ဦးနု၊ဦးနေဝင်း၊ဦးစောမောင် နဲ့ ဦးသန်းရွှေ စတဲ့ အစိုးရအကြီးအကဲဟောင်းတွေကို ဘွဲ့တံဆိပ်ပေးခဲ့တဲ့ စကစ

Local News

ဦးနု၊ဦးနေဝင်း၊ဦးစောမောင် နဲ့ ဦးသန်းရွှေ စတဲ့ အစိုးရအကြီးအကဲဟောင်းတွေကို ဘွဲ့တံဆိပ်ပေးခဲ့တဲ့ စကစ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဦးနု၊ဦးနေဝင်း၊ဦးစောမောင် နဲ့ ဦးသန်းရွှေ စတဲ့ အစိုးရအကြီးအကဲဟောင်းတွေကို ဘွဲ့တံဆိပ်ပေးခဲ့တဲ့ စကစ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


လွတ်လပ်ရေးရပြီး ၇၅ နှစ်အတွင်း နိုင်ငံ့ကောင်းကျိုးထမ်းဆောင်ခဲ့လို့ဆိုပြီး အစိုးရအကြီးအကဲဟောင်းတွေနဲ့ စစ်ဘက်နယ်ဘက်ကပုဂ္ဂိုလ်တွေကို စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ဒီကနေ့မှာ ချီးမြှင့်လိုက်ပါတယ်။


မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် နိုင်ငံတော်ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့နဲ့အတူ သမ္မတဟောင်း ဦးစန်းယုတို့ကို အဂ္ဂမဟာသရေစည်သူဘွဲ့ပေးခဲ့တာပါ။
ဦးနု၊ ဦးစန်းယု နဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် တို့ကို အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ လည်း ထပ်ပေးပါတယ်။


လက်ရှိစစ်ခေါင်းဆောင်တွေရဲ့ ဆရာသမားလို့ဆိုနိုင်တဲ့ သက်ရှိထင်ရှားရှိနေဆဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုပါ ဘွဲ့ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီးထုတ်တဲ့ ဒီအမိန့်ကြော်ငြာစာမှာ သူ့ကိုယ်တိုင်လည်း ဘွဲ့တံဆိပ်ရရှိတဲ့အထဲ ပါဝင်ခဲ့ပြီး သတိုးသီရိသုဓမ္မဘွဲ့ကို ချီးမြှင့်ထားတာပါ။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူနဲ့အတူ ယာယီသမ္မတ ဦးမြင့်ဆွေကိုပါ သတိုးသီရိသုဓမ္မဘွဲ့ကို ချီးမြှင့်ထားပါတယ်။
စစ်ကောင်စီရဲ့ ဘွဲ့တံဆိပ်ချီးမြှင့်တဲ့စာရင်းထဲ အရပ်ဘက်၊စစ်ဘက်ခေါင်းဆောင်ဟောင်းအမြောက်အများသာမက စစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့၊ အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တိုင်ရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့ နဲ့အတူ အနုပညာရှင်အမြောက်အများကိုပါ ပေးအပ်ထားတာတွေ့ရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။