ဆီးရောဂါများအတွက် နနွင်း၊ ဆီးဖြူ၊ပျားရည်

Health Knowledge
ဆီးရောဂါများအတွက် နနွင်း၊ ဆီးဖြူ၊ပျားရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးရောဂါများအတွက် နနွင်း၊ ဆီးဖြူ၊ပျားရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီးရောဂါများအတွက် နနွင်း၊ ဆီးဖြူ၊ပျားရည်

“နနွင်း၊ ဆီးဖြူ၊ပျားရည်ကူက မလွဲသေချာ ဆီးရောဂါပျောက်၏”

ဆီးနီ၊ ဆီးဝါ၊ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးပူး၊ ဆီးကျဉ်၊ ဆီးကျန် ဖြစ်ပါလျှင် အရှင်းပျောက်ကင်း ဆီးရောဂါကင်းစေသော ဆေးနည်းအား ကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်း ဆရာတော်ကြီးထံမှ အမှတ်မထင် ရရှိခဲ့ပါသည်။ဆရာတော်ဘုရားသည် ဆေးပညာ အလွန်ကျွမ်းကျင်ပါသည်။ တပည့်ဝေ နေယျများအား တစ်ခါတစ်ရံ ဆေးနည်းများ ပေးသည်လည်း ရှိပါသည်။

“နနွင်း၊ ဆီးဖြူ၊ပျားရည်ကူက မလွဲသေချာ ဆီးရောဂါပျောက်၏”ဟု မိန့်ဖူးပါသည်။ ယုံစွာအမှန် လုပ်ဆောင်ရန်က ဝေဒနာရှင်၏ တာဝန်တည်း ..။
ယခုတင်ပြသော ဆီးရောဂါဆေးနည်းမှာ လူသိနည်းပါသည်။ ယောကျာ်းသား အတော်များများ ဆီးရောဂါမျိုးစုံ ခံစားရတတ်ကြပါသည်။

ပါဝင်ပစ္စည်းများ –

နနွင်းမှုန့် (၃) ပဲသား။

ဆီးဖြူသီး သတ္တုရည် (၁) ဇွန်း။

ပျားရည်စစ်စစ် (၁) ဇွန်း။

ထိုသုံးမျိုးကို ရောစပ်ပြီး တစ်နေ့တစ်ကြိမ်သာ အသေအချာသောက်ပါက မုချပျောက်ပါသည်။ ယင်းဆေးနည်းအား လက်ဆင့်ကမ်းပေးခဲ့ရာ ပျောက်ကင်းသူအလွန်များပါကြောင်း။ဝေဒနာရှင်များ လက်တွေ့ လိုက်နာဆောင်ရွက်ကြည့်ပါ ပျောက်ကင်းပါက ထပ်မံဝေမျှ ပေးကြပါရန်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။