မာဝီတောမီးသင့်ခဲ့ရတဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီး ရွက်သစ်တွေထွက်လာပြီ

International News
မာဝီတောမီးသင့်ခဲ့ရတဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီး ရွက်သစ်တွေထွက်လာပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မာဝီတောမီးသင့်ခဲ့ရတဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီး ရွက်သစ်တွေထွက်လာပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မာဝီတောမီးသင့်ခဲ့ရတဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ညောင်မုတ်ဆိတ်ပင်ကြီး ရွက်သစ်တွေထွက်လာပြီ

လာဟိုင်နာမြို့ရဲ့သမိုင်းဝင်အပင်ကြီးဟာ ဩဂုတ်လက မာဝီတောမီးလောင်ကျွမ်းမှုအတွင်း မီးဘေးသင့်ခဲ့ရပေမဲ့ အခုလထဲမှာ ရွက်သစ်တွေ၊ အဖူးသစ်တွေထွက်ပြီး ပြန်လည်ရှင်သန်လာတဲ့လက္ခဏာပြနေပါပြီ။ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးဟာ အဖူးသစ်တွေများစွာရှိနေတယ်ဆိုတာကို စက်တင်ဘာ ၁၃ ရက်နေ့က ဟာဝိုင်အီရဲ့မြေယာနဲ့ သဘာဝအရင်းအမြစ်ဌာနရဲ့ဗီဒီယိုမှာ ပြသခဲ့တာပါ။

မီးလောင်ကျွမ်းစဉ်အတွင်း ကုက္ကိုပင်ကြီး ၂ ပင်က ညောင်မုတ်ဆိတ်ပင်ကြီးကို ကာကွယ်ပေးခဲ့တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားကြောင့် Maui County Arborist Committee ရဲ့ ဥက္ကဌ ဒိန်းစပါ့မန်းက ပြောပါတယ်။ အပင်တစ်ပင်လုံးက အပင်ပုံစံကောင်းနေပေမဲ့ မီးလောင်ပြီးတဲ့နောက်မှာ ညောင်မုတ်ဆိတ်ပင်ကြီးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ဖယ်ရှားပစ်ဖို့ လိုအပ်ခဲ့ပါတယ်။

အယ်လဖားဖားပင်ကို ညောင်မုတ်ဆိတ်ပင်ကြီးရဲ့အရွက်စနစ် ပြန်လည်ရှင်သန်အောင် အကူအညီဖြစ်ဖို့ အသုံးပြုခဲ့ပြီး အပင်ထဲကို ရေက ဘယ်လိုရွေ့လျားသွားလဲဆိုတာ ဆုံးဖြတ်ဖို့ အပင်သစ်ကိုင်းတွေမှာ အထူးစောင့်ကြည့်ရေးစက်တွေထားရှိခဲ့တာပါ။ အောက်ဆီဂျင်ကိုလည်း မြေဆီလွှာထဲ ထည့်ခဲ့ရပါတယ်။

ဒီညောင်မုတ်ဆိတ်ပင်ကြီးကို လာဟိုင်နာမြို့ရဲ့ပထမဆုံးပရိုတက်စတင့်မစ်ရှင် နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ၁၈၇၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ စိုက်ခဲ့တာပါ။ အဲ့ဒီကတည်းကစပြီး ပေ ၆၀ ကျော်မြင့်တဲ့ ဒီအပင်ကြီးက လာဟိုင်နာရဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။