ဣစ္ဆာသယ_ရွှေအိုးရဂါထာတော်

Astrology
ဣစ္ဆာသယ_ရွှေအိုးရဂါထာတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဣစ္ဆာသယ_ရွှေအိုးရဂါထာတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဣစ္ဆာသယ_ရွှေအိုးရဂါထာတော်

အဂ္ဂေါ ဗုဒ္ဓေါ၊ အဂ္ဂေါ ဓမ္မော
အဂ္ဂေါ သံဃော အနုတ္တရော
အဂ္ဂေါစ ဝိပါကော ဟောတိ
ယံယံ ဣစ်ဆာ သိမိဇ္စျတု။

အတိုချုပ်မြန်မာပြန်

မြတ်စွာဘုရားရှင်သည် အတုမရှိ အမြတ်ဆုံး ဖြစ်ပါပေ၏။
တရားတော်မြတ်သည် အတုမရှိ အမြတ်ဆုံး ဖြစ်ပါပေ၏။
သံဃာတော်တို့သည် အတုမရှိ အမြတ်ဆုံး ဖြစ်ပါပေ၏။
အမြတ်ဆုံးသော ရတနာ သုံးပါးအားကိုးကွယ်ဆည်းကပ် သူတို့အား ရရှိလတ္တံ့သောအကျိုးသည် အမြတ်ဆုံးဖြစ်ပါပေ၏။
အကြင် ထိုထိုသော လိုအင်ဟူသမျှ တို့သည် ပြည့်စုံပါစေသတည်း။

ပူဇော်ရွတ်ဖတ်ရန်

မည်သည့်နေ့ဖွား သားသမီးမဆို သက်စေ့သော် ၄င်း ၁၀၈လုံးပုတီးဖြင့် ပုတီးတပတ် သော်၄င်း ရွတ်ဖတ်ပူဇော်နိုင်သည်။ အကျိုးထူး ပို၍ ခံစားစေလိုလျှင် ပုတီးပတ် ၉ပါတ် ၉ရက် ၊ ၇ပါတ် ၇ရက် ၊ ၉ပါတ် ၁၈ရက် အဓိဌာန်ယူ ပုတီးစိပ်ခြင်း ပြုနိုင်သည်။

အကျိုးကျေးဇူး

၁။ ရစရာ ရှိသော အကြွေးများ မြန်စွာမနှေး ရရှိစေခြင်း။
၂။ ပေးစရာရှိသော အကြွေးပူများ အမြန် ဆပ်နိုင်ခြင်း။
၃။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ချီးမွှမ်းသော ဂါထာဖြစ်ခြင်းကြောင့် လူ ၊နတ်တို့၏ ချစ်ခင်မှုကို မတောင်းပဲ ရရှိစေခြင်း။
၄။ အခက်အခဲ အကြပ်အတည်းတို့မှ လွတ်မြောက်စေခြင်း
၅။ တရားသဖြင့်သော ဆန္ဒဟူသမျှ လိုတိုင်းတ ရစေခြင်း။
၆။ တပါးသူတို့ မကောင်းသော စိတ်ဖြင့်ကြံစည်ခြင်းငှါ မတတ်နိုင်ခြင်း။

ရေးသားသူ –Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။