၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( June 19 to 25 )

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အစိမ်းရောင် အသီးအရွက်များကို စားသုံးပေးရန် လိုအပ်ပါမယ်။ သို့မှသာ အသေးအဖွဲ့ ဝေဒနာများမှ ကင်းဝေးကာ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတို့နှင့် ပက်သက်၍ ငွေကြေး သုံးစွဲရတတ်ပါတယ်။ ငွေရေးကြေးရေး၊ စီးပွားရေး စသည်တို့နှင့် ပက်သက်၍ အပြောအဆို ဆင်ခြင်ပေးရပါလိမ့်မယ်။

အထူးသဖြင့် မိမိ၏ ယုံကြည်မှုအပေါ် ‌အခွင့်ကောင်းယူကာ ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ခြေ ရှိနေပါတယ်။

ပြိဿရာသီခွင် – Taurus ( June 19 to 25 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကြောင့် ကျန်းမာရေးကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မိမိ၏စိတ်ကို ပျော်ရွှင်အောင်ထားပါ။

ငွေကြေးနှင့် ပက်သက်၍ အခြေအနေ ကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးအမြတ်များစွာ ရရှိခံစားနိုင်သော်လည်း ရရှိလာသော ငွေကြေးများကို ဂရုတစိုက် သုံးစွဲရန် လိုအပ်ပါလိမ့်မယ်။

မိသားစုအတွင်း အပြောင်းအလဲအချို့ ဖြစ်ပေါ်နိုင်‌ခြေ ရှိနေပါတယ်။

မေထုန်ရာသီခွင် – Gemin ( June 19 to 25 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် ယခင်ထက် ပိုမိုကောင်းမွန်လာပါမယ်။ ကံတရား၏ ထောက်ပံ့မှုကြောင့် အားစိုက်မှု အနည်းငယ်ဖြင့်ပင် ကျန်းမာစွာ နေထိုင်နိုင်ပါမယ်။

ဤကာလအတွင်း ငွေကြေးကိစ္စ ဆောင်ရွက်ရာတွင် အမှားအယွင်း ဖြစ်နိုင်ခြေ ရှိနေသောကြောင့် သတိထားပေး ရပါမယ်။ လိမ်လည်လှည့်ဖြားမှုတို့ကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

မိသားစုနှင့် ပက်သက်၍ အတိုင်းအတာ တစ်ခုအထိ စိတ်ဖိစီးမှုမှ သက်သာရာ ရရှိနိုင်ပါမယ်။ မိမိတတ်နိုင်သမျှ မိသားစု၏ ကောင်းကျိုးအတွက် အချိန်ပေး ကူညီနိုင်အောင် ကြိုးစားပေးပါ။

ကရကဋ်ရာသီခွင် – Cancer ( June 19 to 25 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။

ယုံကြည်မှု အားကောင်းနေသောကြောင့် ဆုံးဖြတ်ချက်များကို အလျင်အမြန် ချမှတ်နိုင်ပါလိမ့်မယ်။

အထူးသဖြင့် ဤကာလအတွင်း Cancer ရာသီခွင် အမျိုးသမီးများ ‌အနေနဲ့ ငွေကြေးကိစ္စများ ပြောဆိုဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရန် လိုအပ်ပါမယ်။ တခြားသူများထံမှ ငွေကြေး အကူအညီ တောင်းဆိုမှုများ ရှိလာနိုင်ပါတယ်။

သိဟ်ရာသီခွင် – Leo ( June 19 to 25 )

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ သို့သော် အခါအားလျော်စွာ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးကြောင့် မိမိ၏ ပုံရိပ်ကို ထိခိုက်စေရုံသာမက ငွေကြေး ဆုံးရှုံးမှုကို ခံစား‌ရစေနိုင်ပါတယ်။

ဤကာလအတွင်း Leo ရာသီခွင်တို့၏ မိသားစုဘဝတွင် အပြုသဘောဆောင်သော ရလဒ်များစွာကို ယူဆောင်လာမည်ဖြစ်ပြီး အိမ်တွင်းရေး ဖိစီးမှုများမှ သက်သာရာ ရရှိပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( June 19 to 25 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများမှ ဝေးဝေးနေထိုင်ရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း ငွေကြေး သုံးစွဲမှုနှင့် ပက်သက်၍ ဂရုစိုက်ပေးရပါမယ်။‌ ငွေကြေး ချေးငှားမှုတို့ကို မပြုလုပ်ပါနှင့်။ မဟုတ်ပါက ဘဏ္ဍာရေး အကျပ်အတည်းတို့ကြောင့် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ယခုအပတ်တွင် အသွားအလာတို့ကြောင့် မိဘများထံမှ ဆူပူကြိမ်းမောင်းခြင်းကို ခံရနိုင်ပါတယ်။ မိမိ၏ စိတ်ခံစားချက်ကို ထိခိုက်စေသည့် အပြင် မိသားစုပတ်ဝန်းကျင်တွင်ပါ အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် မိမိ၏ အပြုအမူနှင့် ပက်သက်၍ ဆင်ခြင်ပေးပါ။

တူရာသီခွင် – Libra ( June 19 to 25 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်နေနိုင်ပါမယ်။ မိမိ၏ အလုပ်ကိစ္စတစ်ခုတည်း မဟုတ်ဘဲ ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးအရ တိုးတက်မှုနှင့် အတူ ကောင်းမွန်သော အမြတ်အစွန်းများကို ရရှိနိုင်ပါမယ်။

သို့သော် မိသားစုရေးရာ ကိစ္စရပ်နှင့် ပက်သက်၍ မိမိတတ်နိုင်သမျှ ပြုလုပ်ပေးပါ။ မိသားစုဝင်များ၏ လိုအပ်ချက်များကို သိရှိအောင် ကြိုးစားပီး ပံ့ပိုးကူညီပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( June 19 to 25 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုတို့ကို ပြုလုပ်ပေးရပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေး အပြောင်းအလဲအချို့ ရှိနေတတ်သောကြောင့် ဂရုစိုက်ပေးရပါလိမ့်မယ်။ အဆီများသော အစားအစာများကို လျော့စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကောင်းမွန်နေသော်လည်း မလိုအပ်ဘဲ ငွေကြေး သုံးစွဲမှုများ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ဝင်ငွေနှင့် အသုံးစရိတ်များကြား မျှတအောင် ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ယခုအပတ်တွင် လက်တွေ့ကျကျ ဆုံးဖြတ်ချက်များကို ချမှတ်ပေးရပါလိမ့်မယ်။ အခြားသူများထံမှ အကူအညီများကို မျှော်လင့်နေမည့် အစား မိမိကိုယ်တိုင် ကြိုးစားအားထုတ်ပေးပါ။

ဓနုရာသီခွင် – Sagittarius ( June 19 to 25 )

ဤကာလအတွင်း Sagittarius ရာသီခွင်တို့သည် ကျန်းမာရေးအရ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သော အရာများးမှ ဝေးဝေးနေထိုင်ပေးပါ။

ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ ယခင်က ချေးငှားထားသော အကြွေးဟောင်းများ ပြန်လည် ရရှိတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှ ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ခြေ ရှိနေပါတယ်။

ဤကာလတစ်လျှောက်လုံး ညီအစ်ကို မောင်နှမများထံမှ ရံဖန်ရံခါ ပံ့ပိုးကူညီမှု ရရှိနိုင်မည် ဖြစ်ပြီး မိသားစုဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

မကာရရာသီခွင် – Capricorn ( June 19 to 25 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ စိန်ခေါ်မှုများ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ သို့သော် ကိုယ်လက်လှုပ်ရှားမှုကို အချိန်မှန် ပြုလုပ်ပေး ရပါလိမ့်မယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကြွင်းမဲ့ မယုံကြည်ပါနှင့်။ မဟုတ်ပါက ငွေကြေး ပြဿနာများ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိမိတတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါ။

ကုမ်ရာသီခွင် – Aquarius ( June 19 to 25 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးအရ ယခင်ထက် ပိုမိုအားနည်းနေပါမယ်။ အစားအသောက်နှင့် ပက်သက်၍ သတိထားပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများကို အချိန်မှန် ပြုလုပ်ပေးပါ။ အထူးသဖြင့် အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအရ ယခုအပတ်တွင် ပိုမိုကောင်းမွန်လာဖွယ် ရှိနေပါတယ်။ နယ်ပယ်များစွာမှ ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။

သို့သော် တစ်ချိန်တည်းမှာပင် မလိုလားအပ်သော အသုံးစရိတ်တို့ကြောင့် ပြဿနာများ ကြုံတွေ့ရတတ်ပါတယ်။

မိန်ရာသီခွင် – Pisces ( June 19 to 25 )

အထူးသဖြင့် ယခုအပတ်တွင် အိမ်နှင့် ဝေးကွာနေကြသော Pisces ရာသီခွင်များ အနေနဲ့ ကျန်းမာရေးကို ပိုမိုဂရုစိုက်ပေးရပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေသော်လည်း ရင်းနှီးမြုပ်နှံမှု တစ်ခုခုကို ပြုလုပ်လိုပါက အဖြစ်မှန်များကို ဦးစွာ အကဲဖြတ်ပြီးမှသာ ပြုလုပ်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

ယခုအပတ်တွင် မိသားစုဝင်များ အကြား ပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။