အဆိုတော်ကြီးဖြစ်တဲ့တိုင်အောင် အမေထည့်ပေးတဲ့ ထမင်းချိုင့်ကိုအားရပါးရစားတတ်တဲ့ အစ်ကိုဖြစ်သူရေမွန်အကြောင်း သတိတရပြောပြခဲ့တဲ့ လပြည့်ကဗျာ

Celebrity Local News
အဆိုတော်ကြီးဖြစ်တဲ့တိုင်အောင် အမေထည့်ပေးတဲ့ ထမင်းချိုင့်ကိုအားရပါးရစားတတ်တဲ့ အစ်ကိုဖြစ်သူရေမွန်အကြောင်း သတိတရပြောပြခဲ့တဲ့ လပြည့်ကဗျာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော်ကြီးဖြစ်တဲ့တိုင်အောင် အမေထည့်ပေးတဲ့ ထမင်းချိုင့်ကိုအားရပါးရစားတတ်တဲ့ အစ်ကိုဖြစ်သူရေမွန်အကြောင်း သတိတရပြောပြခဲ့တဲ့ လပြည့်ကဗျာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်ကြီးဖြစ်တဲ့တိုင်အောင် အမေထည့်ပေးတဲ့ ထမင်းချိုင့်ကိုအားရပါးရစားတတ်တဲ့ အစ်ကိုဖြစ်သူရေမွန်အကြောင်း သတိတရပြောပြခဲ့တဲ့ လပြည့်ကဗျာ

ပရိသတ်ကြီးရေ.. လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Idiots အဖွဲ့ဝင်ရေမွန် ကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ ရုတ်တရက်ကွယ်လွန် သွားခဲ့တာပဲဖြစ်ပါတယ်။ လာမယ့် ဇွန်လ (၂၃) ရက်နေ့ ဆိုရင် ရေမွန်ကွယ်လွန်တာ (၂) နှစ်တိတိပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေမွန့်ကိုချစ်ကြတဲ့ ပရိသတ်တွေနဲ့ မိသားစုဝင်တွေကတော့ ယနေ့အချိန်ထိ သတိရနေကြဆဲဖြစ်ပြီး ရေမွန့်ရဲ့ညီမ လပြည့်ကဗျာက ဒီကနေ့မှာ သူမရဲ့အစ်ကိုနဲ့ပတ်သက်ပြီး အမှတ်ရစရာ အချို့ကိုပြန်ပြောလာခဲ့ပါတယ်။

လပြည့်ကဗျာက “2019 လောက်တုန်းက အပြင်မှာ ရိုက်ကူးရေးလား ပွဲလားမသိဘူး။ အဲ့မှာ အမေထည့် ပေးလိုက်တဲ့ ထမင်းချိုင့်လေးဖွင့်ပြီး အားရပါးရစားနေ တဲ့ပုံလေး သတိရလို့.. ဘပီ စမ်းချောင်းမှာနေတုန်းကဆို တပတ်ကို ၄ ရက်လောက် ထမင်းချိုင့်သွားသွားပို့ရ တယ်။

Interview တစ်ခုမှာ အကြိုက်ဆုံး အမေချက်ပေးတဲ့ ထမင်းနဲ့ဟင်းပါလို့ဖြေထားတာလေး ကြားတော့ အမေ့မှာ အားတွေပိုတက်သွားပြီး မအားတဲ့ ကြားထဲက ထမင်းချိုင့်ကို ၇ လွှာထိ တက်တက်ပို့ပေးရ တယ်။ တခါတလေကျရင် ပြူးစိန် ညည်းမာလာရှမ်း ကော ချက်ပါလား ဆိုပြီးပြောတော့ ဈေးထဲအသားငါး တွေ ဝယ်ချက်ပြုတ်ပြီး နောက်နေ့သွားပို့ပေးရသေး တယ်။ အခုချိန် အမေ့လက်ရာ ကြက်သားနဲ့ အုန်းထမင်း / ကြက်ဘူးကာလသားချက်၊ ဝက်သားအာလူး အကြိုက်ဆုံးဟင်းလေးတွေ ချက်ဖြစ်တဲ့အခါကျရင်လဲ စိတ်ထဲကျွေးချင်စိတ်လေးတွေပေါ်လာပြီး အမြဲသတိရ ပါတယ်ဘပီလေးရေ … “ဆိုပြီး အမှတ်တရပြောလာခဲ့ပါတယ်။

ရေမွန့်ရဲ့မေမေ ခင်မြတ်မွန်ကတော့ သားသမီးတွေကို ဟင်းတွေချက်ကျွေးရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး ရေမွန်နဲ့ လပြည့်ကဗျာတို့ မောင်နှမတွေကလည်း အမေ ချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို မက်မက်မောမောစား သောက်တတ်သူတွေဖြစ်ပါတယ်။ အဲ့ဒီအတွက် လပြည့် ကဗျာက မေမေချက်ကျွေးတဲ့ ထမင်းဟင်းတွေစားတိုင်း အစ်ကိုကြီးရေမွန်ကို သတိရမယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။