အမေရိကန် – အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်းကိုဆွေးနွေးမယ်လို့ အမေရိကန်ပြော

International News Local News

အမေရိကန် – အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်းကိုဆွေးနွေးမယ်လို့ အမေရိကန်ပြော
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန် – အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အကျပ်အတည်းကိုဆွေးနွေးမယ်လို့ အမေရိကန်ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲဖြစ်တဲ့ အမေရိကန် – အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ဟာ အာဆီယံခေါင်းဆောင်တွေနဲ့အတူ မြန်မာ့အရေး ဆွေးနွေးကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်က ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းလိုအပ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးတွေနဲ့အတူ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများအပါအဝင် ဒေသတွင်းစိန်ခေါ်မှုဆိုင်ရာ‌တွေကိုဆွေးနွေးမယ်လို့ ဆိုပါတယ်။

” ဒေသတွင်း လုံခြုံရေးအပါအဝင် အာဆီယံရဲ့လူဦးရေ တစ်ဘီလီယံအတွက်သာယာဝပြောရေး အာမခံချက်ကလည်း အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမှာအရေးပါပြီး ဒီအတွက်အလေးပေးဆွေးနွေးကြမယ်” လို့ နက်ဒ်ပရိုက်ကပြောပါတယ်။

လက်ရှိမှာတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခွင့်မရသလို တဖက်မှာလည်းအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တရားဝင် ဆက်ဆံဖို့ အာဆီယံကို NUCC က နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့အိတ်ဖွင့်ပေးစာ ပေးပို့တိုက်တွန်းထားတာပါ။

ဒီထပ်သီးဆွေးနွေးပွဲဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မ္ဘောဒီးယားရဲ့ ဥက္ကဋ္ဌ သက်တမ်းအတွင်း နောက်ဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်သလို တောင်တရုတ်ပင်လယ်အရေး၊ ကပ်ရောဂါအရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးမယ်လို့ ပြောကြားထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။