Vin Diesel နဲ့စိတ်ကောက်ပြေသွားတဲ့ The Rock

Celebrity International News
Vin Diesel နဲ့စိတ်ကောက်ပြေသွားတဲ့ The Rock

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Vin Diesel နဲ့စိတ်ကောက်ပြေသွားတဲ့ The Rock ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Vin Diesel နဲ့စိတ်ကောက်ပြေသွားတဲ့ The Rock

မင်းသားကြီး Dwayne Johnson နဲ့ Vin Diesel တို့ဟာဆိုရင် Fast & Furious ရိုက်ကွင်းမှာပါတစ်ယောက်နဲ့တစ်ယောက်အချေအတင်ဖြစ်ကြပြီးစိတ်ဆိုးနေကြတာအတော်ကြာခဲ့ပါပြီ။

2021 December လောက်မှာလဲ The Rock က “ကျွန်တော် Fast & Furious Saga ကိုကျောခိုင်းလိုက်ပါပြီ။ ဆက်ပြီးအားပေးနေမှာဖြစ်ပေမယ့်ဘယ်တော့မှပြန်မလာတော့ပါဘူး” လို့ပြောကြားခဲ့ပါသေးတယ်။

ထို့နောက် Vin Diesel ဟာ Instagram မှာ post တင်ပြီး “ငါတို့ချင်းမသင့်မြတ်ကြပေမယ့်ငါတို့ရဲ့ကလေးတွေကတော့ချစ်ချစ်ခင်ခင်ရှိနေကြပါသေးတယ်။ အခွင့်သာရင် Fast & Furious 10 မှာပြန်လာခဲ့ပါ” လို့ချော့ခေါ်ခဲ့တာပါ။

ဒါပေမယ့် The Rock ဆီကဘာ reply ဘာ reaction မှပြန်မလာခဲ့ပါဘူး။ သို့သော်မကြာသေးခင်က interview တစ်ခုမှာသူတို့နှစ်ယောက်ပြန်လည်သင့်မြတ်သွားပြီလို့ The Rock ကိုယ်တိုင်ကဖြေကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နွေရာသီတုန်းထဲက Vin နဲ့ကျွန်တော်ဟာအတိတ်ကကိစ္စတွေကိုထားခဲ့လိုက်ပါပြီ။ ညီအကိုတွေလိုပဲဆက်နေရင်းပရိသက်တွေချစ်တဲ့ဒီ franchise ကြီးနဲ့ character တွေကိုအတူတူပုံဖော်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

Fast X အပြီးနောက်လာမယ့်ဇာတ်ကားကတော့ Hobbs and Shaw sequel ဖြစ်မယ်လို့သိရပြီး Dwayne The Rock Johnson ကို Hobbs အဖြစ်မြင်တွေ့ရဦးမှာပါ။
Fast X ရဲ့ credit scene ကလည်း Hobbs and Shaw sequel ကိုဦးတည်နေသယောင်ဖြစ်ကာ sequel လာမှာကိုလဲ 2020 April ထဲကအတည်ပြုပြီးတာကြောင့်သေချာသလောက်ဖြစ်နေပါပြီ။

ရေးသားသူ –Z E U S

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။