လုပ်ငန်းလုပ်ရင်း ငွေမဝင်သူတွေ အရောင်းပါးနေသူတွေ ထွက်ငွေက ဝင်ငွေထက် များနေသူတွေအတွက် ရွှေဝင်ငွေဝင် ဆွမ်းတော်တင် ကုသိုလ်ပြုနည်း

Astrology
လုပ်ငန်းလုပ်ရင်း ငွေမဝင်သူတွေ အရောင်းပါးနေသူတွေ ထွက်ငွေက ဝင်ငွေထက် များနေသူတွေအတွက် ရွှေဝင်ငွေဝင် ဆွမ်းတော်တင် ကုသိုလ်ပြုနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လုပ်ငန်းလုပ်ရင်း ငွေမဝင်သူတွေ အရောင်းပါးနေသူတွေ ထွက်ငွေက ဝင်ငွေထက် များနေသူတွေအတွက် ရွှေဝင်ငွေဝင် ဆွမ်းတော်တင် ကုသိုလ်ပြုနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လုပ်ငန်းလုပ်ရင်း ငွေမဝင်သူတွေ အရောင်းပါးနေသူတွေ ထွက်ငွေက ဝင်ငွေထက် များနေသူတွေအတွက် ရွှေဝင်ငွေဝင် ဆွမ်းတော်တင် ကုသိုလ်ပြုနည်း

လုပ်ငန်းလုပ်ရင်း ငွေမဝင်သူတွေ အရောင်းပါးနေသူတွေ ထွက်ငွေက ဝင်ငွေထက် များနေသူတွေအတွက် ရွှေဝင်ငွေဝင် ဆွမ်းတော်တင် ကုသိုလ်ပြုနည်းလုပ်ငန်းလုပ်နေရင်း ငွေမဝင်သူများ/ဆိုင်တွင် အရောင်းပါးနေသူများ/ကြွေးများပေးရန်ရှိသူ ရရန်ရှိသူများ/အိမ်တွင် လာဘ်ပိတ်၍ ထွက်ငွေကဝင်ငွေထက်များနေသူများ လှူဒါန်းသင့်သော ကုသိုလ်ပြုနည်း ဖြစ်ပါတယ်။

ဆွမ်းတော်တင်ရာတွင် အာရုဏ်ဆွမ်းကပ်လှူသည်မှာ အကောင်းဆုံးဖြစ်
ပါသည်။ လအလိုက် နံနက်အာရုဏ်တက်ချိန် မတူပါ။အချိူ့လများတွင် နံနက် ၄နာရီတက်ပြီး အချိူ့လများတွင် ၅နာရီမှ အာရုဏ်တက်သည်။ထို့ကြောင့် နံနက် ၅နာရီခွဲခန့်တွင် အာရုဏ်ဆွမ်းကပ်လျင် အကောင်းဆုံးဖြစ်ပါသည်။

ဆွမ်းတော်တင်လျင် သစ်သီးများကို အလုံးလိုက် မလှူရပါ။ ခွဲစိတ်ပြီး လှူပါ။
မုန့်ထုပ်များကိုဖောက်ပြီး မုန့်များကို ပန်းကန်တွင်ကျနစွာ ထည့်လှူပါ။
သောက်တော်ရေများ အအေးများကို ဘူးလိုက်ပုလင်းလိုက် လှူခြင်းထက်
ဖန်ခွက်ထဲတွင် သေချာစွာထည့်၍ လှူဒါန်းပေးပါ။

တနင်္ဂနွေသားသမီးများ

ကိတ်မုန့် ၃ချပ်၊ လိမ္မော်ရည် တစ်ဖန်ခွက်၊ ဖယောင်းတိုင် ၅တိုင်၊ အမွှေးတိုင် ၅တိုင်

တနင်္လာသားသမီးများ

ဆွမ်းတစ်ပန်းကန်၊ ကြက်သားဟင်းတစ်ပန်းကန်၊ လိမ္မော်ရည်တစ်ခွက်၊ ဖယောင်းတိုင် ၃တိုင်၊ အမွှေးတိုင် ၃တိုင်

အင်္ဂါသားသမီးများ

ပေါင်မုန့် ၃ချပ်၊ ဖရဲသီး၅စိပ်၊ ဖယောင်းတိုင် ၉တိုင်၊ အမွှေးတိုင် ၉တိုင်

ဗုဒ္ဓဟူးသားသမီးများ

လိမ္မော်သီး၃လုံး၊ ကော်ဖီတစ်ခွက်၊ ဖယောင်းတိုင် ၃တိုင်၊ အမွှေးတိုင် ၃တိုင်

ကြာသာပတေးသားသမီးများ

ပေါက်ပေါက်ဆုပ် တစ်ပန်းကန်၊ ငှက်ပျောသီး ၃လုံး၊ ဖယောင်းတိုင် ၅တိုင်၊ အမွှေးတိုင် ၅တိုင်

သောကြာသားသမီးများ

ဆွမ်းတစ်ပန်းကန်၊ ငါးဟင်းတစ်ပန်းကန်၊ ဖယောင်းတိုင် ၉တိုင်၊ အမွှေးတိုင် ၉တိုင်

စနေသားသမီးများ

လက်ဖက်ရည် အချိူတစ်ခွက်၊ ပန်းသီး ၂လုံး၊ ဖယောင်းတိုင် ၇တိုင်၊ အမွှေးတိုင် ၇တိုင်

အာရုဏ်ဆွမ်းကပ်လှူပြီးလျင် မိမိတို့ရွတ်ဆိုနေကျ ဂုဏ်တော်ပရိတ်ပဌာန်းများရွတ်ဆိုပူဇော်ပါ။ပုတီးစိပ်ပါ။ အမျှပေးဝေပါ။ ထို့နောက် မိမိတို့ဖြစ်ပေါ်နေသော အခက်အခဲ
များ ပြေလည်စေရန် ဆုတောင်းပါ။ရက်ပိုင်း လပိုင်းအတွင်း ငွေကြေးလာဘ်လာဘများ ဝင်ရောက်၍ စီးပွားတက် လာဘ်ရွှင်လာပါလိမ့်မည်။

ရေးသားသူ –ဆရာမရွှေရုပ်လွှာ အကြားအမြင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။