ပရိသတ်တွေလက်ဆောင်ပေးထားတဲ့ ရင်ထိုးလေးကို သိန်း၁၀၀နဲ့ လေလံတင်ရောင်းချပြီး အမေစုမွေးနေ့အမှတ်တရ လှုဒါန်းခဲ့တဲ့ ဒေါင်း

Celebrity Local News
ပရိသတ်တွေလက်ဆောင်ပေးထားတဲ့ ရင်ထိုးလေးကို သိန်း၁၀၀နဲ့ လေလံတင်ရောင်းချပြီး အမေစုမွေးနေ့အမှတ်တရ လှုဒါန်းခဲ့တဲ့ ဒေါင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရိသတ်တွေလက်ဆောင်ပေးထားတဲ့ ရင်ထိုးလေးကို သိန်း၁၀၀နဲ့ လေလံတင်ရောင်းချပြီး အမေစုမွေးနေ့အမှတ်တရ လှုဒါန်းခဲ့တဲ့ ဒေါင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေလက်ဆောင်ပေးထားတဲ့ ရင်ထိုးလေးကို သိန်း၁၀၀နဲ့ လေလံတင်ရောင်းချပြီး အမေစုမွေးနေ့အမှတ်တရ လှုဒါန်းခဲ့တဲ့ ဒေါင်း

ပရိသတ်ကြီးရေ.. မင်းသား ဒေါင်းကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် အနုပညာနဲ့ ပတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားသူတစ် ယောက်ပဲဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးကာလမှာ တော့ ဒေါင်းဟာ သူယုံကြည်ရာလမ်းကို တစိုက် မတ်မတ်လျှောက်လှမ်းရင်း တော်လှန်ရေးအတွက် စိုက်မတ်မတ်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

ဇွန်လ (၁၉) ရက်နေ့မှာတော့ ဒေါင်းက ဒေါ်အောင် ဆန်းစုကြည်ရဲ့မွေးနေ့အမှတ်တရအဖြစ် ပရိသတ်တွေ ဆီက လက်ဆောင်ရရှိထားတဲ့ ရင်ထိုးလေးကို လေလံတင်ရောင်းချပြီး လှူဒါန်းသွားမယ်ဆိုပြီး ပြောလာ ခဲ့တာပဲဖြစ်ပါတယ်။

မွေးနေ့မှာဒေါင်းက “( ၁၉.၆၂၀၂၃) မှာ ကျရောက်မယ့် အမေ့ အမှတ်တရလေးတခုတော့လုပ်ပေးချင်လို့ အစီအစဉ်လေးတခု စဉ်းစားထားပါတယ်။ ကျွန်တော် ထိုင်းနိုင်ငံ TVGold Award ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မြန်မာ ပြည်မြေပုံ ရင်ထိုးလေးကို ဈေးအများဆုံးပေးတဲ့သူကို ရောင်းချင်ပါတယ်။ အဲ့ရင်ထိုးလေးက ပရိသတ်တွေ ကလက်ဆောင်ပေးထားတာလေးပါ။ ရောင်းရသမျှငွေ အားလုံးကို လိုအပ်တဲ့နေရာမှာအမေ့မွေးနေ့ အထိမ်းအမှတ်အဖြစ်လှူဒါန်းမှာဖြစ်ပါတယ်ခင်ဗျ။ ပေးလိုသောအလှူပမာဏကို အခုကစပြီး chat box တွင် လာရောက်ပြောထားပေးလို့ရပါတယ်ခင်ဗျ။ ” ဆိုပြီးကြေငြာထားရာ အဆိုပါရင်ထိုးလေးကို နောက်ဆုံးအပိတ်ဈေး ကျပ် သိန်း (၁၁၀) နဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေါင်းကတော့ ထိုင်းနိုင်ငံ TVGold Award ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ကျပ် သိန်း (၁၁၀) နဲ့ ရောင်းချပြီး အမေ့မွေးနေ့ အထိမ်းအမှတ်အဖြစ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။