သင့်ရဲ့(မွေးရက်နေ့ ) ပေါ်လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ

Astrology
သင့်ရဲ့(မွေးရက်နေ့ ) ပေါ်လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ရဲ့(မွေးရက်နေ့ ) ပေါ်လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ရဲ့(မွေးရက်နေ့ ) ပေါ်လိုက်ပြီးတော့ ကံကောင်းစေမယ့်အရောင်များနဲ့ ရှောင်ရမယ့်အရောင်များ

သင့်ရဲ့မွေးရက်နေ့ပေါ်လိုက်ပြီးတော့ကံကောင်းစေမယ့်အရောင်များနဲ့ရှောင်ရမယ့်အရောင်များတစ်ခါတစ်လေသဘာဝလွန်အကြောင်းအရာမျိုးတွေဆိုတာမယုံလို့လည်းမရပါဘူး။ ဒီတော့လိုအပ်တဲ့အခါမျိုးမှာအသုံးချနိုင်ဖို့အတွက် သင့်ရဲ့မွေးရက်နဲ့လိုက်ပြီးတော့ကံကောင်းစေမယ့်အရောင်တွေကဘယ်လိုမျိုးတွေလဲ၊အရေးကြီးတဲ့အချိန်မျိုးတွေမှာရှောင်ရမယ့်အရောင်တွေဟာဘယ်လိုအရောင်တွေဖြစ်မလဲဆိုတာလေးကိုဖော်ပြပေးသွားမှာပါ။ ကိုယ်မွေးတဲ့ရက်လေးနဲ့လိုက်ပြီးရှာရုံပဲနော်။

၁ရက်နေ့၊၁၀ ရက်၊၁၉နဲ့၂၈ရက်နေရဲ့လွှမ်းမိုးမှုအောက်မှာကျရောက်နေတဲ့၁ ဂဏန်းသမားတွေဟာလိမ္မော်ရောင်၊အဝါနဲ့ရွှေရောင်တွေကို သုံးနိုင်ပါတယ်။အမည်းနဲ့အနီတို့ကိုတော့ရှောင်ရှားပါနော်။

၂ ရက်နေ့၊ ၁၁ရက်၊၂၀နဲ့ ၂၉ရက်၂ဂဏန်းသမားတွေဟာသဘာဝကြီးရဲ့အုပ်စိုးမှုအောက်ကိုရောက်နေတဲ့အတွက်ကြောင့်အစိမ်းရောင်ဟာသူတို့အတွက်ကံအကောင်းဆုံးအရောင်တွေပါပဲ။ ဒီအပြင်သဘာဝအရောင်တွေထဲပါဝင်နေတဲ့ အပြာရောင်၊နို့နှစ်ရောင်နဲ့ငွေရောင်တို့ကိုလည်းသုံးဆောင်ဝတ်ဆင်နိုင်ပါတယ်။ ရှောင်သင့်တာတွေကတော့အနီ၊အမည်းနဲ့အပုတ်ရောင်တွေပါပဲ။

၃ရက်နေ့၊၁၂ရက်၊၂၁နဲ့၃၀ ရက် ၃ ဂဏန်းသမားတွေဟာ ကြာပန်းကပန်းရောင်၊ပန်းရောင်အစုံ၊လိမ္မော်ရောင်၊အနီရောင်အစုံ၊ ခရမ်းရောင်နဲ့အဝါရောင်တွေကတော့ကံကောင်းစေတဲ့အရောင်တွေပါ။ အထူးသဖြင့်လိမ္မော်နဲ့ပန်းရောင်ကိုဦးစားပေးဝတ်ဆင်နိုင်ပါတယ်။ အမည်းတို့အပြာနဲ့အစိမ်းတို့ကတော့ရှောင်ရမယ့်အရောင်တွေပဲဖြစ်ပါတယ်။

၄ရက်နေ့၊၁၃ရက်၊၂၂နဲ့၃၁ရက် ၄ဂဏန်းသမားတွေအတွက်ဆိုရင်တော့ အပြာရောင်တွေအကုန်လုံးဟာသင့်ရဲ့ကံကောင်းစေမယ့်အရောင်တွေပါပဲ။အချစ်ရေးဖြစ်ဖြစ်၊ပညာရေးဖြစ်ဖြစ်၊ကျန်းမာရေးဖြစ်ဖြစ်ဘယ်လိုအရေးမှာကိုမဆို ကံရဲ့အထောက်အပံ့ကိုယူဖို့အသုံးပြုနိုင်ပါတယ်။

၅ရက်နေ့ ၁၄နဲ့၂၃ရက် ၅ဂဏန်းသမားတွေကတော့ အမည်းနဲ့အစိမ်းပုတ်အရောင်တွေကလွဲရင် မီးခိုးရောင်နဲ့အရောင်ဖွေးဖွေးဖျော့ဖျော့လေးတွေက သင့်အတွက်ကံကောင်းတဲ့အရောင်တွေပါပဲ။ မီးခိုးရောင်ကတော့အောင်မြင်မှုကိုယူဆောင်လာပါလိမ့်မယ်။
၆ရက်နေ့၊၁၅နဲ့၂၄ရက် ၆ဂဏန်းသမားတွေကတော့ အပြာနဲ့အစိမ်းရောင်ခပ်ပုတ်ပုတ်အရောင်တွေဟာ အဆင်အပြေဆုံးအရောင်တွေပါပဲ။ဒါပေမဲ့အရေးကြီးတဲ့အချိန်တွေအမှာတော့ အဖြူ၊အဝါနဲ့ပန်းရောင်တွေကိုရှောင်ပါနော်။

၇ရက်နေ့၊၁၆ရက်နဲ့၂၅ရက် ၇ ဂဏန်းသမားတွေအတွက်ဆိုရင်တော့အစိမ်းနု၊ရင့်ကြိုက်တဲ့အစိမ်းရောင်မှန်သမျှကိုဝတ်ဆင်အသုံးပြုပါအနီနဲ့အနက်ကိုတော့ရှောင်ကျဉ်ပါနော်။ နောက်မိုးပြာရောင်နဲ့အဝါရောင်ဟာလည်းကံကောင်းစေနိုင်ပါသေးတယ်။

၈ရက်နေ့၊၁၇နဲ့၂၆ရက် ၈ဂဏန်းသမားတွေကတော့ အရေးကြီးတဲ့နေရာတွေမှာအမည်းရောင်၊အနီနဲ့ ကြက်သွေးရောင်တွေကို ရှောင်ပါ။ အဝါရောင်ကတော့ ၈ကဏန်းသမားတွေအတွက်အကောင်းဆုံးပါပဲ။ အထူးသဖြင့်ယုံကြည်မှုတည်ဆောက်ဖို့နဲ့အခွင့်အလမ်း၊အောင်မြင်မှုနဲ့သက်ဆိုင်တဲ့နေရာတွေမှာဂရုတစိုက်ဝတ်ဆင်ပါ။ ရှောင်ရမယ့်အရောင်တွေကတော့အမည်းနဲ့အနီတွေပါပဲ။

၉ရက်နေ့၊၁၈နဲ့၂၇ရက် ၉ဂဏန်းသမားတွေအတွက် အနီရောင်ခပ်ရဲရဲကတော့ အကောင်းဆုံးသောအရောင်တွေပါပဲ။ရှောင်ရမယ့်အရောင်တွေကတော့အဖြူရောင်နဲ့အရောင်နုတွေပဲဖြစ်ပါတယ်။ဒါကတော့၉ကဏန်းသမားတွေပေါ့။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။