အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်တဲ့အလုပ်နဲ့ တစ်နှစ်ကို ဒေါ်လာ ၁.၃ သန်းဝင်နေတဲ့သူ

International News
အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်တဲ့အလုပ်နဲ့ တစ်နှစ်ကို ဒေါ်လာ ၁.၃ သန်းဝင်နေတဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်တဲ့အလုပ်နဲ့ တစ်နှစ်ကို ဒေါ်လာ ၁.၃ သန်းဝင်နေတဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်တဲ့အလုပ်နဲ့ တစ်နှစ်ကို ဒေါ်လာ ၁.၃ သန်းဝင်နေတဲ့သူ

ဘရာဇီးလူမျိုးအမျိုးသားတစ်ဦးဟာ အမေရိကန်နိုင်ငံ၊ ဆန်ဒီရေဂိုမြို့မှာ အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်ပေးတဲ့လုပ်ငန်းကို လုပ်ကိုင်နေတာပါ။ ဂါဘရီရယ် ဖိုင်တိုဆာဆိုတဲ့ အဲဒီအမျိုးသားက သာမန်အိမ်မွေးခွေးတွေရဲ့အမွှေးကို သန့်ရှင်းပြင်ဆင်ပေးတဲ့သူမဟုတ်ပါဘူး။ သူက အိမ်မွေးခွေးတွေကို သစ်ကုလားအုတ်၊ ခြင်္သေ့၊ အာဖရိကတောလိုက်ကျားသစ်၊ ပိုကီမွန်ပုံစံဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

ဒီအလုပ်က သူ့အတွက် အိပ်မက်ဖြစ်တယ်။ အမေရိကန်ကို ကတ်ကြေး ၂ လတ်နဲ့ လာခဲ့တယ်။ အခုဆို သူဟာ ဒီအသက်မွေးဝမ်းကျောင်းအလုပ်က ဖြစ်နိုင်တယ်ဆိုတာ ကမ္ဘာကြီးကို ပြနိုင်ပါပြီ။ ခွေးမွှေးသန့်ရှင်းပြင်ဆင်ခြင်းလုပ်ငန်းမှာ သူ့ကို စတားဖြစ်အောင်လုပ်ပေးတဲ့အရာဖြစ်တဲ့အပြင် ငွေအများကြီးလည်းရှာနိုင်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီလုပ်ငန်းဟာ သူ့ကို ဒေါ်လာ ၁.၃ သန်းဝင် စေခဲ့တယ်။ ခွေးမွှေးသန့်ရှင်းပြင်ဆင်တာရဲ့ဈေးနှုန်းက ဒေါ်လာ ၅၀၀ ကနေ ဒေါ်လာ ၁၂၀၀ ဖြစ်ပြီး ပြင်ဆင်ပြီးဖို့က ၃ နာရီကနေ ၅ နာရီအချိန်ယူရပါတယ်။ ဒီအချိန်အတွင်း ခွေးလေးတွေကို အစာကျွေးပေးပြီး များများအနားယူစေပါတယ်။

အိမ်မွေးတိရစ္ဆာန်သန့်ရှင်းပြင်ဆင်တဲ့သူတွေက ခွေးတွေကို အခြားတိရစ္ဆာန်တွေနဲ့ တူစေဖို့ အပင်အခြေခံဆိုးဆေးတွေကို အသုံးပြုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဂါဘရီရယ်က ဒီလုပ်ငန်းနဲ့ TikTok မှာ ဖော်လိုဝါ ၂ သန်းနဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါ ၄ သိန်းရှိလာခဲ့ပြီး ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ စပွန်ဆာတွေဆီကနေ ဒေါ်လာ ၁၂၅၀၀၀ ရရှိခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။