ကောလိပ် ၁၈ ခုရဲ့ ငြင်းပယ်ခြင်းခံရတဲ့ ဆယ်ကျော်သက်ကောင်လေးက Google မှာ အလုပ်ရရှိခဲ့

International News
ကောလိပ် ၁၈ ခုရဲ့ ငြင်းပယ်ခြင်းခံရတဲ့ ဆယ်ကျော်သက်ကောင်လေးက Google မှာ အလုပ်ရရှိခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောလိပ် ၁၈ ခုရဲ့ ငြင်းပယ်ခြင်းခံရတဲ့ ဆယ်ကျော်သက်ကောင်လေးက Google မှာ အလုပ်ရရှိခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကောလိပ် ၁၈ ခုရဲ့ ငြင်းပယ်ခြင်းခံရတဲ့ ဆယ်ကျော်သက်ကောင်လေးက Google မှာ အလုပ်ရရှိခဲ့

အသက် ၁၈ နှစ်အရွယ် စတန်လေး ကျုံ ဆိုတဲ့ ဆက်ကျော်သက်ကောင်လေးက Gunn High School ကနေ အထက်တန်းအောင်မြင်ခဲ့တာပါ။ အထက်တန်းကို GPA 4.42 အောင်မြင်ခဲ့ပြီး SAT မှာ Score 1600 ကို 1590 ရခဲ့ပေမဲ့ သူ လျှောက်ထားခဲ့တဲ့ ကောလိပ် ၁၈ ခုရဲ့ငြင်းပယ်တာကို ခံခဲ့ရပါတယ်။

စတန်လေကို University of Texas အပါအဝင် ကျောင်းအနည်းငယ်က လက်ခံခဲ့ပေမဲ့ အထက်တန်းကျောင်းပြီးတာနဲ့ အလုပ်ရှာကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ လျှောက်တဲ့အလုပ်တွေထဲမှာ အချိန်ပြည့်အလုပ်အနေနဲ့ Google ရဲ့ Software Engineer အလုပ်ပါဝင်ခဲ့ပါတယ်။

ကံကောင်းစွာနဲ့ Google မှာ အလုပ်ရပြီး အခုလအစောပိုင်းမှာ စလုပ်ခဲ့ရပါတယ်။ ကောလိပ်တက်ဖို့ကိုတော့ ရပ်နားထားပါတယ်။ သူဟာ Google မှာ အနည်းဆုံး ၁ နှစ်လောက်ပဲ အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။