ငှက်ပျောသီးတစ်လုံးအရှည်ရှိတဲ့ ကမ္ဘာ့စံချိန်တင် ကျောက်ကြီးကို ကျောက်ကပ်ထဲကနေ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့

International News
ငှက်ပျောသီးတစ်လုံးအရှည်ရှိတဲ့ ကမ္ဘာ့စံချိန်တင် ကျောက်ကြီးကို ကျောက်ကပ်ထဲကနေ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငှက်ပျောသီးတစ်လုံးအရှည်ရှိတဲ့ ကမ္ဘာ့စံချိန်တင် ကျောက်ကြီးကို ကျောက်ကပ်ထဲကနေ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးတစ်လုံးအရှည်ရှိတဲ့ ကမ္ဘာ့စံချိန်တင် ကျောက်ကြီးကို ကျောက်ကပ်ထဲကနေ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့

သီရိလင်္ကာ လူနာတစ်ဦးရဲ့ ကျောက်ကပ်ထဲကနေ ကမ္ဘာ့စံချိန်တင် အကြီးဆုံးကျောက်တစ်လုံးကို ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ အဲဒီကျောက်ဟာ ငှက်ပျောသီးတစ်လုံး အရှည်ရှိပြီး စပျစ်သီးအရွယ်အစား၊ ဟမ်းစတား ၄ ကောင်စာ အလေးချိန် ရှိပါတယ်။

Miscellaneous:World's Largest Kidney Stone Removed

ဇွန်လ ၁ ရက်က ကိုလံဘိုစစ်ဆေးရုံမှာ သီရိလင်္ကာစစ်ဆရာဝန် ခွဲစိတ်ဖယ်ရှားပေးခဲ့တဲ့ ကျောက်ဟာ အရှည် ၅.၂၆ လက်မ၊ အလေးချိန် ၁.၇၆ ပေါင် ရှိပြီး ယခင်စံချိန် ၂ ခု (၂၀၀၄ ခုနှစ်က အိန္ဒိယမှာ အရှည် ၁၃ စင်တီမီတာရှိတဲ့ ကျောက်၊ ၂၀၀၈ ခုနှစ်က ပါကစ္စတန်မှာ အလေးချိန် ၆၂၀ ဂရမ်ရှိတဲ့ ကျောက်) ကို ချိုးဖျက်နိုင်ခဲ့တာပါ။

လူဦးရေ ၁၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့သက်တမ်းမှာ တစ်ချိန်မဟုတ် တစ်ချိန် ကျောက်ကပ် ကျောက်တည်တဲ့ အခြေအနေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ရေ ၁.၈၉ လီတာကနေ ၂.၈ လီတာကြား သောက်သုံးပေးရင် ကျောက်အသေးအမွှားတွေ ( ၃ မီလီမီတာထက် သေးငယ်တဲ့ကျောက်) ကျစေနိုင်ပြီး ဆီးနဲ့အတူ ပါသွားလိမ့်မယ်လို့ မာယိုဆေးရုံက လမ်းညွှန်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။