မမှည့်ခေါ်သင့်သောအမည်တွဲများ

Astrology
မမှည့်ခေါ်သင့်သောအမည်တွဲများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မမှည့်ခေါ်သင့်သောအမည်တွဲများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မမှည့်ခေါ်သင့်သောအမည်တွဲများ

အောက်မှာပါသည့် နာမည်အတွဲတွေကို သေချာသာ မှတ်ထားသင့်ပါတယ် ။ လုံး၀ မမှည့်သင့်ပါဘူး ။

မိမိတို့ရင်သွေးသည် ဘာနေ့သားသမီးပဲဖြစ်ဖြစ်…
တနင်္ဂနွေအစ … သောကြာနံ အဆုံး အမည်အမျိုးအစား ။
တနင်္လာနံအစ … စနေနံအဆုံး အမည်အမျိုးအစား ။
အင်္ဂါနံအစ ….တနင်္ဂနွေနံအဆုံး အမည်အမျိုးအစား ။
ဗုဒ္ဓဟူးနံအစ …တနင်္လာနံအဆုံး အမည်အမျိုးအစား ။
ကြာသပတေးနံအစ …အင်္ဂါနံအဆုံး အမည်အမျိုးအစား ။
သောကြာနံအစ ….ဗုဒ္ဓဟူးနံအဆုံးအမည်အမျိုးအစား ။
စနေနံအစ ….ကြာသပတေးနံအဆုံး အမည်အမျိုးအစား ။
စသော အမည်အမျိုးအစားတွေကို မမှည့်သည်က အကောင်းဆုံးဆိုတာ နားလည်ထားသင့်ပါတယ် ။

တစ်ချို့သော မွေးဇာတာတွေမှာ”ဆိုးအား အများအပြား မကျရောက်နိုင်ဘဲ ထိမ်းထားနိုင်သေးပေမယ့်လည်း” အချို့သော မွေးဇာတာရှင်ကလေးတွေမှာတော့ ဆိုးအားအလွန်များတတ်သော အဆင့်အထိ တွန်းပို့တတ်သည့် အမည်တွဲတွေပါ ။ ဆိုးပုံဆိုးနည်း နဲ့ ဆိုးမယ့် အချိန်ကာလအထိ အတိအကျ တွက်ယူလို့ရသည်အထိ ကျွန်တော်လေ့လာမှတ်တမ်း တင်ထားခဲ့ပြီးလည်း ဖြစ်ပါတယ် ။

ထိုအတွဲမျိုးတွေမှည့်တော့မယ်ဆိုတာနဲ့ မူလဇာတာအနေအထားကို သုံးသပ်ပြီး မဖြစ်သာမှ သို့မဟုတ် ထိုက်သင့်အားလျော်မှသာ နောက်ဆုံးအဆင့်ထားပြီး ရွေးပေးရသည့် အမည်တွဲမျိုးတွေပါ။

ဆိုတော့ မိဘအများစုအနေနဲ့ ကိုယ်တိုင်လည်း မသုံးသပ်နိုင် မဆုံးဖြတ်နိုင်ရင်ဖြင့် ၄င်းအမည်တွဲတွေကို သတိလေးထားပြီး ရှောင်ရှားနိုင်ရင်တော့ အမှားအနဲဆုံး အကောင်းဆုံး ဖြစ်ကြပါလိမ့်မယ်ခင်ဗျား ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။