ကမ္ဘာမြေအတွက် ပျားဘေးမဲ့တော တည်ဆောက်ပေးခဲ့တဲ့ မော်ဂန်ဖရီးမန်း

Celebrity International News
ကမ္ဘာမြေအတွက် ပျားဘေးမဲ့တော တည်ဆောက်ပေးခဲ့တဲ့ မော်ဂန်ဖရီးမန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာမြေအတွက် ပျားဘေးမဲ့တော တည်ဆောက်ပေးခဲ့တဲ့ မော်ဂန်ဖရီးမန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာမြေအတွက် ပျားဘေးမဲ့တော တည်ဆောက်ပေးခဲ့တဲ့ မော်ဂန်ဖရီးမန်း

ဟောလိဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမန်းက ၁၂၄ ဧက ကျယ်ဝန်းတဲ့ သူ့ရဲ့မြင်းမွေးမြူရေးခြံကြီးကို ပျားတွေအတွက် ဘေးမဲ့တောအဖြစ် ပြောင်းလဲတည်ဆောက်ပေးခဲ့သူပါ။ သူဟာ ပျားရည် ထုတ်ဖို့ ပျားမွေးမြူခဲ့တာ မဟုတ်ပါဘူး။

”ကမ္ဘာမြေ စိုပြေဖွံ့ဖြိုးရေး၊ အပင်တွေ ကြီးထွားရှင်သန်ရေးရဲ့ အဓိကအုတ်မြစ်က ပျားတွေပဲဆိုတာ ကျွန်တော်တို့တွေ သဘောမပေါက်ကြဘူး။ ကမ္ဘာမြေမှာ ပျားတွေ ရှင်သန်နေဖို့ အားစိုက်ကြိုးပမ်းရမယ်” လို့ ၂၀၁၄ ခုနှစ် The Tonight Show စကားဝိုင်းမှာ မော်ဂန်ဖရီးမန်းက ပြောခဲ့ဖူးပါတယ်။ ပျားတွေဟာ အပင်တွေကို ဝတ်မှုန်ကူးပေးပြီး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ တည်ရှိနေကြတာပါ။

အသက် ၈၆ နှစ်အရွယ်ရှိတဲ့ မော်ဂန်ဖရီးမန်းဟာ ပျားတွေအတွက် သကြားနဲ့ ရေ ကိုယ်တိုင်ကိုယ်ကျ သွားထားပေးလေ့ရှိပြီး ပျားလှောင်အိမ်ထဲ ဝင်တဲ့အခါတိုင်း ဝတ်စုံနဲ့ ဦးထုပ် ဝတ်လေ့မရှိပေမဲ့ ပျားတုပ်ခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။ သူဟာ ပျားတွေအတွက် တတိုင်းမွှေးပင်၊ ပန်းခရမ်း၊ ကလိုဗာ အစရှိတဲ့ အပင်တွေကိုလည်း စိုက်ပျိုးပေးခဲ့ပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။