အဆိုတော်၊ YouTuber ကောင်မလေးနဲ့ မင်းသားချောပတ်ဆိုးဂျွန်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာ

Celebrity International News
အဆိုတော်၊ YouTuber ကောင်မလေးနဲ့ မင်းသားချောပတ်ဆိုးဂျွန်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော်၊ YouTuber ကောင်မလေးနဲ့ မင်းသားချောပတ်ဆိုးဂျွန်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်၊ YouTuber ကောင်မလေးနဲ့ မင်းသားချောပတ်ဆိုးဂျွန်တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိလာ

မြန်မာပရိသတ်တွေ အားပေးနှစ်ခြိုက်ကြတဲ့ တောင်ကိုရီးယားမင်းသားချော ပတ်ဆိုးဂျွန်က လက်ရှိမှာ အဆိုတော်၊ YouTuber xooos (ကင်ဆိုးယွန်း) နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထွက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေဆိုတာကို သူတို့ရဲ့ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေကို အချင်းချင်းမိတ်ဆက်ပေးထားပြီး အခြားအတွဲတွေလိုပဲ မကြာခဏ ဒိတ်ဖြစ်ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အခု ဒီသတင်းနဲ့ပတ်သက်ပြီး ပတ်ဆိုးဂျွန်ရဲ့အေဂျင်စီ Awesome ENT က အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့အနုပညာရှင်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အတည်ပြုပေးဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး နားလည်ပေးကြပါ”လို့ ဆိုပါတယ်။ အဆိုတော်၊ YouTuber xooos ရဲ့အေဂျင်စီ WAVY ကလည်း အတည်ပြုပေးဖို့ ခက်ခဲတယ်လို့ပဲ အလားတူပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ပတ်ဆိုးဂျွန်က သူ ပါဝင်ထားတဲ့ ရုပ်ရှင်ကားသစ်တွေဖြစ်တဲ့ “Concrete Utopia” နဲ့ “The Marvels” ရုံတင်ပြဖို့ စောင့်ဆိုင်းနေပါတယ်။ xooos က ၁၉၉၄ ခုဖွားဖြစ်ပြီး Subscribers ၁.၅ သန်းရှိတဲ့ အဆိုတော်၊ YouTuber တစ်ယောက်ပါ။ သူက ၂၀၁၅ ခုနှစ်ရဲ့ The Producers ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်က “MIXNINE” idol survival show မှာလည်း ပါဝင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။