နေကြတ်ခြင်း

Astrology
နေကြတ်ခြင်း

ဧပြီလ (၈) ရက်နေ့ နေကြတ်ပါမယ်…။နေကြတ်တယ်ဆိုပေမယ့် ကျနော်တို့ဆီမှာတော့ ညဘက် အိပ်ချိန်ဖြစ်ပါတယ်…။
.
ဧပြီ (၈) ရက် ည (၁၀) နာရီ (၁၃) မိနစ်ကနေ ၊ (၉) ရက်နေ့မနက် (၃) နာရီ (၂၂) မိနစ်အတွင်း ကြတ်မယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်…။မြောက်အမေရိကတိုက်မှာရှိတဲ့ အမေရိကန် ၊ မက္ကဆီကို ၊ ကနေဒါ နိုင်ငံတွေကတော့ အပြည့်အဝမြင်ရမှာပါ…။

နေကြတ်တာကောင်းမကောင်း

မကောင်းပါဘူး…။ကမ္ဘာကြီးတစ်ခုလုံးအတွက်ရော ၊ ဒေသအလိုက် ၊ နိင်ငံအလိုက် ၊ တစ်ယောက်ချင်း တစ်ဦးချင်းအလိုက် မကောင်းပါဘူး…။
မှတ်မှတ်ရရ အဘမင်းသိင်္ခ ကွယ်လွန်တဲ့ ၊ ဤမြေကမ္ဘာက ပြန်လည်ထွက်ခွာသွားတဲ့ ၂၀၀၈ ခုနှစ် သြဂုတ်လ (၁) ရက်နေ့ဟာ နေကြတ်တဲ့နေ့ပါပဲ…။နေကြတ်နေတဲ့အချိန်မှာ အရေးကြီးကိစ္စတွေ မဆောင်ရွက်သင့်ပါဘူး…။
.
နေကြတ်နေတဲ့အချိန်မှာမိမိနှင့်တကွ တစ်မိသားစုလုံး အခိုက်အညံ့တွေပြေပျောက်ပြီးအန္တရာယ်ကင်း ဘေးရှင်းရလေအောင်မိမိတို့နေအိမ်မှာ ရှိနေတဲ့ ထီးစုတ် ၊ ဖိနပ်စုတ် ၊ နာရီအစုတ် ၊ အဝတ်အထည်အစုတ် ၊ အိုးစုတ် ခွက်စုတ်တွေကိုခြေရင်းဘက် သို့မဟုတ် နောက်ဖေးဘက်သို့ စွန့်ပစ်ရင်းဆုတောင်းပါလေ…။

Crdမင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

နေကြတ်ချိန်မှာရှောင်ကြဉ်ရန်များ

နေကြတ် နေချိန်အတွင်း အစားစားခြင်း ၊ ရေ သောက် ခြင်းရှောင်ပါ ။
နေကြတ်ပြီး နေရောင်သင့်တဲ့ အစားအသောက်များ မစားပါနဲ့ ။
နေကြတ်နေချိန်မှာ ထမင်းဟင်းချက်ခြင်း ၊ အစားအ သောက် ပြင်ဆင်ခြင်း မပြုပါနဲ့ ။
နေကြတ် နေချိန်အတွင်း ခရီးမသွားပါနဲ့ ။
အရေးကြီးတဲ့ အလုပ်အကိုင်၊ မင်္ဂလာအမှုတွေ မပြုရပါ ။
နေကြတ်ပြီးနောက် ရေချိုးခြင်း ၊ အဝတ်အစားအသစ်များ ဝတ်ဆင်ခြင်း ပြုသင့်ပါမယ် ။
အကြတ်အတည်းမှ လွတ်မြောက်စေသော ဂါထာ မန္တာန်များ အစီအမံများ စီရင်ခြင်း ၊ မွမ်းမံသိဒ္ဓိတင်ခြင်း တို့ကို ပြုလုပ်သင့်ပါမယ် ။
နေမင်း လမင်းနှင့် ဆိုင်သော အဆောင်များ အစီအမံများကို နေရောင် လွတ်ရာမှာ သိမ်းဆည်းသင့်ပါတယ် ။
တရားထိုင်ခြင်း ၊ ကျင့်ကြံခြင်း ၊ အလှူပြုခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် မင်္ဂလာ တိုးတက် စေပါမယ် ။
ကောင်းကျိုး ဆိုးကျိုး သိနား လည်စေရန် ရှေးဟောင်းဗေဒင်ကျမ်းမှ ကိုးကားဖော်ပြပါသည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။