖြစ်ချင်တာကိုတစ်ချက်ချင်းပြောပါ ။ အရေးကြီးကိစ္စတွေ လကုန်ပိုင်းရွေ့နိုင်ရင်ပိုကောင်းပါတယ် ။ ဇွန်ဟာ Emotion အသားမပေးသင့်တဲ့လဖြစ်ပါတယ် ။ လက်တွေ့ဆန်ဆန်သွားလေ အကျိုးများစေပါလိမ့်မယ် ။

Virgo

Virgo ရာသီခွင်တွေအတွက် စိတ်လှုပ်ရှားစရာတွေရှိနေတယ် ။ ဇွန်လကလည်း ၂၀၂၃ ရဲ့ပျော်စရာလတွေထဲက လတစ်လဖြစ်ပါလိမ့်မယ် ။ နှစ်စကတည်းက စိတ်ကူးယဥ်နေတာတွေနဲ့ပတ်သက်ပြီး လက်တွေ့ဖြစ်လာတော့မယ် ။ လုပ်ချင်တာတွေများမယ် ၊ လုပ်ဖြစ်တာတွေလည်းများတယ် ။ အချိန်သေချာ Manage လုပ်ဖို့ပဲ တစ်ချက်ပြန်ကြည့်ရမယ် ။ သိသိသာသာအားကောင်းနေတာတော့ အလုပ်ကံလို့သတ်မှတ်ချင်တယ် ။ အလုပ်နဲ့ပတ်သက်လို့ မျက်နှာပွင့်မယ် ။ ရာထူးလစာနဲ့ပတ်သက်လို့ သတင်းကောင်းရှိတတ်တယ် ။ လက်ရှိအလုပ်ရှာနေသူတွေ အလုပ်ပြောင်းဖို့ချိန်ဆနေသူတွေ သင့်တော်တာမြင်တာနဲ့ ရဲရဲရှေ့တိုးလို့အဆင်ပြေပါတယ် ။

လူမှုရေးပိုင်းကြည့်ရင်တော့ အဖြေနှစ်ခုထွက်နေတယ် ။ Professional ဆက်ဆံရေးနဲ့ အနီးကပ်ဆက်ဆံရေးလေးတွေ ချိန်ခွင်မညီတာမျိုးဖြစ်တတ်တယ် ။ အလုပ်မှာစန်းတက်ရင် မိသားစုနဲ့အချစ်ရေးတစ်ခုခုမှာ စိတ်ရှုပ်စရာပေါ်တတ်တယ် ။ ဒီလိုပဲ အချစ်ရေးအဆင်ပြေနေရင်လည်း မိသားစုပြသနာ ၊ အလုပ်မှာအကြီးအကဲနဲ့ပြသနာရှိတာမျိုး သတိပြုရမယ် ။

ကျန်းမာရေးအဆင်ပြေပါတယ် ။ အစာအိမ် ၊ လေနဲ့ပတ်သက်လို့တော့ တစ်ချက်သိထားရမယ် ။ နောက်တစ်ခုကမျက်မှန်သမားတွေ မျက်စိအားနည်းတတ်တယ် ။ ပိုတိတိကျကျဆိုရင် ညာဖက်မျက်စိ ၊ မျက်ရိုးကိုက်ခဲတာမျိုး မြင်မိတယ် ။ ကြီးကြီးမားမားစိတ်ပူစရာမျိုး မရှိပါဘူး ။

နောက်တစ်ခုက စီးပွားရေး ။ စီးပွားရေးအဝင်များသလို အထွက်များပါလိမ့်မယ် ။ ငွေစုဖို့တော့ခက်မယ် ၊ ငွေကိုငွေအတိုင်းကိုင်မထားတာ ပိုကောင်းလိမ့်မယ် ။ ဖြုန်းချင်တာတွေရှိရင်တော့ ပျော်ပျော်ကြီးသုံးဖြစ်လိမ့်မယ် ။ မိသားစုထဲ ကျန်းမာရေးကိစ္စကြောင့် ငွေထွက်ရတတ်လို့ အကျဥ်းကျသူ ၊ နာမကျန်းသူကိုဆေးဖိုးဝါးခလှူပေးတာမျိုး လုပ်စေချင်တယ် ။

နှလုံးသားရေးတော့ အလှုပ်အခတ်ရှိပါတယ် ။ ချစ်သူရည်းစားတွေအတွက် ပြသနာသိပ်မရှိပေမယ့် အတူနေထိုင်တဲ့အချစ်ရေးတွေ ၊ အိမ်ထောင်ရေးတွေတော့ သတိရှိရမယ် ။ ဒီတစ်လက ပင်ကိုယ်အားအင်အရ Strong ဖြစ်တာမျိုးမို့လို့ ကိုယ့်ဖက်ကပိုပြီး Aggressive ဖြစ်နေတတ်တယ် ။ အကျိုးဆက်အနေနဲ့ကိုယ်ကဆတ်ဆတ်ကြဲ လက်တွဲဖော်က အေးအေးချမ်းချမ်းသမားဖြစ်နေရင် ဒါမှမဟုတ် သူက Insecure များတဲ့သူ ၊ Sensitive ဖြစ်လွယ်သူမျိုးဆို ရှောင်ဖို့ခက်လိမ့်မယ် ။

အရင်ထဲကအားမရတာအောင့်ထားတာတွေ ခရားရေလွှတ်ပြောမိတာမျိုးပေါ့ ။ ရေလိုက်ငါးလိုက်လေး နေတတ်ရမယ် ။ အချစ်ရေးမှာ သူ့ကြောင့်စိတ်ပျက်ရတတ်လို့ ဒီလထဲအဖြေတောင်းဖို့စဥ်းစားတာ ၊ လက်ထပ်ခွင့်တောင်းဖို့တွေးထားတာမျိုးမှာ သေသေချာချာတီးခေါက်ကြည့်ပြီးမှ စကားဆက်သင့်ပါတယ် ။

Leo

Leo ရာသီခွင်တွေ လက်ရှိအဆင်မပြေတာရှိနေရင် အကောင်းဖက်ပြန်ကျော့လာတော့မယ် ။ ယုံကြည်ချက်နည်းနေတာ ၊ စိတ်ဓာတ်ကျနေတာမျိုးမှာ ကိုယ်ဘာဖြစ်ချင်လဲသဲသဲကွဲကွဲဖြစ်လာပြီး ပြန်ရုန်းထနိုင်တော့မယ် ။ ဒီနေရာ Catch တစ်ခုရှိတာက ဒဏ်ရာတွေပျောက်သွားတာမျိုးထက် ဝေဒနာကိုလက်ခံလိုက်တာ ၊ ဥပေက္ခာပြုထားနိုင်တာမျိုး ပိုသက်ရောက်တယ် ။ ပြောချင်တာက ကိုယ့်ဆန္ဒတွေတော့ဖြစ်လာမယ် ၊ ဒါပေမယ့် အချို့အရာတွေစိတ်လိုလက်ရ စွန့်ပစ်ခဲ့ရနိုင်တယ် ။ ခေါင်းမာနေရင်တော့ နောက်ကောက်ကျမှာပဲ ။ မြန်မြန်ပစ်ချနိုင်လေ မြန်မြန်ပေါ့ပါးပြီး ခရီးရောက်ပါလိမ့်မယ် ။

ဇွန်လဟာ Leo တွေအတွက် နှလုံးသားရေးအပေါင်းလက္ခဏာရှိပါတယ် ။ Mood အရလည်းကောင်းနေမယ် ၊ ကံအထောက်အပံ့အရလည်း အားရဖို့ကောင်းတယ် ။ Leo Single တွေ ၂၀၂၃ ထဲချစ်သူထားဖို့အစီအစဥ်ရှိရင် ဒါမှမဟုတ် အဖြေပေးဖို့တွေဝေနေတာမျိုးရှိရင် ဇွန်လထဲ Relationship စတင်တာ အစကောင်းစေပါလိမ့်မယ် ။

သူ့ချည်းပဲလားဆိုတော့ ချစ်သူရည်းစားတွေ ၊ အိမ်ထောင်ရေးတွေလည်း အကောင်းဖက်ရှိတယ် ။ Healing ဖြစ်တဲ့သဘောမို့ မတူတာတွေရှိလည်း လက်ခံနိုင်လာမယ် ။ ပြေလည်ဖို့ရွေးချယ်နိုင်မယ် ။ Flexible ပုံစံလေးနဲ့ ပိုပြီးနီးစပ်လာလိမ့်မယ် ။ နောက်တစ်ခုက သားသမီးနဲ့ပတ်သက်လို့ ၊ သားသမီးယူဖို့ကိစ္စနဲ့ပတ်သက်လို့ စိတ်ပျော်ရတတ်တယ် ။

ကျန်းမာရေး အသင့်အတင့်ထက်ပိုပါတယ် ။ အထူးသဖြင့် စိတ်ကျန်းမာရေးပေါ့ ။ စိတ်ကြောင့်အောင်မြင်ခြင်း ၊ စိတ်ကြောင့်သက်သာရာရခြင်းလို့မြင်လို့ အကောင်းမြင်ပါ ။ ခွင့်လွှတ်ပါ ။ Miracle သဘောမျိုးမမျှော်လင့်သင့်ပေမယ့် စိတ်ပေါ့ပေါ့ပါးပါးနေနိုင်ခြင်းကြောင့် ရောဂါတစ်ဝက်သက်သာပါလိမ့်မယ် ။

ဇွန်လထဲကံတက်လာတဲ့အထဲမှာ Career ပိုင်းကတော့ အဓိကနေရာဖြစ်မယ်ထင်တယ် ။ ပညာရေးအရ အလုပ်အခွင့်အလမ်းအရတက်လမ်းရှာနေသူတွေ စိတ်ကျေနပ်ခြင်းရှိမယ် ။ အဆက်အသွယ်ကတဆင့် အဆင်ပြေနိုင်တဲ့လပါ ။ ဒီအတွက်အကြံဥာဏ်တောင်းပါ ၊ တစ်ယောက်ထဲမဖြေရှင်းပါနဲ့ ။ ကိုယ်မြင်တာထက် ဘေးကအမြင်လည်းအရေးကြီးတယ်ဆိုတာမျိုး လက်ခံထားသင့်တဲ့ကာလဖြစ်ပါတယ် ။

ငွေကြေးစီးပွားအရလည်း မထင်မှတ်ပဲငွေအလုံးအရင်းရတာ ၊ စီးပွားတက်တာမျိုးအထိ မျှော်လင့်ထားနိုင်တယ် ။ Blocked ဖြစ်နေတာတွေ ပြေလျော့လာမယ် ။ ဆုံးပြီထင်ထားတဲ့ငွေ ကြန့်ကြာနေတဲ့ငွေတွေ ပြန်ရတတ်တယ် ။ ဒီနေရာသတိပြုဖို့က အတိတ်ကုသိုလ်ကံကြောင့်ရမယ့်ငွေမို့ ဘာသာရေးကိုအားစိုက်ပါ ။ ဖခင် ၊ ဆရာသမား ၊ တရားဓမ္မနဲ့ပတ်သက်လို့ အကျိုးအမြတ်ရှိမယ် ။ ထီကံစမ်းနိုင်ပါတယ် ။ လောဘရှေ့ထားတာမျိုးထက် မိဘကိုအလုပ်အကျွေးပြုဖို့ ၊ အလှူအတန်းလုပ်ဖို့စသဖြင့် ရည်ရွယ်ချက်သန့်သန့်ထားတာမျိုးကပဲ ရလာစေလိမ့်မယ် ။

Cancer

Cancer ရာသီခွင်တွေအနေနဲ့တော့ ဇွန်လအတွင်း အကောင်းအဆိုးလေးရောနေတယ်လို့ ပြောရမယ် ။ ပထမဦးဆုံးသိသိသာသာမြင်မိတာတော့ ဇွန်လအတွင်းမှာ ကျန်းမာရေးကိစ္စအနှောင့်အယှက်ရှိတတ်တယ် ။ အဓိကကတော့ စိတ်သွားတိုင်းကိုယ်မပါတာ ၊ Anxiety များတာ ၊ ကိုယ့်ကိုကိုယ် ဖိအားမတန်တဆပေးတာမျိုး သတိထားရှောင်ရမယ် ။ Physical ပိုင်းမှာ ခြေဆစ် ၊ ဒူးခေါင်း အင်္ဂါဇာတ်နဲ့ပတ်သက်လို့ ဂရုစိုက်ရမယ် ။

သူနဲ့တစ်ပါထဲတွဲမြင်မိတာကတော့ လက်တွဲဖော်နဲ့မိသားစုဝင်တွေထဲလည်း ကျန်းမာရေးအညံ့ရှိတတ်တယ် ။ အထူးသဖြင့် မိခင်နဲ့အိမ်ထောင်ဖက်ပါ ။ သူတို့နဲ့ပတ်သက်လို့ နှလုံးအားနည်းတာ ၊ မောပန်းလွယ်အားကုန်လွယ်တာမျိုး သတိပြုပါ ။ စိုးရိမ်ဖို့မလိုပေမယ့် ဒီလပိုင်းမှာ ဆေးဝါးနဲ့ပတ်သက်လို့စျေးအတက်ရှိတာ ၊ ပစ္စည်းပြတ်လတ်တာရှိတတ်လို့ ရောဂါအခံရှိသူဆို သောက်နေကျဆေးဝါးတွေ ဖြည့်တင်းထားတာမျိုး ပို Safe ဖြစ်စေလိမ့်မယ် ။

ငွေကြေးပိုင်း ကောင်းမွန်ပါတယ် ။ အဝင်များမယ် ၊ အထွက်လည်းများလိမ့်မယ် ။ လက်တွေ့ဆန်ဆန်တော့သွားပါ ။ လုပ်ငန်းတိုးချဲ့ဖို့ အဆင်ပြေပါတယ် ။ စနစ်တကျ တွက်ချက်အသုံးပြုတဲ့ငွေမှာ အကျိုးအမြတ်ရဖို့ရှိတယ် ။ ဒီလိုပဲစိတ်လောပြီးကူညီလိုက်တာ ၊ ချေးငှားတာ အလောတကြီးရင်းနှီးမြုပ်နှံလိုက်တာမျိုးမှာတော့ အဆုံးအရှုံးရှိတတ်တယ် ။ ဇွန်လအတွင်း လိုအပ်တဲ့အရာအတွက်ရော မလိုအပ်တာတွေအတွက်ရော ငွေထွက်နေမယ် ။

အချစ်ရေးအရ အတက်အကျလေးတွေရှိမယ် ။ ချစ်ကြည်နူးမယ် ၊ ခနနေစိတ်အခန့်မသင့်ဖြစ်ပြီး နားလည်မှုလည်း ရှာယူရဖို့ရှိတယ် ။ အထူးသဖြင့် နှစ်ကာလကြာတဲ့အချစ်ရေးတွေ ၊ အိမ်ထောင်ရေးတွေမှာပိုသိသာမယ် ။ စိတ်လှုပ်ရှားမှု ၊ အထိအတွေ့ပိုင်းနဲ့ပတ်သက်လို့ ပြသနာဖြစ်ရတတ်တယ် ။ ဘယ်လိုကျော်လွှားမလဲဆို ညင်ညင်သာသာပြောပါ ၊ ချော့ပြောပါ ညှိယူပါ ။ အချစ်ရေးမှတော့မဟုတ်ဘူး ၊ လူမှုရေးမှာလည်း စကားကျွံနှုတ်မရဖြစ်တတ်တယ် ။ ကိုယ်မှန်ရင်တောင် တုန့်ပြန်ပုံမှားတတ်လို့ Extra Care လုပ်ထားတာ မမှားဘူးမြင်ပါတယ် ။

Career ပိုင်းကိုကြည့်တဲ့အခါမှာ ကောင်းတဲ့အရိပ်အယောင်လေးတွေ မြင်လာရပါပြီ ။ ရုတ်ချည်းပြောင်းလဲတာမျိုးတော့ မဟုတ်သေးဘူး ။ တရိပ်ရိပ်နဲ့ လမ်းကြောင်းမှန်ရောက်လာတာ ၊ အရှိန်ရလာတာမျိုးဖြစ်ပါလိမ့်မယ် ။ အမှန်မြင်လာမယ် ၊ အကြံကောင်းရလာမယ် ။ အားထုတ်မှုပိုင်းမှာတော့ အားမရသေးဘူး ။

စိတ်သွားပေမယ့် ကိုယ်ပါဖို့ခက်ဦးမယ် ။ ကြန့်ကြာတဲ့သဘောလေး ရှိသေးတယ် ။ နှစ်ခါကြိုးစားရတတ်တယ် ။ ပန်းတိုင်မရောက်သေးရင်တောင် ဇွန်လဟာ အစကောင်းပါတယ် ။ ဒီလမှာဆုံတွေ့တဲ့သူ ၊ ဒီလကစပြီး ချလိုက်တဲ့ Plan တွေ ၊ ပြင်ဆင်လိုက်တဲ့အကျင့်တွေ ၊ စတင်မယ့် Routine အသစ်တွေ တာရှည်ခံပါလိမ့်မယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။