လစာမြင့် IT အလုပ်ကို စွန့်ပြီး Waiter လုပ်နေတဲ့ တရုတ်လူငယ်

International News
လစာမြင့် IT အလုပ်ကို စွန့်ပြီး Waiter လုပ်နေတဲ့ တရုတ်လူငယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လစာမြင့် IT အလုပ်ကို စွန့်ပြီး Waiter လုပ်နေတဲ့ တရုတ်လူငယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လစာမြင့် IT အလုပ်ကို စွန့်ပြီး Waiter လုပ်နေတဲ့ တရုတ်လူငယ်

တစ်လ လစာ $10,000 ဝင်တဲ့ အလုပ်ကို ပစ်ပြီး “No-brainer” ဦးနှောက်မသုံးရတဲ့ Physical အလုပ်ဖက် ပြောင်းတယ်ဆိုရင်ပဲ စိတ်ဝင်တစား ဖြစ်မယ်လို့ ထင်ပါတယ်။
မေလ ၁၁ ရက်နေ့ ကောက်ယူထားတဲ့ စစ်တမ်းအရ ဝင်ငွေ အကောင်းဆုံး အလုပ်ကိုင် ၂၅ မျိုးမှာ Machine Learning Engineer ၊ Data Scientist နဲ့ Senior Software Engineer အလုပ်တွေက $141,000 ၊ $ 122,000 ၊ $126,000 ဝန်းကျင်နဲ့ နေရာယူထားပါတယ်။

ဒီအလုပ်မျိုးကို White-collar Job လို့ ခေါ်တာပေါ့ ၊ ရုံးအင်္ကျီ အပြည့်ဝတ်ပြီး အချိန်မှန် အလုပ်သွား ၊ ယူထားတဲ့ ဘွဲ့ကလည်း High Level နဲ့ အကောင်းဆုံး လစာရနေရင် White-collar Worker လို့ ပြောကြပါတယ်။

သူ့အောက်က Blue-collar ထက် ပို Role မြင့်သလို တနေကုန် စားပွဲရှေ့ထိုင် ၊ White-collar မှာလည်း Management ပိုင်း ရှေ့နေ ၊ စာရင်းကိုင် ၊ Finance ပိုင်း ၊ အာမခံပိုင်း အမျိုးမျိုး ကွဲသေးသလို သူ့ Level နဲ့သူ အလုပ်ကို မျက်နှာအပ်ပြီး လုပ်ရတာများပါတယ်။

“ငါ ကုမ္ပဏီက ထွက်ပြီး သိပ်ပျော်တာပဲ ၊ တစ်နေ့တစ်နေ့ Report ရေးတာ ၊ KPI တွက်တာ ၊ Mail ထိုင်ပြန်တာ ၊ စာရင်းစစ်တာ” မလုပ်ရတော့ဘူး” လို့ Liaoning မှာ နေထိုင်သူ အသက် ၂၅ နှစ် အရွယ်ရှိ အမည် မဖော်ပြလိုသူ တစ်ဦးက တရုတ် e-commerce Platform တစ်ခုဖြစ်တဲ့ Xiaohongshu မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

အခုဆိုရင် တစ်ရက် $140 ရတဲ့ စားသောက်ဆိုင်မှာ လုပ်ကိုင်နေပြီး ထွက်ခဲ့တဲ့ အလုပ်က ByteDance ပါ ၊ သူ့အောက်မှာ TikTok ရှိပြီး အလုပ်ထွက်ရတဲ့ အကြောင်းပြချက်က အထက်မှာ ဖော်ပြခဲ့တဲ့ တာဝန်ယူရတဲ့ အပိုင်းတွေပါ။

သူမ ရထားတဲ့ ဘွဲ့နဲ့ပတ်သက်လို့ ပြည့်ဝတယ်လို့ မခံစားရသလို သူမျော်လင့်ထားတဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကိုယ့်ဘဝကို အလုပ်ထဲမြုပ်ထားတဲ့ ရလာဒ်က Expendable Asset ၊ အစားထိုးချင်ထိုးပစ်လို့ရတဲ့ အလုပ်သမား သာသာ အဓိပ္ပာယ်မဲ့လွန်းတယ်လို့ ခံစားချက်ကို ရှေ့တန်းတင်ထားတာပါ။

အခု လုပ်နေတဲ့ အလုပ်က Physical Work လှုပ်လှုပ်ရှားရှားဆိုတော့ သူမ ကျန်းမာရေးတွက် ကောင်းတယ်ဆိုတဲ့ အကြောင်းနဲ့ ၊ စိတ်ပျော်ရွှင်မှုရတယ်ဆိုတဲ့ အကြောင်းကိုပါ ဖော်ပြခဲ့ပါတယ်.

ဒါနဲ့ ပတ်သက်လို့ New York တက္ကသိုလ် ၊ Sociology တွဲဖက် ပါမောက္ခဖြစ်သူ “Jia Miao” က
“ကုမ္ပဏီက အလုပ်တွက် လူခေါ်တာ မဟုတ်ဘဲ ၊ လူကို ကွန်ပျူတာ ရှေ့ချပြီး အလုပ်လုပ်ခိုင်းတာကြောင့် လူငယ် တော်တော်များများ သူတို့ရထားတဲ့ ဘွဲ့ ၊ အလုပ်ကိုင်နဲ့ ပတ်သက်ပြီး စိတ်ပျက် ငြီးငွေ့ကြတယ်” လို့ CNBC ကို ပြောခဲ့ပါတယ်။

တရုတ် လူငယ်တွေ အဖို့ White-collar Job က လွတ်လားဆို မလွတ်ဘူး ၊ အဲ့တော့ ဘာရွေးချယ်ရလဲဆိုတော့ သူတို့ ရွေးချယ်ထားတဲ့ Professional အလုပ်နဲ့ ပတ်သက်ပြီး “Voluntary Withdrawal” လုပ်တာများလာတယ်။

တကယ်တော့ အလုပ်လုပ်ရတာ စိတ်ကျေနပ်မှု ၊ ပျော်ရွှင်မှုရှိမှ အဓိပ္ပာယ် ရှိတယ်လို့ စာရေးသူ ယူဆပါတယ် ၊ အခု ဖော်ပြသွားတဲ့ ByteDance က အမျိုးသမီးဆိုရင် သူ့အနေနဲ့ မွန်းကြပ်တယ်လို့ နောက်တမျိုး ဆိုထားသလိုပါပဲ။

စိတ်ဝင်စားဖို့ အကောင်းဆုံး အချက်က အာရှသူ ၊ အာရှသားတွေ အသက်ရွယ် ကြီးရင့်မှုနဲ့ ပတ်သက်တဲ့ Effects of Urban Life and Neighborhoods ကို ကျန်းမာရေး ရှုဒေါင့်က လေ့လာနေတဲ့ “Jia Miao” ရဲ့ သုံးသပ်ချက်ပါပဲ။

အပြင်များလည်း ကြားဖူးမယ်ထင်တယ် ၊ ငယ်ငယ်လေးနဲ့ အိုစာနေတယ် ၊ ဆံပင်ဖြူတွေပေါက် စသဖြင့် အလုပ်ကပေးတဲ့ Pressure ကြောင့် ကျန်းမာရေးပေါ် တစိတ်တဒေသ လွှမ်းမိုးမှုရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ အခြေနေမျိုးတွေပါ။

ရေးသားသူ –Duwun Tech

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။