ကာမအားနည်းရောဂါ အမျိုးမျိုးအတွက် အစွမ်းထက်ဆေးမြီးတိုများ

Health
ကာမအားနည်းရောဂါ အမျိုးမျိုးအတွက် အစွမ်းထက်ဆေးမြီးတိုများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကာမအားနည်းရောဂါ အမျိုးမျိုးအတွက် အစွမ်းထက်ဆေးမြီးတိုများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာမအားနည်းရောဂါ အမျိုးမျိုးအတွက် အစွမ်းထက်ဆေးမြီးတိုများ


အမျိုးသားများ ကြုံတွေ့နေရသော ရောဂါအချို့မှာ အချိန်မတိုင်မီ သုက်လွတ်စောခြင်း၊ ပန်းthayခြင်း၊ ပန်းညှိုး၊ သုက်လွတ်မြန်ခြင်းအပြင် အခြားသော လိင်ပိုင်းဆိုင်ရာအားနည်းမှုများ ရှိနေတတ်သည်။ အဆိုပါ လက္ခဏာရပ်များကိုခြုံပြောရပါမူ ကာမအားနည်းရောဂါဟု ဆိုရပါမည်။

သုက်လွတ်မြန်ခြင်း၊ ပန်းthayခြင်း
ကသစ်

ကသစ်အပွင့် နှင့် အမြစ်ကို ဆတူယူ၍ ထုထောင်းပြီး ရရှိသောအဖတ်များကို နွားနို့စစ်စစ်တွင် စိမ်ပါ။ ရရှိသော နို့စိမ်ရည်ကို နံနက်တစ်ကြိမ်၊ ည နေတစ်ကြိမ် သောက်ပေးပါ။ (၇)ရက်မှ (၄၅)ရက်ထိ နေ့စဉ်သောက်ပေးပါ။

ခံတက်ရွက်

ခံတက်ရွက်ကို ငါးဖယ်သားဖြင့် သုပ်စားပေးပါအမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းကို သက်သာပျောက်ကင်းစေသည်။

သုတ်အားနည်းခြင်း

မန်ကျည်းစေ့ကို တစ်ညတာရေစိမ်ပါ။ အပေါ်ခွံများ ချွတ်ပြီး အဆံကို ညက်အောင်ကြိတ်၍ ကြံသကာစစ်စစ်ဖြင့် မန်ကျည်းစေ့ (၁)ဆ ကြံသကာ (၃)ဆ ရောစပ်ထားပါ။ နေတွင် ခြောက်သွေ့ရန် လှန်းထားပါ။ ကောင်းစွာခြောက်ပါလျှင် ပုလင်းတစ်လုံးထဲ ထည့်ထားပါ။ နံနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်ဖက်စားဇွန်းလေးဖြင့် မှန်မှန်သောက်ပေးပါ။ စံချိန်မီသော အမျိုးသားတစ်ဦးကဲ့သို့ အိမ်ထောင်ရေးသုခ ပေးဆောင်နိုင်ပါကြောင်း လေ့လာဖူးသော တိုင်းရင်းဆေး သုတတစ်ခုအား ပြန်မျှဝေပါသည်။

ပန်းသေရောဂါ

ကညွတ်ဥ သတ္တုရည်တစ်ခွက်နှင့်ဖန်ခါးသီးတွဲဖက်စားသုံးပါကပျောက်ကင်းချမ်းသာမည်။ကာမဆန္ဒအားနည်းပါက ကညွတ်ဥကိုနှမ်းဆီဖြင့်ကြော်စားပါ။

သုက်ပျက်ရောဂါ

သုက်ရည်အလိုအလျောက် စီးကျနေသောရောဂါဖြစ်သည်။ ဒူလာသရောနာဟုလည်းခေါ်သည်။ ခွေးလှေးယားသီးအနု(အယဉ်သီး)ကို နွားနို့နှင့်ကျို ပျားရည်အနည်းငယ်ရောစပ် သောက်ပါ။ ခွေးလှေးယားသီးစေ့အခြောက် တကျပ်သား၊ မိကျောင်းကွမ်းဖတ်တကျပ်သား၊

မှန်ရောင်သကြားခဲ နှစ်ကျပ်သားတို့ကို ရောစပ်အမှုန့်ပြုလုပ်၍ နှစ်ပဲသားခန့်ကို နွားနို့ပူပူနှင့်သောက်ပါ။ ညအိပ်ရာဝင်ချိန်သောက်လျင် အိမ်မက်မက်၍ သုက်လွတ်သောရောဂါများပါ သက်သာပျောက်ကင်းပါသည်။

ကြွက်နားပေါင်းရွက်ခြောက်နှင့် ကြစုသီးကို အမှုန့်ပြုလုပ်၍ ထောပတ်နှင့်ကြော်ပြီး နွားနို့ပူပူနင့် ရောသောက်ပါ သုက်ရည်ယိုရောဂါ၊အိမ်မက်သုက်လွတ်ရောဂါ နှစ်မျိုးလုံးအတွက်ကောင်းသည်။

သုတ်လွတ်/မြန်ရောဂါ

ခွေးလှေးယားစေ့၊ဆူးလေစေ့၊ရှဉ့်မတက်ဥ၊ကြစုသီး ထိုလေးမျိုးကိုအမှုန့်ပြုပြီးနွားနို့နှင့်သောက်ပါ။ ခရာပင်၏အမြစ်ကိုမှန်ရောင်သကြားနှင့် ရောကျိုပြီးအကြမ်းပန်းကန်တစ်လုံးစာ ညအိပ်ရာဝင်ချိန်သောက်ပါ။ ဂျိုးခြေ၏အမြစ်ကို အမှုန့်ပြုလုပ်ပြီး နွားနို့နှင့်သောက်ပါက သုက်လွတ်မြန်ခြင်းကို တားဆီးနိုင်ပြီး စိတ်ကျေနပ်မှုကို ရရှိစေနိုင်သည့်အပြင် ဦးနှောက်နှင့်မှတ်ဉာဏ်ကို အားကောင်းစေသည်။

အိမ်မက်သုက်လွတ်ရောဂါ

ဂျူးမြစ် များများစားပေးပါ ချဉ်ရည်ဟင်း/အစိမ်းအတိုင်းတို့စားမြုပ်စားပေးပါကပျောက်သည်။

သုက်ခန်းခြင်း ရောဂါ

အသက်အလွန်ကြီးသောသူ လူအိုများဖြစ်တတ်သည် ရသဓာတ်ခမ်းခြောက်သောရောဂါဖြစ်သည်။ ကျွဲခေါင်းသီးကို အမှုန့်ပြုလုပ်ပြီး နွားနို့အစိမ်းတွင်စိမ်၍ သောက်ပါ။ထောပတ်နှင့်လည်း ရောစားနိုင်ပါသည်။ ဖီးကြမ်းငှက်ပျောသီးကို ပျားရည်၊နွားနို့တို့နှင့် ရောစပ်စားခြင်းဖြင့် သုက်ခန်းရောဂါသက်သာစေသည်။

သုက်အားနည်းရောဂါ

သုက်အားနည်းပါက သန္ဓေမအောင် ကလေးမရဖြစ်တတ်သည်။

ခွေးလှေးယားသီးအစေ့(အရိုင်းစေ့)ကိုနွားနို့နှင့်ပြုတ်၊ နေလှန်း အမှုန့်ပြု၍ပျားရည်နှင့်တေပြီး ဟင်းစားဇွန်းတစ်ဇွန်း နေ့စဉ်မှန်မှန် တလခန့်စွဲ၍မှီဝဲပါ။ ဆူးလေစေ့နှင့် ခွေးလှေးယားစေ့ နှစ်မျိုးကိုဆတူရော အမှုန့်ပြုပြီး နှစ်ပဲသားခန့် နွားနို့နှင့်သောက်ပါ။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။