သားကြီးဖစ်ဖစ်တုန် ရဲ့ရှင်ပြုပွဲမှာ မိသားစုအလိုက် ကြည်နူးပီတီဖြစ်ခဲ့ရတယ်ဆိုတဲ့ R-ဇာနည်

Celebrity Local News
သားကြီးဖစ်ဖစ်တုန် ရဲ့ရှင်ပြုပွဲမှာ မိသားစုအလိုက် ကြည်နူးပီတီဖြစ်ခဲ့ရတယ်ဆိုတဲ့ R-ဇာနည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သားကြီးဖစ်ဖစ်တုန် ရဲ့ရှင်ပြုပွဲမှာ မိသားစုအလိုက် ကြည်နူးပီတီဖြစ်ခဲ့ရတယ်ဆိုတဲ့ R-ဇာနည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သားကြီးဖစ်ဖစ်တုန် ရဲ့ရှင်ပြုပွဲမှာ မိသားစုအလိုက် ကြည်နူးပီတီဖြစ်ခဲ့ရတယ်ဆိုတဲ့ R-ဇာနည်

ပရိသတ်ကြီးရေ… အဆိုတော် Rဇာနည်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းနှစ်ဆယ် ကျော်တိုင် အောင်မြင်မှုကြီးကြီးမားမားရရှိထားသူတစ် ယောက် ဖြစ်ပါတယ်။ လက်ရှိအမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေရတဲ့ R ဇာနည်ဟာ သူရဲ့ မိသားစုအားလုံးကို အခြားသောသမာအာဇီဝကျတဲ့ အလုပ်နဲ့ ရှာဖွေကျွေးမွေးနေလျက်ရှိပြီး သူ့ရဲ့အဆိုတော် ဆိုတဲ့ ဂုဏ်ပုဒ်ကို ခဏတာခေါက်သိမ်းထားရတာပဲ ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ R ဇာနည်ဟာ သူ့ရဲ့ သားကြီး ဖြစ်တဲ့ ဖစ်ဖစ်တုန်ကို အမေရိကန်နိုင်ငံက မြန်မာ ဘုန်းကြီးကျောင်းမှာ မြန်မာ့ရိုးရာထုံးတမ်းဓလေ့တွေ အတိုင်း ရှင်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ R ဇာနည်က ကိုရင်ဇောတိက ဖြစ်သွားခဲ့တဲ့ သားကြီးဖစ် ဖစ်တုန်ရဲ့ ပုံရိပ်လေးနဲ့တကွ မိသားစုအမှတ်တရပုံရိပ် လေးကို အခုလိုပဲ ဖော်ပြပေးလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ.. R ဇာနည်တို့မိသားစုကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားပြီး ဘယ်နေရာရောက်ရောက်အများရဲ့ချစ်ခင်မှုကိုရရှိပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါ တယ်။ ပရိသတ်ကြီးလည်း R ဇာနည်တို့မိသားစု ပုံရိပ် လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါ တယ်နော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။