နည်းပညာကုမ္ပဏီ ၂ ခုကို ဦးစီးရင်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ၁၄ နှစ်သား

International News
နည်းပညာကုမ္ပဏီ ၂ ခုကို ဦးစီးရင်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ၁၄ နှစ်သား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နည်းပညာကုမ္ပဏီ ၂ ခုကို ဦးစီးရင်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ၁၄ နှစ်သား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နည်းပညာကုမ္ပဏီ ၂ ခုကို ဦးစီးရင်း တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ၁၄ နှစ်သား

၁၄ နှစ်သား မိုက်ဝင်မာဟာ နည်းပညာ ကုမ္ပဏီနှစ်ခုကို ဦးစီးနေရင်း ကာရိုလိုင်းနားတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါပြီ။ မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်တဲ့ မိုက်ဝင်မာဟာ ဉာဏ်ရည်မြင့်သူများအဖွဲ့ဝင် (Mensa) တစ်ဦးဖြစ်ပါတယ်။ သူဟာ ၃ နှစ်တာ အချိန်အတွင်း အထက်တန်းအဆင့်နဲ့ တက္ကသိုလ်ပညာရေး ပြီးမြောက်အောင်မြင်ခဲ့တာပါ။

မိုက်ဝင်မာဟာ မှတ်ဉာဏ်တုနည်းပညာနဲ့ machine learning အပိုင်း ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်လို့ အမေရိကန်စစ်တပ်ရဲ့ အလုပ်ကိစ္စတချို့ကို ပါဝင်ဆောင်ရွက်ပေးရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာမြူဒါအခြေစိုက် ရေအောက်ဂေဟစနစ်ကို ကာကွယ်ရေးအဖွဲ့ Atlantic Lionshare အတွက်လည်း ရေနတ်သမီး (Lionfish)တွေကို ခြောက်လှန့်မောင်းထုတ်ပေးတဲ့ ALFREDD လို့ အမည်ရတဲ့ မှတ်ဉာဏ်တုစက်တစ်ခု တည်ဆောက်ပေးခဲ့သူပါ။

သူဟာ အရွယ်ရောက်ပြီးသူတစ်ယောက်ထက် သာလွန်တဲ့ ဉာဏ်ရည်မျိုးရှိပြီး အလုပ်များလွန်းပေမဲ့ ကလေးတစ်ယောက်သာ ဖြစ်တာကြောင့် တစ်နေ့တာအချိန်ထဲမှာ သူ့ကိုယ်ပိုင်အချိန် ဖယ်ထားပြီး ပုံမှန်ဂိမ်းကစားလေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း ရေကူးတာ၊ ဘတ်စကတ်ဘော ကစားတာ၊ လီဂိုအရုပ်ဆက်တာတွေ ကစားတတ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။