ထိုင်းတောင်ပိုင်းတွင် ကိုယ်ဝန် ၈ လလွယ်ထားသောမြန်မာအမျိုးသမီးတစ်ဦး သန်လုံးကောင် ၂ ကောင် အန်ထုတ်

International News
ထိုင်းတောင်ပိုင်းတွင် ကိုယ်ဝန် ၈ လလွယ်ထားသောမြန်မာအမျိုးသမီးတစ်ဦး သန်လုံးကောင် ၂ ကောင် အန်ထုတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်းတောင်ပိုင်းတွင် ကိုယ်ဝန် ၈ လလွယ်ထားသောမြန်မာအမျိုးသမီးတစ်ဦး သန်လုံးကောင် ၂ ကောင် အန်ထုတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်းတွင် ကိုယ်ဝန် ၈ လလွယ်ထားသောမြန်မာအမျိုးသမီးတစ်ဦး သန်လုံးကောင် ၂ ကောင် အန်ထုတ်

ကိုဝန် ၈ လလွယ်ထားသော အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးမှ သန်လုံးကောင် ၂ ကောင် အန်ထွက်လာသည်ဟု ထိုင်းတောင်ပိုင်း နခွန်စီးဓမ္မရတ်ခရိုင်ရှိ ဒွန်စတ်ဆေးရုံက ပြီးခဲ့သည့် မေလ ၃၁ ရက် (၂၀၂၃)တွင် ဆေးရုံ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြထားသည်။
.
ကိုယ်ဝန်သက်တမ်း ၃၂ ပတ်ရှိသော အသက် ၂၇ နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ဦးက ဆေးရုံသို့ မရောက်ရှိလာမီ ၁ ရက်အလိုတွင် ဗိုက်နာပြီး အော်ကလီဆန်ကာ ၅ ကြိမ်အထိပျို့အန်ခဲ့ပြီးနောက် ဒွန်စတ်ဆေးရုံ (DonSak Hospital) သို့ လာရောက်ကုသခဲ့သည်ဟု ဖော်ပြထားသည်။
.
ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ၂ ကြိမ်ပျို့အန်ခဲ့ပြီး ၁၅ စင်တီမီတာနှင့် ၁၀ စင်တီမီတာအရွယ်ရှိအရွယ်ရောက်ပြီးသား သန်လုံးကောင် ၂ ကောင်ထွက်လာသည်ကိုတွေ့ရပြီး လူနာအားမေးမြန်းချက်အရ အစားအသောက်များကိုကျက်အောင်ချက်ပြုတ်ပြီးစားသောက်လေ့ရှိသော်လည်း ဟင်းသီးဟင်းရွက်များ ကိုမူ အစိမ်းစားလေ့ရှိသည်ဟု ဖော်ပြထားသည်။
.
လူနာက သန်ကောင်ဥတွယ်ကပ်နေသော ဟင်းသီးဟင်းရွက်စိမ်းများကို စားမိရာက ဝမ်းအတွင်းသို့ ရောက်ရှိသွားသောအခါ သန်းလုံးကောင်အဖြစ်ကြီးထွားလာသည်ဟု ဆရာဝန်အဖွဲ့က ကောက်ချက် ချသည်။
.
သာမာန်အားဖြင့် သန်ကောင်ဥများသည် စိုးစွတ်သောမြေသား နှင့်ရေထဲတွင်တွေ့ရှိရပြီး အဆိုပါဥများမှ သာလောင်းများပေါက်ဖွားလာပြီး ယင်းသား လောင်းများကိုစားမိသောအခါ အိမ်သိမ်ပိုင်းသို့ရောက်ရှိပြီး နောက်တွင် ကိုယ်တွင်းသို့ပျံနှံ့သွားနိုင်သည်ဟု ဖော်ပြထားသည်။
.
ဆရာဝန်အဖွဲ့က မြန်မာအမျိုးသမီးကို သန်ချဆေးပေးပြီးနောက်တွင် ပြန်လည်သက်သာလာပြီး အတွင်းလူနာအဖြစ် ဆေးရုံတွင်ညအိပ်စေသည်ဟု ဖော်ပြထားသည်။
.
တချိန်တည်းတွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး အများပြည်သူများ ကျန်းမာရေးပညာပေးအဖြစ် မျှဝေခွင့်ပြုသည့်အတွက် လူနာရှင်အားကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
.
ထို့နောက် အစားအသောက်များကို ကျက်အောင်ချက်ပြုတ်ပြီးစားသုံးကြရန် အများပြည်သူအား အကြံပြုဆက်လက်ထားသည်။

ရေးသားသူ –Mingalapar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။