၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( August 7 to August 13 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေး အရ အားနည်းနေပါမယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းမွန်အောင် ကြိုးစားပေးပါ။ မိမိကိုယ် မိမိ အလွန်အကျွံ ဖိအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။

ယခုအပတ်တွင် ကူညီတတ်သည့် အလေ့အကျင့်ကို အခွင့်ကောင်းယူကာ မိမိအပေါ် အမြတ်ထုတ်မှုနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အမြဲလိုလို စေတနာထားခြင်းက တခါတရံ ထိခိုက်နစ်နာ စေနိုင်သည်ကို သတိထားပေး ရပါမယ်။

ပြိဿရာသီခွင် – Taurus ( August 7 to August 13 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် ကိုယ်ရေးကိုယ်တာ တာဝန်များနှင့် ကျန်းမာရေး အကြား မျှတမှုရှိအောင် ထိန်းသိမ်းရန် လိုအပ်ပါမယ်။ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် အလေးထား ဆောင်ရွက်ပေးရပါမယ်။ အကျိုးခံစားခွင့်များနှင့် အတူ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိလာပါမယ်။

သို့သော် ဤကာလအတွင်း ငယ်ရွယ်သော မိသားစုဝင်များနှင့် အဆက်မပြတ် ငြင်းခုံမှုများ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် သဘောထား ကွဲလွဲမှုတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ပေါ်စေနိုင်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( August 7 to August 13 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အရ အားနည်းနေနိုင်ပါမယ်။ အထူသဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးနေတတ်ပါတယ်။ ဆုံးဖြတ်ချက်များကို ကောင်းမွန်စွာ ချမှတ်နိုင်မည် မဟုတ်ပေ။

ဤကာလအတွင်း ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ခြေ ရှိနေပါတယ်။ သို့သော် မမှန်ကန်သော ကိစ္စရပ်များကို ရှောင်ကြဉ်ပေးရန် လိုအပ်ပါလိမ့်မယ်။ မဟုတ်ပါက နောင်တစ်ချိန်တွင် မိမိ၏ ပုံရိပ်ကို ထိခိုက်စေကာ ငွေကြေး ဆုံးရှုံးမှုများ ရှိလာနိုင်ပါမယ်။

ယခုအပတ်တွင် မိသားစုဝင်များထံမှ မျှော်လင့်ထားသည်ထက် ပံပိုးကူညီမှုများ ရရှိနိုင်ပါမယ်။ ကြုံတွေ့နေရသော အခက်အခဲများမှ သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် မိမိ၏ အခက်အခဲများကို ပွင့်ပွင့်‌လင်းလင်း ပြောဆိုပေးရန် လိုအပ်ပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( August 7 to August 13 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ စိတ်အားထက်သန်မှုတို့ကြောင့် အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေးအရ ကြီးမားသော အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။ ဒါ့အပြင် လုပ်ငန်းသစ်များကို စတင်နိုင်ပါမယ်။ သို့သော် မည်သည့် ရင်းနှီးမြုပ်နှံမှုကိုမဆို ဆုံးဖြတ်ချက်မချမီ အားသာချက်များနှင့် ချို့ယွင်းချက်များကို ဂရုတစိုက် ကြည့်ရှုပေးပါ။ လိုအပ်ပါက အတွေ့အကြုံရှိသူများထံမှ အကူအညီများ ရယူပေးပါ။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစုဘဝတွင် ဖိအားတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သို့သော် စိတ်ဓာတ်မကျပါနှင့်။ ကြုံတွေ့နေရသော အခက်အခဲများကို ငြီးငြူခြင်း၊ အချိန်ဖြုန်းခြင်းထက် ကြိုးစားဖြေရှင်းနိုင်မှသာ လွတ်မြောက်နိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( August 7 to August 13 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ သို့သော် ခါးနာခြင်း ဝေဒနာ ခံစားရနိုင်ခြေ ရှိနေသောကြောင့် အလေးအပင် မခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။

ဤကာလအတွင်း အသုံးစရိတ်တို့သည် မြင့်မားနေတတ်ပါတယ်။ အထူးသဖြင့် ရပ်ဝေးတွင် ရောက်ရှိနေကြသော Leo ရာသီခွင်များ အနေနဲ့ ငွေကြေး ပိုမိုသုံးစွဲရတတ်ပါတယ်။

မိသားစုဝင်များနှင့်အတူ နေအိမ်အတွက် ပြုပြင်ပြောင်းလဲမှု အချို့ပြုလုပ်ရန် စီစဉ်နိုင်ပါတယ်။ ဤကာလအတွင်း မိမိ၏ ခံစားချက်များကို တန်းဖိုးထားသူ ဒါမှမဟုတ် ရင်းနှီးသော သူငယ်ချင်းများအား ဖွင့်ဟပြောဆိုပေးပါ။ နှစ်သိမ့်မှုနှင့်အတူ စိတ်ခွန်အားများ ပြန်လည်ရရှိလာပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( August 7 to August 13 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အကယ်၍ နာတာရှည် ရောဂါများ ခံစားနေရပါက သက်သာရာ ရရှိနိုင်ပါမယ်။ စိတ်ပိုင်းဆိုင်ရာ အရ တက်ကြွမှုရှိကာ အလုပ်များကို အားတက်သရော လုပ်ဆောင်နိုင်ပါမယ်။

ဤကာလအတွင်း ငွေရေးကြေးရေးအားဖြင့် ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိနိုင်ပါမယ်။ ကံတရား အားပေးထောက်ပံ့မှုကို အသုံးချကာ ဘဏ္ဍာရေး တိုးတက်မှုရှိအောင် ကြိုးစားပေးပါ။

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ မိသားစုဘဝဆီသို့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကို ယူဆောင်လာပါလိမ့်မယ်။ မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ နေရာ သို့မဟုတ် ဆွေမျိုးများ၏ နေရာဒေသကို သွားရောက်ရန် စီစဉ်နိုင်ပါတယ်။

တူရာသီခွင် – Libra ( August 7 to August 13 )
========================================

ယခုအပတ်သည် Libra ရာသီခွင်များ အတွက် စိတ်ခံစားချက် ပြင်းထန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် ဒေါသကို ထိန်းချုပ်ရန် လိုအပ်ပါလိမ့်မယ်။ စိတ်တည်ငြိမ် အေးခြမ်းမှုကို ရရှိစေရန် တရားထိုင်ပေးပါ။

အကယ်၍ ရေရှည်ရင်းနှီးမြုပ်နှံထားပါက ယခုအပတ်တွင် အကျိုးအမြတ် ကြီးကြီးမားမား ရရှိနိုင်ပါမယ်။ သို့သော် မိသားစုဝင် အကြီးအကဲများနှင့် တိုင်ပင်ပြီးမှသာ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ချမှတ်ပေးပါ။

မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ ဒါ့အပြင် ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( August 7 to August 13 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြောင်းအလဲ အချို့ ကြုံတွေ့ရတတ်ပါတယ်။ အချို့သော ရာသီခွင်များ အနေနဲ့ ခံစားနေရသော ရောဂါ ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ ခန္ဓာကိုယ် ကျန်းမာစေရန် အတွက် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ သေးငယ်သော ရင်းနှီးမြုပ်နှံမှုများမှပင် အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။

အခြားသူများထံမှ အကူအညီကို ရယူခြင်းထက် မိမိကိုယ်တိုင် တတ်နိုင်သမျှ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။

ဓနုရာသီခွင် – Sagittarius ( August 7 to August 13 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ် နေနိုင်ပြီး စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ခရီးဝေး သွားလားခြင်းများကို ရှောင်ကြဉ်ပေးပါ။ ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးရပါမယ်။ ယခင်က ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ငွေကြေး အကျိုးခံစားခွင့် ရရှိနိုင်သော်လည်း အချို့သော တောင်းဆိုမှုများကို ဖြည့်ဆည်းရခြင်းကြောင့် ငွေကြေး သုံးစွဲရနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတို့နှင့် တွေ့ဆုံရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( August 7 to August 13 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေး ညံ့ဖျင်းနေတတ်ပါတယ်။ ကိုယ်ခံအားနည်းခြင်းကြောင့် ရောဂါ ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းများနှင့် အတူ လုံလုံလောက်လောက် အနားယူပေးပါ။

ဤကာလအတွင်း မိသားစုရေးရာ လိုအပ်ချက်များ အတွက် ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဘဏ္ဍာရေး အခြေအနေသည် အနည်းငယ် ခက်ခဲနေနိုင်ပါမယ်။ ဝင်ငွေ ရရှိနိုင်သော်လည်း လက်ထဲတွင် မတည်မြဲနိုင်ပေ။

ယခုအပတ်တွင် မိမိ၏ လုပ်ငန်းအပြင် မိသားစု ဘဝအတွက်ပါ အချိန်ပေးပါ။ မိသားစုအတွင်း ကောင်းမွန်သော ဆက်ဆံရေးဖြင့် ပျော်ရွှင်မှုများ ရှိနေပါမယ်။

ကုမ်ရာသီခွင် – Aquarius ( August 7 to August 13 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး အရ လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အထူးသဖြင့် ခရီးရှည် သွားခြင်းတို့ကို ရှောင်ကြဉ်ပေးရပါမယ်။ အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။

ငွေရေးကြေးရေး အရ ဆုံးရှုံးနိုင်ခြေ အခွင့်အလမ်း များနေတတ်ပါတယ်။ စတော့ဈေးကွက် သို့မဟုတ် လောင်းကစားကဲ့သို့ ကိစ္စရပ်များမှ ရှောင်ကြဉ်နိုင်ပါက ပိုမိုကောင်းမွန်ပါလိမ့်မယ်။

မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ဤကာလအတွင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပါမယ်။

မိန်ရာသီခွင် – Pisces ( August 7 to August 13 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ သက်သာရာ ရရှိနိုင်ပါမယ်။ မိမိကိုယ် မိမိ ကျန်းမာနေစေရန် တတ်နိုင်သမျှ ဂရုစိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်နေပါမယ်။ လုပ်ငန်းခွင် တိုချဲ့မှုတို့နှင့် အတူ အမြတ်အစွန်းကောင်းများကို ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး ကိစ္စရပ်များကို လက်လွတ်စပယ် မဆုံးဖြတ်ပါနှင့်။

ဤကာလအတွင်း Piscesရာသီခွင်တို့၏ မိသားစုဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိသားစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။