2023မှာဘယ်သူကကိုယ့်ဘဝထဲဝင်လာမလဲ

Astrology

2023မှာဘယ်သူကကိုယ့်ဘဝထဲဝင်လာမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 2023မှာဘယ်သူကကိုယ့်ဘဝထဲဝင်လာမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

2023မှာဘယ်သူကကိုယ့်ဘဝထဲဝင်လာမလဲ

 

                 Pile 1                 Pile 2                Pile 3              Pile 4

Pile 1

ဒီကတ်လေးကိုရွေးချယ်ထားရင်တော့ကိုယ့်ဘဝထဲဝင်လာမယ့်သူကကိုယ်နဲ့အသက်ရွယ်မတိမ်းမယိမ်းကွာခြားပြီးစိတ်ဓာတ်မာကျောတဲ့သူဖြစ်ပါတယ်။ကိုယ်နဲ့အပြင်မှာရောonlineမှာပါမသိဖူးသလိုလုံးဝမမြင်ဖူးစကားမပြောဖူးတဲ့သူဖြစ်ပါမယ်။သူနဲ့ကsocialmediaကနေတွေ့ဆုံတာမျိုးစကားပြောဖြစ်တာမျိုးလေးတွေဖြစ်လာပါမယ်။အထူးသဖြင့်သူနဲ့ကိုယ်နဲ့ကနှစ်လယ်ပိုင်းလောက်တွေ့ဆုံမှုမျိုးလေးတွေဖြစ်လာမယ်။သူနဲ့ကိုယ်နဲ့ကလုပ်ငန်းထဲမှာဆုံတာမျိုးဖြစ်နိုင်ချေများပါတယ်။ဒါမှမဟုတ်သင်တန်းတစ်ခုခုမှာဆုံတွေ့တာမျိုးဖြစ်လာပါမယ်။အထူးသဖြင့်သူကကိုယ်နေထိုင်တဲ့မြို့ကဖြစ်ပါမယ်။

သူရဲ့ထူထူခြားခြားပုံစံလေးကတော့သူ့ကိုမြင်တာနဲ့သူ့ပုံစံလေးကအရမ်းကိုတတ်ကြွပြီးပျော်ပျော်နေတတ်တဲ့ပုံစံလေးဖြစ်ပါတယ်။သူကစကားပြောရင်လည်းတည်တည်ငြိမ်ငြိမ်ပြောတတ်ပါတယ်။သူကအလုပ်ကိုင်နဲ့ပတ်သက်တာတစ်ခုမဟုတ်တစ်ခုလုပ်ကိုင်နေတတ်တဲ့စီးပွားရေးနယ်ပယ်ထဲကဖြစ်ပါမယ်နော်။စိတ်ကတော့အရမ်းကိုဖြောင့်မတ်ပြီးအေးဆေးတည်ငြိမ်ပါမယ်။တစ်ခါတစ်လေတော့အချစ်နဲ့ပတ်သက်ပြီးစိတ်ထဲမှာပင်ပန်းတာတွေရှိပါတယ်။သေချာတာကတော့ကိုယ့်ကိုတကယ်မချစ်ပဲချစ်တယ်ပြောတဲ့သူနဲ့မတွေ့ရပါဘူးကံဇာတာတစ်ဖြေးဖြေးကောင်းလာပါပြီးနော်

Pile 2

ဒီကတ်လေးကိုရွေးချယ်ထားရင်ကိုယ့်ဘဝထဲဝင်လာမယ့်သူကကိုယ်နဲ့သက်တူရွယ်တူဖြစ်ပါမယ်။အသက်အရွယ်ကွာခြားမှုမရှိပါဘူး။အသက်ကကွာမယ်ဆိုလည်း၁နှစ်လောက်ပဲကွာပါမယ်။အထူးသဖြင့်သူကနယ်ဝေးရပ်ဝေးတစ်နေရာမှာရှိနေတာဖြစ်ပါမယ်။သူကတော့အမြဲတမ်းတတ်တတ်ကြွကြွနဲ့ပျော်ပျော်နေတတ်ပါတယ်။သူနဲ့ကိုယ်နဲ့ကတော့အမြဲတမ်းအဆင်ပြေလိုက်မပြေလိုက်relationshipမျိုးပိုင်ဆိုင်ရတတ်ပါတယ်။တစ်ခါတစ်လေကိုယ်နဲ့စိတ်အဆင်မပြေရင်တောင်သူ့ဘက်ကအရမ်းကိုလျော့ပေးတတ်ပါတယ်။ဒါပေမယ့်သူ့မှာသူငယ်ချင်းအပေါင်းသင်းများတယ်။သူကစကားပြောရင်ခြေဟန်လက်ဟန်နဲ့ပြောတတ်ပါတယ်။
သူကစကားကိုတစ်ဖက်သူစိတ်ချမ်းသာအောင်ပြောတတ်ပါတယ်။ရိုမတ်တစ်ပုံစံရှိတာကြောင့်ကိုယ့်အတွက်ကိုယ်ကမပြောရင်တောင်ဖြည့်ဆည်းပေးတတ်တဲ့ပုံစံလေးရှိပါတယ်နော်။သူကတော့အချစ်ရေးမှာအရမ်းကိုကံဆိုးခဲ့ပါတယ်။ခဏခဏကိုအချစ်မခံခဲ့ရတာပါ။ဒါပေမယ့်သူကအဆင်မပြေတဲ့အချစ်ရေးကလှည့်ထွက်ခဲ့တာမကြာသေးပါဘူး။သူ့စိတ်ကတစ်ခါတစ်လေလည်းခန့်မှန်းရခတ်ပါတယ်။သူ့စိတ်ကဘယ်လိုမှကိုယ်မထင်ထားတာလေးတွေလည်းလုပ်နေတတ်ပါတယ်။သူနဲ့ကအနေဝေးတဲ့ချစ်သူအနေထားနဲ့ဆုံတွေ့လာပါမယ်နော်။နောက်ပြီးတော့သူကအချစ်ရေးနဲ့ပတ်သက်ပြီးအနိုင်မယူတတ်ပါဘူး။

Pile 3

ဒီကတ်လေးကိုရွေးချယ်ထားရင်တော့အချစ်ရေးမှာကောင်းစပြုလာပါပြီးနော်။အထူးသဖြင့်ဒီနှစ်အတွင်းကိုယ့်ထက်ရင့်ကျက်တဲ့သူမျိုးကိုတွေ့လာပါမယ်နော်။ကိုယ့်ထက်အသက်များကြီးကွာခြားတာဖြစ်ပါမယ်။သူကတော့ဥပဒေအပိုင်းဒါမှမဟုတ်Businessနဲ့ပတ်သက်တဲ့Careerမျိုးကိုလုပ်ကိုင်နေတာဖြစ်ပါမယ်နော်။ဒါ့အပြင်ကိုယ့်ကိုလည်းအနွံတာခံချစ်ပေးတာဖြစ်ပါတယ်။သူကတော့အလုပ်တစ်ခုထဲဆိုတာထက်အလုပ်အမျိုးမျိုးကိုလုပ်နေသူပါ။ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတာမျိုးလည်းဖြစ်ပါမယ်နော်။
နောက်ပြီးအလုပ်ဆိုရင်လည်းအာရုံစူးစိုက်ပြီးလုပ်ကိုင်နေတာမျိုးလည်းဖြစ်ပါမယ်နော်။သူနဲ့ကရပ်ဝေးကနေဆုံတွေ့မှုမျိုးဖြစ်ပါတယ်နော်။မိတ်ဆွေအပေါင်းသင်းကြောင့်​ဆုံတွေ့တာမျိုးဖြစ်ပါမယ်နော်။ကိုယ့်သူငယ်ချင်းတွေနဲ့ပတ်သက်ပြီးဆုံတွေ့တာမျိုးဖြစ်ပါတယ်နော်။သူ့ပုံစံလေးကကိုယ်နဲ့ကိုက်ညိီတယ်ဆိုပင်မယ့်တစ်ခါတစ်လေအဆင်မပြေတာလေးတွေရှိပါမယ်နော်။နောက်ပြီးကိုယ့်ရဲ့အချစ်ရေးကံကတစ်ဖြေးဖြေးအဆင်ပြေလာမယ့်အနေထားမျိုးရှိနေပါတယ်။သူကကိုယ်ကိုနားလည်ပေးတတ်ပါတယ်။နောက်တစ်ခုကအရမ်းအလုပ်များပါတယ်။ဒါကြောင့်သူကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးအရမ်းကိုကြိုးစားတာကြောင့်သူကတော့အလုပ်နဲ့ပတ်သက်ရင်ကိုယ့်ကိုအချိန်သိပ်မပေးတတ်ပါဘူး။

Pile 4

ဒီကတ်လေးကိုရွေးချယ်ထားရင်တော့ကိုယ့်ဘဝထဲဝင်လာမယ့်သူကတော့ကိုယ့်ထက်အသက်ကြီးပါမယ်။သူကတော့အရမ်းကိုရင့်ကျက်ပြီးပုံမှန်အားဖြင့်လည်းစိတ်ကပျော်ပျော်နေတတ်ပါတယ်။အမြဲတမ်းလိုလိုမျက်နှာတည်တည်နေတတ်ပါတယ်နော်။သူကတော့အလုပ်အကိုင်ကြိုးစားတတ်ပါတယ်နော်။သူ့ရဲ့စိတ်နေစိတ်ထားကတော့အရမ်းကိုနားလည်ပေးတတ်ပြီးတော်ရုံစကားသိပ်မပြောပါဘူး။အေးတိအေးဆက်နေတတ်ပါတယ်။သူနဲ့ကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးဒါမှမဟုတ်ကျောင်းကိစ္စနဲ့ပတ်သက်ပြီးဆုံတွေ့ရတတ်ပါတယ်။
သူနဲ့ကိုယ်နဲ့ကစိတ်ချင်းတူတယ်သူကြိုက်ကိုယ်ကြိုက်လည်းတူတယ်။ဒီကတ်လေးရွေးမိရင်အချစ်ရေးမှာကံကောင်းလာပါမယ်နော်။အမြဲတမ်းအချစ်ရေးမှာကိုယ့်ကိုနားလည်ပေးတယ်။နောက်ပြိီးသူနဲ့ကအသက်ကနှစ်နဲ့ချီပြီးကွာပါမယ်နော်။သူကကိုယ်နဲ့အရင်တုန်းထဲကသိဖူးတာမျိုးဖြစ်ပါမယ်။သူ့ရဲ့အရင်ကအချစ်ရေးမှာကိုယ့်လိုစိတ်ပင်ပန်းစရာလေးတွေရှိခဲ့ပါတယ်။သူ့အတွက်ကိုယ်နဲ့ဆုံရင်တော့စတင်ပြီးပျော်ရွှင်လာရပါမယ်။တစ်ဖြေးဖြေးအဆင်ပြေလာကိန်းရှိနေပါမယ်

ရေးသားသူ – 𝐏𝐢𝐧𝐤𝐲 𝐓𝐚𝐫𝐨𝐭

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။