ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ပြည်သူတယောက်အနေနဲ့ မေတ္တာပို့သစ္စာဆိုခဲ့တဲ့ အဆိုတော်လင်းလင်း

Celebrity Local News
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ပြည်သူတယောက်အနေနဲ့ မေတ္တာပို့သစ္စာဆိုခဲ့တဲ့ အဆိုတော်လင်းလင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ပြည်သူတယောက်အနေနဲ့ မေတ္တာပို့သစ္စာဆိုခဲ့တဲ့ အဆိုတော်လင်းလင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ပြည်သူတယောက်အနေနဲ့ မေတ္တာပို့သစ္စာဆိုခဲ့တဲ့ အဆိုတော်လင်းလင်း

လင်းလင်းကတော့ ပရိသတ်ချစ်နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်ပါတယ်။ ချစ်သု ဝေနဲ့လဲ အိမ်ထောင်ကျပြီး ခေတ်နဲ့ သစ်အမွှာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင် ထားတာဘဲဖြစ်ပါတယ်။ လင်းလင်းနဲ့ချစ်သုဝေက ပြည်သူနဲ့ တစ်သားတည်း ရပ်တည်ပြီး နိုင်ငံရေးအခြေအနေကြောင့် ရှောင်တိန်းနေရတာဖြစ်ပါတယ်။

ယနေ့ မှာတော့ အမေစုမွေးနေ့အတွက် အမေစုကို မွေးနေ့ဆုတောင်းပေးလာတာဖြစ်ပါ တယ်။ လင်းလင်းကတော့ ‘ကျနော့်ရဲ့ တော်လှန်ရေးစားပွဲပေါ်မှာ စစ်ကျွန်စနစ်မှာ ဝပ်တွားပြီး အာဏာရှင်အုပ်စုနဲ့ ကာယ၊ဉာဏ ငြိစွန်းတဲ့ အနုပညာအမည်ခံတွေကို ဘယ်တော့မှစောက်ဖက်လုပ်ဖို့ မရှိဘူး။ တော်လှန်ပြည်သူနဲ့ တသားထဲရှိတဲ့ အနုပညာသမားတွေကိုသာ အတတ်နိုင်ဆုံး တန်ဖိုးထားမယ်။


စစ်မိစ္ဆာရဲ့လမ်းညွှန်မှုအောက်ဝါဿနာကို လည်စင်းခံတဲ့ ဘောလုံးသမားနဲ့ အားကစားသမားတွေကို တသတ်လုံးစောက်ဖက်လုပ်ဖို့မရှိဘူး။ တော်လှန်ပြည်သူ နဲ့အတူ စာအုပ်တအုပ်ထဲမှာရှိတဲ့ ဘောလုံးသမားနဲ့အားကစားသမားတွေ အကြောင်းဘဲ တသတ်လုံး ဂုဏ်ယူဝင့်ကြွားစွာ မြိန်ရေယှက်ရေ ပြောဆိုမယ်။ အာဏာရှင်စစ်ကောင်စီအောက် အလိုတူအလိုပါ နိုင်ငံရေးပြဇာတ်တွေထွက်နေ တဲ့ နိုင်ငံရေးသမား(ဘယ်လိုသမိုင်းရှိရှိ) တွေကို တသတ်လုံးစောက်ဖက်လုပ်ဖို့ မရှိ ဘူး။ တော်လှန်ပြည်သူနဲ့အတူ တသားထဲရှိသော နိုင်ငံ့အရေးလုပ်ဆောင်နေတဲ့ မိသားစုများကိုသာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် စောင့်ရှောက်မယ်။

ခေတ်အ ရွေ့ကိုကြည့်ပြီး ဒီမိုကရေစီအော်ခဲ့သူတွေကို ဘယ်တော့မှ စောက်ဖက်လုပ်ဖို့မရှိဘူး။ ဘယ်အခြေနေရောက် ရောက် အသံထွက်၍ဖြစ်စေ၊ ရင်ထဲမှဖြစ်စေ လှိုက်လှိုက်လှဲလှဲ ဒီမိုကရေစီ လက်ခမောင်းခတ်သူတွေကို အတတ်နိုင်ဆုံး တန်ဖိုးထားမယ်။ ပြည်သူထဲက ပြည် သူတယောက်ဖြစ်တဲ့ ကျနော့်ရဲ့ ဒီသစ္စာနဲ့၇၈ နှစ်ပြည့် လူထုခေါင်းဆောင် ‘အမေ’ ဒေါ်အောင်ဆန်းစုကြံည်ကျန်းမာပါစေ မေတ္တာပို့ပါတယ် … (ဓာတ်ပုံလေးက ကိုယ်တိုင်ရိုက်မို့ ခရက်ဒစ်မထည့်ပါ)’ လို့မျှဝေလာပါတယ်။ ပြည်သူဘက်ကို ရပ်တည်ပေးတဲ့ လင်းလင်းနဲ့ ချစ်သုဝေလဲ အမြန်ဆုံး စိတ်ချမ်းသာကိုယ်ကျန်းမာပါ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။