ကျောက်ကပ် ကျောက်တည်ခြင်း လက္ခဏာများနှင့် ၎င်းအတွက် လွယ်ကူသောမြန်မာဆေးနည်း

Health Knowledge
ကျောက်ကပ် ကျောက်တည်ခြင်း လက္ခဏာများနှင့် ၎င်းအတွက် လွယ်ကူသောမြန်မာဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ် ကျောက်တည်ခြင်း လက္ခဏာများနှင့် ၎င်းအတွက် လွယ်ကူသောမြန်မာဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ် ကျောက်တည်ခြင်း လက္ခဏာများနှင့် ၎င်းအတွက် လွယ်ကူသောမြန်မာဆေးနည်း

Kidney Stones (ဆီးကျောက်တည်ခြင်း) ကဘာလဲ

ဆီးကျောက်ဆိုသည်မှာ ဆီးအတွင်း၌ပါသော ပစ္စည်းများမှ ကျောက်ကပ်အတွင်း မာခဲခဲအနည်များကျခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ဒီဖြစ်စဉ်အား ဆီးကျောက်တည်ခြင်းဖြစ်စဉ် ဟုခေါ်သည်။ ဆီးကျောက်များသည် သေးသေးလေးမှ လက်မလောက်ထိ ကြီးတတ်ပါ၏။ကျောက်ကပ်မှ ဆီးအိမ်ဆီသို့ ဆီးသယ်ပေးသောပြွန် (ဆီးပြွန်) များတွင် ပြည့်နေသည့် ဆီးကျောက်အကြီးကြီးများကိုStaghorn (စတက်ဟွန်း)ကျောက်ဟုခေါ်သည်။

Kidney Stones (ဆီးကျောက်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆီးကျောက်တည်ခြင်းသည် တွေ့ရများ၏။ ၎င်းသည် အသက် ၄၀ ကျော်သော လူနာများတွင် တွေ့ရများသည်။ ၎င်းဖြစ်ပွားနိုင်ခြေကို မြင့်စေသည့် အကြောင်းရင်းများအား လျှော့ချခြင်းဖြင့် စီမံနိုင်သည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

Kidney Stones (ဆီးကျောက်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆီးကျောက်တည်သူလူနာတွေမှာ တစ်ဝက်လောက်သာ လက္ခဏာများ ပြတတ်သည်ဖြစ်သည်။

လက္ခဏာ မပေါ်လျှင်တောင်မှ ဆီးကျောက်များသည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိတ်ခြင်းများကဲ့သို့ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ဆီးပြွန်တွင် ပိတ်ဆို့မိနေသောကျောက်များသည် လက္ခဏာများကိုပေါ်စေပါသည်။ယေဘုယျအကျဆုံးလက္ခဏာသည် အလွန်အမင်းနာကျင်ခြင်းဖြစ်ပြီးထိုနာကျင်မှုသည် ခါးနေရာက ပေါ်လာကာ ဗိုက်အောက်ပိုင်းဆီသို့ ရွေ့သွားတတ်၏။

အခြားလက္ခဏာများမှာ

ခါး၊ ပေါင်၊ ပေါင်ခြံနှင့် လိင်အင်္ဂါများနာခြင်း။ ဆီးတွင်သွေးပါခြင်း။ ပျို့အန်ခြင်း။ဆီးကျောက်သည် ပိုးကူးစက်မှုကိုဖြစ်စေပါကထပ်ဆောင်းလက္ခဏာအနေနှင့် ချမ်းတုန်ဖျားခြင်း၊ မကြာခဏနှင့်ရုတ်တရက် ဆီးသွားလိုစိတ်ဖြစ်ခြင်းနှင့် ဆီးသွားလျှင်နာခြင်း၊ ချွေးထွက်ခြင်းတို့ ဖြစ်စေပါလိမ့်မည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ကျောက်ကပ်ကျောက်(Kidney Stones)တည်ခြင်းအတွက် ဆေးနည်းတစ်ခု ပေးချင်ပါတယ်။

ဆေးနည်း

ဒီဆေးနည်းက အရမ်းလွယ်ကူတယ်။ကျွန်မတို့ အနီးအနား ဝန်းကျင်မှာရှိတဲ့ ဖီးကြမ်းငှက်ပျော၊ရခိုင်ငှက်ပျော စသည်ဖြင့် ၎င်းငှက်ပျောပင်စည် အူတိုင်ကို ပါးပါးလှီး၍ ဂျင်း(ချင်း)ကြက်သွန်အဖြူ ၊ဆား နှင့်အတူ ရေအနည်းငယ်ဖြင့်ရောစပ်၍ ဖျော်ရည်စက်ထဲသို့ထည့်၍ဖျော်ပါ။

၎င်းငှက်ပျောအူဖျော်ရည် ဖန်ခွက်တစ်ခွက်စာကို ညအိပ်ရာမဝင်မှီ သောက်သုံးပေးပါက မနက်မိုးလင်းရင် ဆီးသွားရတာလွယ်ကူပြီး ကျောက်ကျစေတယ်လို့ ရေးသားဖော်ပြထားပါတယ်။သောက်သုံးရန်အနံ့မခံနိုင်ပါက မိမိ၏နှာခေါင်းကိုပိတ်၍သောက်သုံးကြည့်ပါ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။