တိုကျိုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချခဲ့တဲ့ Alibaba တည်ထောင်သူ ဂျက်မား

International News
တိုကျိုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချခဲ့တဲ့ Alibaba တည်ထောင်သူ ဂျက်မား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုကျိုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချခဲ့တဲ့ Alibaba တည်ထောင်သူ ဂျက်မား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တိုကျိုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချခဲ့တဲ့ Alibaba တည်ထောင်သူ ဂျက်မား

Alibaba တည်ထောင်သူ ဂျက်မားဟာ တိုကျိုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်မလာခင် အင်္ဂလိပ်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ သူက ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ နှစ်နာရီကြာ အထူးသီးသန့်ဆွေးနွေးပွဲမှာ ကျောင်းသား/သူတွေကို စီမံခန့်ခွဲမှုဆိုင်ရာအတွေးအခေါ်နဲ့ အောင်မြင်မှုရနိုင်ရေးနည်းလမ်းတွေကို သင်ကြားပေးခဲ့တယ်လို့ တိုကျိုတက္ကသိုလ်က ပြီးခဲ့တဲ့သောကြာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အခြားနေရာတွေက ကျောင်းသား/သူတွေကို ဂျက်မား စာပို့ချချက်တွေက သူ့ရဲ့ကြွယ်ဝတဲ့အတွေ့အကြုံနဲ့ စွန့်ဦးတီထွင်ဆန်းသစ်မှုဆိုင်ရာ အသိပညာတွေပေါ် အခြေခံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုကျိုတက္ကသိုလ်ဆွေးနွေးပွဲအပြီးမှာ ဂျက်မားက တရုတ်ပြည်မကြီးကို ပြန်လာခဲ့ပြီး စနေနေ့က ဟန်ကျိုးမြို့မှာ Alibaba ရဲ့သုတေသနအဖွဲ့က စီစဉ်တဲ့ သင်္ချာပြိုင်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ သူက ကမ္ဘာလုံးဆိုင်ရာသင်္ချာပြိုင်ပွဲရဲ့နောက်ဆုံးဆန်ကာတင်တွေနဲ့ စကားစမြည်ပြောဆိုခဲ့ပြီး ပြိုင်ပွဲက သင်္ချာဝါသနာပါသူတွေအတွက် ဆက်လက်ဆန်းသစ်သွားပြီး ပျော်ရွှင်စရာအသစ်တွေ ဆောင်ကြဉ်းပေးသွားမယ်လို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဂျက်မားက ဟောင်ကောင်တက္ကသိုလ်မှာလည်း ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ၃ နှစ်တာ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လမှာ အဆုံးသတ်မှာဖြစ်တယ်လို့ ဧပြီလက ကြေညာခဲ့ပါသေးတယ်။ တိုကျိုတက္ကသိုလ်မှာ မေလ ၁ ရက်နေ့က ပါမောက္ခဖြစ်လာခဲ့ပြီး အချိန်ကာလကတော့ အောက်တိုဘာ ၃၁ ရက်နေ့အထိပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။