ဩစတြေးလျမှာ သည်းထိတ်ရင်ဖိုဇာတ်ကားရိုက်ကူးရင်း လှူဒါန်းမှုတစ်ခုလုပ်ခဲ့တဲ့ နစ်ကိုလက်စ် ကေ့ချ်

Celebrity International News
ဩစတြေးလျမှာ သည်းထိတ်ရင်ဖိုဇာတ်ကားရိုက်ကူးရင်း လှူဒါန်းမှုတစ်ခုလုပ်ခဲ့တဲ့ နစ်ကိုလက်စ် ကေ့ချ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဩစတြေးလျမှာ သည်းထိတ်ရင်ဖိုဇာတ်ကားရိုက်ကူးရင်း လှူဒါန်းမှုတစ်ခုလုပ်ခဲ့တဲ့ နစ်ကိုလက်စ် ကေ့ချ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဩစတြေးလျမှာ သည်းထိတ်ရင်ဖိုဇာတ်ကားရိုက်ကူးရင်း လှူဒါန်းမှုတစ်ခုလုပ်ခဲ့တဲ့ နစ်ကိုလက်စ် ကေ့ချ်

Ghost Rider မင်းသားကြီး နစ်ကိုလက်စ် ကေ့ချ်ဟာ သည်းထိတ်ရင်ဖိုဇာတ်ကားအသစ် The Surfer ရိုက်ကူးနေတဲ့အတွက် ဩစတြေးလျမှာ ရှိနေပါတယ်။ သူက နာမည်ကြီးကမ်းခြေမြို့ Yallingup မှာ ဇာတ်ကားရိုက်ကူးနေရင်း ကလေးတွေအတွက် ပရဟိတလုပ်ငန်းတွေကို အကျိူးပြုနေတဲ့ Channel 7 ရဲ့ Telethon ကို ဖုန်းဆက်ပြီး လှူဒါန်းမှုတစ်ခုလုပ်ခဲ့ပါတယ်။

နစ်ကိုလက်စ်က Telethon ရဲ့ Call Center ကို ဖုန်းဆက်ပြီးတော့ ကလေးတွေကို ကူညီပေးဖို့ ဒေါ်လာ ၅၀၀၀ လှူဒါန်းမယ်လို့ ပြောခဲ့တာပါ။ ဒီအကြောင်းကို ဩစတြေးလျသတင်းကြေညာသူ ရစ်ခ် အာဒန်က ပြောခဲ့တာပါ။

အသက် ၅၉ နှစ်အရွယ် နစ်ကိုလက်စ်ဟာ ရုပ်ရှင်မရိုက်ကူးခင် ပြီးခဲ့တဲ့အပတ်ကတည်းက ဩစတြေးလျမှာ ရောက်နေခဲ့တာပါ။ ဒီဇာတ်ကားအသစ်မှာတော့ အမေရိကမှာ နှစ်ပေါင်းများစွာ သူ့ဘဝကို တည်ဆောက်ခဲ့ပြီးနောက် ဩစတြေးလျက ကမ်းခြေမြို့ကို ပြန်လာခဲ့တဲ့ အမျိုးသားအဖြစ် သရုပ်ဆောင်ထားပါတယ်။

အဲဒီအမျိုးသားပြန်ရောက်လာပြီးမကြာခင်မှာပဲ သူ ငယ်ငယ်ကတည်းက ကမ်းခြေကို အပိုင်စီးချင်တဲ့ ရေလွှာလျှောစီးအဖွဲ့တစ်ဖွဲ့ဟာ သူ့ရဲ့ဆယ်ကျော်သက်သားလေးရှေ့မှာ သူ့ကို အရှက်ခွဲခဲ့ကြတယ်။ ကမ်းခြေကို ထိန်းချုပ်နေတဲ့သူတွေကို စစ်ကြေညာရင်းနဲ့ ကမ်းခြေမှာ ဆက်ပြီးနေဖို့ဆုံးဖြတ်ခဲ့တယ်။ သူတို့ကြားက ပြဿနာက ပိုကြီးထွားလာတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ဒီဇာတ်ကား ဘယ်အချိန်ထွက်ရှိမယ်ဆိုတာတော့မသိသေးပါဘူး။ ၂၀၂၄ ခုနှစ်ထဲ ထွက်ရှိဖို့တော့ မျှော်လင့်ရပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။